Monday, February 19, 2018

သံဖြူဇရပ်ရှိ မြစိမ်းရောင်စေတီ ဝတ္တကမြေကို သိမ်းဆည်းထားသဖြင့် ဒေသခံ ၂၀၀ ခန့် ဆန္ဒထုတ်ဖော်


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ရှိ မြစိမ်း ရောင်စေတီ ဝတ္တကမြေတွင် မီးသတ်ရေကန် တည်ဆောက်ရန် သိမ်းဆည်းထားခြင်းနှင့် ပတ်သက်၍ သံဖြူဇရပ်မြို့တွင် ဖေ ဖော်ဝါရီ ၁၉ ရက်က လူအင်အား ၂၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒထုတ်ဖော်သူများသည် သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက် စစ်သင်္ချိုင်းရှေ့မှ စတင်စုဝေး၍ လမ်းမကြီး အတိုင်း စီတန်းလမ်း လျှောက်ကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော် သည်။

ဘာသာသာသနာ ကျူး ကျော်စော်ကားမှုများ ရပ်တန့် ရေး၊ ဂရန်မရှိဟု အကြောင်းပြ၍ မြစိမ်းရောင် ဘုရားမြေ သိမ်း ဆည်းမှု ရပ်တန့်ရေး၊ လုပ်ပိုင်ခွင့် ကို ခုတုံးလုပ်၍ ပြည်သူလူထုကို အနိုင်ကျင့်နေမှုများ ရပ်တန့်ရေး၊ ဘုရားဝတ္တကမြေ မတရားသိမ်း ဆည်းသော သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူးကို အရေးယူ ဆောင်ရွက်ရေး စသည့်ကြွေး ကြော်သံများဖြင့် ဆန္ဒထုတ်ဖော် သည်။

‘‘အဲဒီမြေက လွန်ခဲ့တဲ့ နှစ် ပေါင်းများစွာကတည်းက သမိုင်း ဝင် မြစိမ်းရောင်စေတီက မြေပါ ပဲ။ နဂိုကတည်းက အုတ်ရိုးအ ဟောင်းရှိတယ်။ မုခ်ဝအဟောင်း လည်းရှိတယ်။ အဲဒါကို ကျူး ကျော်လို့ ဝန်ကြီးချုပ်ဆီကို တိုင် စာတွေပို့တယ်’’ဟု ဆန္ဒထုတ်ဖော် ပွဲဦးဆောင်သူ အောင်ကိုလတ်က ပြောသည်။

ရေဂါလန် ၂၀,၀၀၀ ဆံ့ မီးသတ်ရေလှောင်ကန် တည် ဆောက်ရန် ကျိုက္ခမီမြို့မှ မွန်ပြည်နယ် ဗဟိုသံဃာ့ ဝန်ဆောင်ဆရာ တော်နှင့် နိုင်ငံတော် သံဃမဟာ နာယက၊ တွဲဖက်အကျိုးတော် ဆောင် ဆရာတော်အပါ အဝင် ဆရာတော် ၁၂ ပါးက ထောက် ခံသဘောတူကြောင်း ၂၀၁၇ ဩဂုတ် ၂၈ ရက်က လက်မှတ်ရေး ထိုးထားသည်။

ကျိုက္ခမီမြို့ မီးသတ်ပိုင်မြေ နေရာနှင့် မြစိမ်းရောင်စေတီ ဝတ္တကမြေနေရာ အငြင်းပွားမှု ညှိနှိုင်းဖြေ ရှင်းနိုင်ရန် သံဖြူဇရပ် မြို့ရှိ မြို့တော်ဦးစာသင်တိုက်၌ ၂၀၁၇ နိုဝင်ဘာလဆန်းက သံဖြူ ဇရပ်မြို့နယ် သံဃာ့နာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ဆရာတော်များ၊ မြစိမ်းရောင်စေတီ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ များနှင့် ဂေါပကအဖွဲ့ဝင်များ အ စည်းအဝေးပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ် ဗဟိုသံဃာ့ဝန် ဆောင်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ က ရေဂါလန် ၂၀,၀၀၀ ဆံ့ မီးသတ် ရေကန်တည်ဆောက်သည့် မြေ နေရာသည် သာသနာ့မြေမကျ သေး၍၊ ဘုရားဂေါပ ကမြေမဟုတ် သေး၍ မြို့ရွာ စည်ပင်သာယာပြီး အေးချမ်းစွာ နေထိုင်ရေး မီးသတ် ရေကန်တည်ဆောက်ရန် သဘောတူကြောင်း မိန့်ကြားရာ ဩဝါဒါ စရိယ ဆရာတော်ကြီးများက လည်း ဆရာတော်ကြီး၏ သဘော ထားအတိုင်း လက်ခံခဲ့ကြောင်း တာဝန်ရှိ ဆရာတော်များက မိန့် ကြားသည်။

‘‘အခု မီးသတ်လုပ်မယ့်နေရာက မြစိမ်းရောင် စေတီသာ သနာ့မြေထဲမှာ မပါဝင်ဘူး။ မြစိမ်းရောင် သာသနာ့မြေနဲ့ လွတ်ပါတယ်’’ဟု သံဖြူဇရပ်မြို့နယ် မြေ စာရင်းဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

အဆိုပါ မီးသတ်ရေလှောင် ကန် တည်ဆောက်ရန် သံဖြူဇရပ် မြို့နယ် သံဃာ့နာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ဆရာတော်များ နှင့် ဩဝါဒါစရိယဆရာတော်ကြီး များက ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထား သည်။

မြေရာဇဝင်တွင် ရေဂါလန် ၂၀,၀၀၀ ဆံ့ မီးသတ်ရေကန်တည် ဆောက်နေသော မြေနေရာသည် အစိုးရပိုင် အမည်ပေါက်နေသဖြင့် ပြည်နယ်အစိုးရက စီမံပိုင်ခွင့်ရှိ ကြောင်း မွန်ပြည်နယ် အစိုးရအ ဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။

7Day

0 comments:

Post a Comment