Monday, February 19, 2018

၂၀၁၈ ခုနှစ် ခြောက်လတာ ဘတ်ဂျက်ငွေကြေးလဲလှယ်နှုန်းကို ဈေးကွက်တွင်မဖြစ်ပေါ်ခဲ့သည့်နှုန်းထား တစ်ဒေါ်လာ ကျပ် ၁၃၈၀ ဖြင့် ရေးဆွဲထားမှုကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနိုင်


၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်၏ ခြောက်လတာ ဘတ်ဂျက်တွင် နိုင်ငံခြားငွေအသုံးစရိတ်များအတွက် ငွေကြေးလဲ လှယ်နှုန်းကို ဈေးကွက်တွင် မဖြစ်ပေါ်ခဲ့သည့် နှုန်းထားများဖြစ်သည့် တစ်ဒေါ်လာ ၁၃၈၀ ကျပ်ဖြင့် ရေးဆွဲ ထားမှုမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုအ ပေါ် အကျိုးသက်ရောက်စေနိုင်မည်ဖြစ်ပြီး အဆိုပါနှုန်းထားကို ဈေးကွက်တွင် အမှန်တကယ်ဖြစ်ပေါ်ခဲ့သည့် နှုန်းထားကိုသာ အခြေခံတွက်ချက်ရန် လိုအပ်ကြောင်း ပြည်ထောင် စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သုံးသပ်အကြံပြုထားသည်။
နိုင်ငံခြားငွေလဲနှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ခဲ့ရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ အမြင့်ဆုံးနှုန်းအဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း တစ်ဒေါ်လာ ၁၃၀၉ ကျပ်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်၌ အမြင့်ဆုံးနှုန်းအဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း တစ်ဒေါ်လာ ၁၃၆၅ကျပ်နှင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မေလ၌ ၁၃၆၅ ကျပ်အဖြစ်သာ သတ်မှတ်ခဲ့ပြီး လက်ရှိတွင် ဈေးကွက်၌ မဖြစ်ပေါ်ခဲ့ သည့် နှုန်းထားဖြစ်သော တစ်ဒေါ်လာလျှင် ကျပ် ၁၃၈၀ အ ဖြစ် ဘတ်ဂျက်တွင် ရေးဆွဲထားခြင်းမှာ မြန်မာ ကျပ်ငွေတန်ဖိုး ကျဆင်းမှုအပေါ် သက်ရောက်သွားစေနိုင်သည့်အပြင် မလိုလားအပ်သော အသုံးစ ရိတ်ဖောင်းပွမှုကို ဖြစ်စေနိုင်သဖြင့် ဈေးကွက်တွင်မဖြစ်ပေါ်သည့်နှုန်းကို သတ် မှတ်ခြင်းအစား အမှန် တကယ်ဖြစ်ပေါ်သည့် နှုန်းထားများကိုအခြေခံ၍ သတ်မှတ်ပေးခြင်း မှာ ပိုမိုသင့်လျော်သည်ဟု အကြံပြုထား သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ရေးဆွဲရာတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ၏ ငွေကြေး လဲလှယ်နှုန်းကို ၁၁၈၅ ကျပ်ဖြင့် ရေးဆွဲထားကြောင်း ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက်တွင် ဖော်ပြခဲ့သော်လည်း ပြုပြင်ပြီး ရသုံးမှန်းခြေ ငွေစာရင်းတွင်မူ တစ်ဒေါ်လာ ကျပ် ၁၃၇၀  ဖြင့် ပြင်ဆင်ရေးဆွဲခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကနဦး ဘတ်ဂျက်လိုငွေမှာ မူလခန့်မှန်းခြေတွင် ကျပ် ၃၉၈၉ ဘီလျံကျော် သာ ရှိခဲ့သော်လည်း ပြုပြင်ပြီး ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေမှာ ကျပ် ၃၉၉၅ ဘီလျံကျော်အထိ မြင့်တက် လာသည့်အပြင် ဖြည့်စွက်တောင်းခံသည့် ထပ်တိုးဘတ်ဂျက်မှာ ၂၅၄၄ ဒသမ ၇၃၇ ဘီလျံဖြစ်ပြီး ဖြတ်တောက်နိုင်မှုမှာ ဘီလျံ ၇၀ ခန့်သာဖြစ်သဖြင့် လက်ရှိဘဏ္ဍာနှစ် လိုငွေမှာ ကျပ်  ၆၄၇၀ ဘီလျံ နီးပါးဖြစ်ပေါ်နေပြီး ၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ကျပ် ၁၀၆၇၇ ဘီလျံ ကျော်တောင်းခံခဲ့သည့်အနက် ကျပ် ၁၃၀ ဘီလျံကျော် လျှော့ချထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဖေဖော်ဝါရီ ၁၆ ရက်တွင် အစီရင်ခံစာတင်သွင်းခဲ့သဖြင့် ခြောက်လတာ အသုံးစရိတ်အတွက် ကျပ် ၁၀၅၄၇ ဘီလျံကျော်ရှိနေကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment