Monday, February 19, 2018

လက်တွေ့အလုပ်လုပ်ပြမှသာ ပြည်သူ့ထောက်ခံမှုရမည်ဟု ဦးကိုကိုကြီးပြော


နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင် ရေး ပြည်သူ့ထောက်ခံမှုရရှိရန်လိုအပ်ပြီး လက်တွေ့ အလုပ်လုပ် ပြနိုင်မှသာ ပြည်သူ့ထောက်ခံမှု ရရှိမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦး ကိုကိုကြီးကပြောကြားသည်။
သာကေတမြို့နယ်တွင် ယမန်နေ့က ကျင်းပသည့် နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေး ကော်မတီ ရုံးခန်း ဖွင့်ပွဲအခမ်းအ နား၌ ဦးကိုကိုကြီးက အထက်ပါအတိုင်းပြောကြားခဲ့သည်။

‘‘ပြည်သူထောက်ခံဖို့ဆိုတာ စကားပြောကောင်းရုံ၊ အာဝဇ္ဇန်း ကောင်းရုံနဲ့ မရပါဘူး။ လက်တွေ့ ဘယ်လောက်လုပ်ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာ အကဲဖြတ်တာ ဖြစ်ပါတယ်။ စကားပြောကောင်း ရုံနဲ့ ရတယ်ဆိုရင်လည်း တစ်ပွဲ တိုးပဲရပါလိမ့်မယ်။ ရေရှည်မရ နိုင်ပါဘူး’’ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထို့ကြောင့် နိုင်ငံရေးပါတီအ ဖြစ် တရားဝင် ရပ်တည်ခွင့်ရပြီးပါ က လက်တွေ့ အလုပ်လုပ်နိုင်မည့် သူများကို ပါတီဝင်အဖြစ် စု ဆောင်းနိုင်ရန် လိုအပ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။ ဦးကိုကို ကြီးနှင့် ၈၈ မျိုးဆက် (ငြိမ်းပွင့်) အဖွဲ့ဝင်အချို့ အပါအဝင် နိုင်ငံ ရေးမျိုးဆက်အသီးသီး ပါဝင်မည့် ပါတီကို ရှစ်လေးလုံးပါတီအမည် ဖြင့် တည်ထောင်ခွင့်ပြုရန် ၂၀၁၇ ဒီဇင်ဘာက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တင်ပြ ထားသည်။

ပါတီ တည်ထောင်ခွင့် လျှောက်ထားမှုနှင့်ပတ်သက်၍ အကြောင်းပြန်ကြားမှု မရှိသေး ကြောင်း ဦးကိုကိုကြီး က ပြော သည်။

‘‘အခုကတော့ ပြည်ထဲရေး ဝန်ကြီးဌာနကSB၊စီအိုင်ဒီ၊နောက် စသုံးလုံး၊ ပြီးတော့ လူဝင်မှုကြီး ကြပ်ရေးပေါ့။ အဲဒီအဖွဲ့အစည်း လေးခုက ကျွန်တော်တို့ပါတီတည် ထောင်လိုသူတွေနဲ့ ပတ်သက်တဲ့ နောက်ကြောင်း ရာဇဝင်တွေကို စိစစ်ပြီးတော့ ကော်မရှင်ကို ပြန် ပို့ထားတယ်လို့ သိရပါတယ်’’ဟု ၎င်းကပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ၊ နည်းဥပဒေ၊လုပ် ထုံးလုပ်နည်းများအရ ရှစ်လေး လုံးပါတီအဖြစ် တရားဝင်ရပ် တည်နိုင်ရေး လုပ်ငန်းစဉ်များ အ ပြီးသတ်ရန် လေးလခန့်ထပ်မံကြာ မြင့်နိုင်ကြောင်း ဦးကို ကိုကြီးကဆို သည်။

လက်ရှိတွင် နိုင်ငံရေးပါတီ တစ်ရပ် ဖြစ်မြောက်ရေးကော်မတီ က တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စည်းရုံးရေးလုပ် ငန်းများနှင့် ရုံးခန်းများဖွင့်လှစ်ခြင်း တို့ ဦးစားပေးဆောင်ရွက်နေပြီး မြို့နယ်အဆင့်တွင် သာကေတ မြို့နယ်၌ ပထမဆုံး ရုံးခန်းဖွင့် လှစ်နိုင်ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်အရ အထွေထွေရွေးကောက်ပွဲ နောက် ပိုင်းမှတ်ပုံ တင်ခွင့်ရသည့် ပါတီ များသည် ယင်းလွှတ်တော်သက် တမ်းအတွင်း ကျင်းပသည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိလျှင် ဆက်လက် ရပ်တည်ခွင့် ရှိမည်မဟုတ်ပေ။

ထို့ကြောင့် ရှစ်လေးလုံးပါတီ သည် လာမည့် ကြားဖြတ်ရွေး ကောက်ပွဲမတိုင်မီ တည်ထောင် ခွင့်ရပါက ရွေးကောက်ပွဲ၌ မဖြစ် မနေ အနည်းဆုံးမဲဆန္ဒနယ် သုံး နေရာ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

7Day


0 comments:

Post a Comment