Wednesday, February 21, 2018

အဂတိလိုက်စားမှုမှ တရားခံပြေးများအား ဖမ်းဆီးရမိနိုင်ရေး သတင်းပေးတိုင်ကြားနိုင်ရန် ကိုယ်ရေးအချက်အလက်များ ထုတ်ပြန်


ထွက်ပြေးတိမ်းရှောင်နေသည့် အဂတိလိုက်စားမှုမှ တရားခံပြေးများအား ဖမ်းဆီးရမိနိုင်ရေး သတင်းပေးတိုင်ကြားနိုင်ရန် အတွက် ကိုယ်ရေးအချက် အလက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးခဲ့သည့် အမှုများတွင် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ ၅၇၊ ၆၃ တို့အရ သက်ဆိုင်ရာ ရဲစခန်းများ၌ အမှုဖွင့်လှစ်၍ တရားစွဲဆို ခဲ့သော အမှုများအနက် တရားခံ (၁၂)ဦးမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ကော်မရှင်အနေဖြင့် အမှုများ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန်အတွက် တရားခံပြေး(၁၂)ဦး အား ဖမ်းဆီးရမိနိုင်ရေး အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်သို့ လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးများနှင့် ရဲစခန်းများသို့ လည်းကောင်း သတင်းပေး တိုင်ကြားနိုင်ရန် ၎င်းတို့၏ ဓာတ်ပုံများနှင့်အတူ ကိုယ်ရေး အချက်အလက်များအား ဖော်ပြထားခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။










 

The Ladies News

0 comments:

Post a Comment