Monday, February 26, 2018

သမိုင်းတစ်လျှောက် စိန်ခေါ်မှုအများဆုံးကြုံတွေ့နေသည့်ကာလဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


မြန်မာနိုင်ငံအနေ ဖြင့် လက်ရှိတွင် စိုးရိမ်စရာ ကောင်းသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ယင်းအခြေ အနေ များကြောင့် နိုင်ငံတကာ  အသိုင်းအ၀ိုင်းနှင့် ချိတ်ဆက်ဆောင်ရွက် မှုများ အားကောင်းအောင် လုပ်ရန် လိုအပ်လာကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က    ဒေါ် အောင်ဆန်းစုကြည်က    ပြော ကြားသည်။
‘‘မြန်မာနိုင်ငံအနေနဲ့ အခုအ ချိန်မှာ စိုးရိမ်ပူပန်စရာကောင်းတဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရ တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီစိန်ခေါ်မှုတွေဟာ စိုးရိမ်စရာအ ခြေအနေ ပိုဖြစ်လာလေလေ နိုင်ငံတကာ အသိုင်းအ၀ိုင်း နဲ့ ချိတ်ဆက်ဆောင်ရွက်မှုကို လေးနက် အားကောင်းအောင် လုပ်ဖို့ပိုပြီး လိုအပ်လာလေလေ ဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်က နေ ပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) တွင် ပြုလုပ် ခဲ့သော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက် မှုရှိစေရေးဆွေးနွေးပွဲ (Develop-ment Effectiveness Round-table) အဖွင့်မိန့်ခွန်း၌ ၎င်းက ယင်းသို့    ထည့်သွင်းပြောကြား သည်။

မြန်မာနိုင်ငံသည် အဓိပ္ပာယ် လေးနက် ပြည့်ဝသောပြောင်းလဲ မှုများဖြင့် ရှေ့သို့ဆက်လက် လျှောက် လှမ်းနေပြီး သမိုင်းတစ် လျှောက် စိန်ခေါ်မှုအများဆုံးကြုံ တွေ့နေရသည့် ကာလတွင် ရောက်ရှိနေကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆက်လက်ပြော သည်။

‘‘မြန်မာနိုင်ငံဟာ သမိုင်းတစ်လျှောက်အကူးအပြောင်း အလွန် ကာလမှာ စိန်ခေါ်မှုအများဆုံး ကြုံတွေ့နေရ တဲ့ အချိန်ကာလမှာ ရောက်ရှိနေပါတယ်။ အဲဒီစိန်ခေါ် မှုတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီခိုင်မာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုး သားရင်ကြားစေ့ရေးအတွက် ကတိက၀တ်တွေ ခိုင်မာအား ကောင်းလာစေမယ့် အခွင့်အလမ်းတစ်ခု ဖြစ်လာပါတယ်’’ ဟု ၎င်း က ဆိုသည်။

ဆွေးနွေးပွဲရည်ရွယ်ချက်

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုဆိုင် ရာ ထိရောက်မှုနှင့်ပတ်သက်၍ ပထမဆုံးကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပြည်တွင်း၊ ပြည်ပပုဂ္ဂိုလ်အဖွဲ့အစည်း များအား နိုင်ငံတော်၏အတိုင် ပင် ခံပုဂ္ဂိုလ်က ကျေးဇူးတင်ကြိုဆို ကြောင်း ပြောသည်။ ‘‘မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဆွေးနွေးပွဲကို ဒီနှစ် အစောပိုင်းမှာ ကျင်းပရတဲ့ ရည် ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တူညီ တဲ့ အနာဂတ်ရည်မှန်းချက်တွေနဲ့ ၂၀၁၈ ကို ကြိုဆိုပြီး ဖွံ့ဖြိုးမှု အကူအညီတွေကနေ ရည်မှန်း ချက်တွေကို အကောင်အထည် ဖော်နိုင်လာတဲ့အထိ ကျွန်မတို့အ တူတကွ ဘယ်လိုဆောင်ရွက်ကြ မလဲဆိုတာ ဆွေးနွေးနိုင်မယ့် အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ ယုံ ကြည်တဲ့အတွက် ဒီလိုကျင်းပရ တာ ဖြစ်ပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ဆွေးနွေးပွဲကျင်း ပရသည့် ရည်ရွယ်ချက်ကို ရှင်းပြ သည်။

ဆက်လက်၍ ‘‘မြန်မာနိုင်ငံ မှာ အတားအဆီး အခက်အခဲတွေရှိနေတဲ့ အချိန်မှာ ပြုပြင်ပြောင်း လဲရေးသမာေးတွက ရှေ့ဆက်တိုး ဖို့ လှုံ့ဆော်အားပေးလေ့ ရှိပါ တယ်။ နိုင်ငံတကာ အဆက်အ သွယ် နှစ်ပေါင်းများစွာ ဖြတ် တောက်ထားခြင်း ခံခဲ့ရတဲ့အချိန် မှာ တချို့တိုးတက်မှုဆုတ်ယုတ် ခဲ့ရတဲ့ ကျွန်မတို့ရဲ့ ဌာန၊ အဖွဲ့အ စည်းတွေကို ပြန်လည်အသက်ဝင် လာဖို့ အားအင်တွေ ဖြည့်ပေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့အ ကူအညီတွေဟာ တစ်ခါတစ်ခါ အရေးပါပြီး အားရစရာကောင်း တဲ့ အခန်းကဏ္ဍမှာရှိနေတာ ဖြစ် ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အ ရင်ထက်ပိုပြီး အခုလိုအပ်နေတာ ကတော့ နိုင်ငံတကာ အသိုင်းအ ၀ိုင်းတွေဆီက အကူအညီများပဲ ဖြစ်ပါတယ်’’ဟု အတိုင်ပင်ခံက ပြောသည်။

ထို့အပြင် လက်ရှိကြုံတွေ့ နေရသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင် ရာ စိန်ခေါ်မှုများနှင့်ပတ်သက်၍ ပွင့်လင်းစွာ၊ တူညီစွာဆွေးနွေးရာ တွင် မြန်မာ နိုင်ငံအတွက် ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အ ထောက်အကူ ဖြစ်စေမည့် အပြုသဘောဆောင်သော ချဉ်းကပ်မှု၊ ဆန်းသစ်ခိုင်မာသည့် ချဉ်းကပ်မှု နည်းလမ်းများ ပေါ်ထွက်လာ အောင် ဆွေးနွေးခြင်းအားဖြင့် အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချစေလိုကြောင်း အစည်းဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က အကြံ ပြုသည်။

ရခိုင်ပြည်နယ်အရေး

ဆောင်ရွက်မှု

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေးကော် မတီ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေး ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) တို့ ကို ဖွဲ့စည်းခြင်းသည် တစ် နိုင်ငံလုံးတွင် ရေရှည်တည်တံ့ခိုင်မြဲ သည့် ငြိမ်းချမ်းရေး၊ ကျယ်ပြန့် နက်နဲပြီး အားလုံးပါဝင်သည့် လူ မှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ် လာရေးအတွက် မြန်မာနိုင်ငံ အစိုးရက ချမှတ်ထားသည့် သန္နိ ဋ္ဌာန်အတွက် အထောက်အထား များဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က အခိုင်အမာပြောကြား သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ် သက်၍ ‘‘အားလုံးသိရှိကြတဲ့ အတိုင်း မကြာသေးမီကာလက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ်မှာ အဖွဲ့နှစ်ဖွဲ့ ပါဝင်လက်မှတ်ရေး ထိုးနိုင်ခဲ့တာကို ၀မ်းမြောက်ဝမ်း သာကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။ မကြာခင်မှာ ပင်လုံညီလာခံကျင်း ပနိုင်လိမ့်မယ်လို့လည်း မျှော်လင့် ပါတယ်’’ ဟု အတိုင်ပင်ခံက ဆို သည်။

၂၀၁၈ တွင် ဘဏ္ဍာရေးနှစ် ပုံစံသစ်ပြောင်းလဲခြင်းနှင့် အတူပြုပြင်ပြောင်းလဲမှုများ စတင်နေပြီး ဆွေးနွေးပွဲမှ ရရှိလာမည့် အခွင့်အလမ်းများကို အသုံးပြုရန် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်တိုက်တွန်း ပြောကြားသည်။

‘‘မြန်မာနိုင်ငံအနေနဲ့ ဒီက နေ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများ ကို ကျော်ဖြတ်လွန်မြောက်ဖို့ စိတ် အားထက်သန်ပါတယ်။ နောက် တစ်နေ့မှာ ရင်ဆိုင်ရမယ့် အခက် အခဲများကိုလည်း ကြိုဆိုလက်ခံ ပြီး ရင်ဆိုင်ကျော်ဖြတ်သွားမှာ ဖြစ်ပါတယ်’’ဟု အတိုင်ပင်ခံက ဆိုသည်။

ဆက်လက်၍ ‘‘ဒီလိုလုပ် ဆောင်ရာမှာ ဖွံ့ဖြိုးမှုမိတ်ဖက်အ ဖွဲ့များအားလုံးဟာ ကျွန်မတို့အ နားမှာ နီးနီးကပ်ကပ်ရှိနေကြမယ် လို့ ကျွန်မတို့မျှော်လင့်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားရာ မှာ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးမှုမိတ်ဖက် တွေကို ဘဏ္ဍာရေးအရင်းအမြစ် နဲ့ နည်းပညာအကူအညီအတွက် သာမက တစ်ခါတစ်ရံမှာ ကျွန်မ တို့ကို အားပေးလှုံ့ဆော်ပေးကြဖို့ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များ အား လုံးကို ကျွန်မတို့အားကိုးလိုပါ တယ်’’ဟု နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ကထည့်သွင်းပြော ကြားသည်။

ဆွေးနွေးပွဲသို့  မြန်မာနိုင်ငံ ၏ လူမှုရေး၊ စီးပွားရေးကဏ္ဍများ တွင် ပါဝင်ဆောင်ရွက်နေသည့် ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံ တကာမှ ပုဂ္ဂလိကအဖွဲ့အစည်း များ၊ အစိုးရမဟုတ်သော ပြည် တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း များ (INGOs)၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ တက်ရောက် သည်။

7Day

0 comments:

Post a Comment