Monday, February 26, 2018

KIA ကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်နေမှု တစ်နေ့တခြားပိုမိုများပြားလျက်ရှိနေ


ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖားကန့်မြို့နယ် ခွန်ဆိုင်ယန်ကျေးရွာနေမှာ နေထိုင်တဲ့ အပြစ်မဲ့ ပြည်သူ တစ်ယောက် KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရကာ မြစ်ကြီးနား ပြည်သူ့ဆေးရုံ မှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ 


ကချင်ပြည်နယ် လွတ်မြောက်ရေးအတွက်ဆိုပြီး လက်နက်ကိုင်နေတဲ့ KIA ရဲ့ လက်ချက်ကြောင့် ကချင်ပြည်နယ်က အပြစ်မဲ့ ပြည်သူတွေဟာ နေ့တိုင်းလိုလို အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်ရှမ်းနီ တိုင်းရင်း သားတွေ ဟာ KIA ရဲ့ဒဏ်ကို အလူးအလဲခံနေကြရတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေထဲမှာ ရှမ်းနီတိုင်းရင်းသားတွေဟာ ရာခိုင်နှုန်းအများဆုံး ဖြစ်ပါတယ်။ ရှမ်းနီတွေနေထိုင်တဲ့ မြို့၊ ရွာတွေကို KIA က လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာ တောင်းတာ တွေပြုလုပ်ခဲ့ပေမယ့် ရှမ်းနီအများစုက လက်မခံကြပါဘူး။ ဒီတော့ KIA ကရှမ်းနီတွေကို အတင်း အကြပ်ဖမ်းဆီးပြီး လူသစ်လုပ်ခိုင်းတာတွေ ရှိပါတယ်။

KIA ကသတ်ခဲ့တဲ့ လူသိရှင်ကြားဖြစ်ခဲ့သော လူသတ်မှုတွေကိုကြည့်ရင် ဖားကန့်မြို့နယ် ရှမ်းနီ ပါတီ စည်းရုံးရေးမှာ တက်ကြွစွာပါဝင်သူများဖြစ်တဲ့ ဦးစိုင်းထွန်းလွင်ဟာ ၂၀၁၅ ခုနှစ် အောက်တို ဘာလ ၅ ရက်နေ့နဲ့ ဦးကံဆက်ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွေမှာ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ ရက်စက်စွာ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ 

၂၀၁၆ ခုနှစ် သြဂုတ် လ ၁၅ ရက်နေ့ ကလည်း KIA အကြမ်းဖက် သောင်းကျန်းသူတွေနဲ့ ပြည်သူ့စစ်အဖွဲ့တို့ ဖြစ်ပွားတဲ့ ကပ်မှော်ဇွပ်ရွာ တိုက်ပွဲမှာ KIA က ကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ် နှစ်လုံး မီးလောင်ပြာကျခဲ့ရပြီး ကလေးငယ်တွေကို ပညာသင်ကြားပေးနေတဲ့ ရှမ်းနီအမျိုးသမီး ဆရာမ ဒေါ်မြရူပငယ် ဟာ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့တယ်။ 

အဲဒီလို ကျောင်းဆရာ၊ ဆရာမတွေကို သတ်တဲ့ KIA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ မှော်ရှန်ရပ်ကွက်၊ အမျိုးသမီးရာအိမ်မှူး ရှမ်းတိုင်းရင်းသူမနန္ဒာလှိုင်ကို သေနတ်နဲ့ခြောက်ချက် ပစ်ခတ်ခဲ့လို့ နေရာမှာတင် သေဆုံးသွားခဲ့ပါ တယ်။ ဒီလို ပစ်ခတ်သတ်ဖြတ်သွားတာ KIA ဆိုတာ အားလုံးသိပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာလည်း ကချင်ပြည်နယ် ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာ နေ ရေမဆေးကျောက် ရှာဖွေပြီး ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်နေတဲ့ ဦးမောင်တိုးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က KIA အကြမ်းဖက်သောင်းကျန်းသူ ၂ ဦး ရောက်လာပြီး သေနတ်နဲ့ ၄ ချက် ပစ်ခတ်တဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာပဲ ဇန်နဝါရီလ ၁၈ ရက်နေ့က ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာ စာသင်ကျောင်းမှာ ကလေးတွေကို စာသင်ပေးနေတဲ့ အလယ်တန်းပြ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို KIA အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးက စာသင်ကျောင်း အတွင်းဝင်လာပြီး သေနတ်ထောက် ခေါ်ဆောင်သွားပါတယ်။ ခွင့်တိုင်ကြားခြင်းမရှိဘဲ ကျောင်းပျက် ခဲ့တဲ့ ကချင်ကျောင်းသားတချို့ကို တစ်ဦးတစ်ချက် ရိုက်နှက် ဆုံးမခဲ့လို့ဆိုပြီး နမ္မဖြစ်ရွာလမ်းဆုံမှာ ဦးခေါင်းကို သေနတ် နဲ့တေ့ပြီး ပစ်ခတ်သတ်ဖြတ်သွားခဲ့တာပါ။ ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာတောင် အလွတ်မပေးဘဲ ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ KIA ရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုက တုန်လှုပ်ထိတ်လန့်ဖွယ် ကောင်းနေ ပါတယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း အများပြည်သူတွေ သွားလာနေတဲ့ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် က ဆွမ်ပရာဘွမ် - ပူတာအိုသွား ကားလမ်းပေါ်ရှိ ဘေလီတံတား ကို KIA က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့လို့ ဒေသခံတိုင်းရင်းသားတွေအလွန်ပဲ ဒုက္ခရောက်ခဲ့ ရပါတယ်။ ဒါတွေကို ကချင်ပြည်နယ် လွတ်မြောက်ရေးအတွက် လုပ်ပါတယ်လို့ ပြောတာကတော့ အံ့သြမိတယ်။ ကချင်ပြည်နယ် လွတ်မြောက်ရေးအတွက်ဆိုပြီး လက်နက်ကိုင်ကာ ကချင်တိုင်းရင်းသား တွေနဲ့ ရှမ်းနီတွေအပေါ်မှာ တစ်နေ့တခြား ဒုက္ခတွေပေးနေတာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ကချင်တိုင်းရင်းသားတွေသာမက ရှမ်းနီလူမျိုးတွေကိုပါ လူမျိုးတုံးသတ်ဖြတ်နေတဲ့ KIA ကို ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်သင့်ပြီ ဖြစ်ပါတယ်။
ကမ္ဘောဇ

0 comments:

Post a Comment