Monday, February 26, 2018

အဆိုပြုဝန်ကြီးလောင်းနှစ်ဦး အမည်စာရင်း ဝန်ကြီးချုပ်ကိုယ်တိုင် ပြန်လည်ရုပ်သိမ်း



မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်နေသော ဝန်ကြီးနှစ်နေရာအတွက် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုင်း ဒေသကြီးလွှတ်တော်သို့ တင်သွင်းထားသည့် အမည်စာရင်းကို ၎င်းကိုယ်တိုင် ပြန်လည်ရုပ် သိမ်းခဲ့ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာ က ကြေညာသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ ရက်)က ပြုလုပ်သည့် မကွေးတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး၌ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၎င်းအဆိုပြုခဲ့သည့် ဝန်ကြီးလောင်းနှစ်ဦးကို ပြန်လည်ရုပ် သိမ်းကြောင်း ပေးပို့သည့်စာကို တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာက ဖတ်ကြားကြေညာ၍ လွှတ်တော်တွင် အတည်ပြုခဲ့သည်။

‘‘မကွေးတိုင်း ဝန်ကြီးချုပ် အနေနဲ့ ပြည်သူများ၏အသံနှင့် ဆန္ဒများကို နာခံသောအားဖြင့် အမည်စာရင်း တင်သွင်းထားမှုကို ပြန်လည်ရုပ်သိမ်းသွားသည့် အတွက် မကွေးတိုင်းဒေသကြီး လွှတ်တော်တွင် မှတ်တမ်း တင် ထားရှိမည်ဖြစ်ကြောင်း ကြေညာပါတယ်’’ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ဖတ်ကြားခဲ့သည်။

တိုင်းဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်ဖြင့် ယခုကဲ့သို့ အမည်စာရင်း ပြန်လည်ရုပ်သိမ်းမှုနှင့် ပတ်သက်၍ တစ်စုံ တစ်ရာ ပြောကြားလိုခြင်း မရှိသော်လည်း မိမိတို့အနေဖြင့် လွှတ်တော်တွင် ပြန်လည်ဆွေး နွေးခွင့် မရရှိ ခဲ့ခြင်းအပေါ် စိတ် မကောင်းဖြစ်မိကြောင်း အမည် စာရင်း ရုပ်သိမ်းခံခဲ့ရသည့် ဝန်ကြီးလောင်းများက ပြော သည်။

လစ်လပ်လျက်ရှိသော ဝန် ကြီးရာထူး နှစ်နေရာအတွက် အငြိမ်းစား တွဲဖက်ပြည်နယ်ပညာ ရေးမှူး ဦးအောင်ကျော်မိုးနှင့်အငြိမ်းစား ဆည်မြောင်းလက် ထောက် ညွှန်ကြားရေးမှူး ဦးအေးငွေတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်က တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး၌ ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းခဲ့သည်။

ယင်းအဆို တင်သွင်းမှုကို ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ခဲ့ပြီး မကွေး တိုင်းအတွင်းရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကလည်း ၎င်းတို့ နှစ်ဦးကို ဝန်ကြီးအဖြစ် ခန့်အပ် ပါက တိုင်းဒေသကြီး တစ်ခုလုံး အတိုင်းအတာအနေဖြင့် ဆန္ဒပြ မည်ဖြစ်ကြောင်း ပြောကြား သည်။

‘‘ဒီပြဿနာက ကျွန်တော်တို့ ရှာတဲ့ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော့်အိမ်ပေါ်အထိ သူ့ဘာ သာ တက်လာ တဲ့ ပြဿနာဖြစ်ပါ တယ်။ တစ်တိုင်းပြည်လုံးမှာ ဗီဒီ ယိုမင်းသားလို ဖြစ်သွားတာပဲ။ လွှတ်တော်မှာက ၁၇ ဦး ကန့် ကွက်တယ်ပေါ့နော်။ အားလုံးမဟုတ်ပါဘူး။ ဒါကို ကျွန်တော်ကလွှတ်တော်မှာ ဖြေရှင်းခွင့်မရတဲ့အတွက် ပဲ စိတ်မကောင်းဖြစ်မိ တယ်’’ဟု ဝန်ကြီးလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရပြီး ပြန်လည်ရုပ် သိမ်းခြင်း ခံရသူ ဦးအောင်ကျော်မိုးက ပြောသည်။

အမည်စာရင်း ပြန်လည်ရုပ် သိမ်းခြင်းခံရသူ ဦးအေးငွေက လည်း ဝန်ကြီးချုပ်က အမြော် အမြင်ကြီးမားစွာ အတွေ့အကြုံ ရှိသော ဝန်ထမ်းများအဖြစ် မိမိတို့ ကိုတာဝန်ပေးရန် ဆုံးဖြတ်ခဲ့သော် လည်း ကန့်ကွက်မှုများရှိ သဖြင့် အဆိုပြန်လည်ရုပ်သိမ်းခဲ့ ရခြင်း ကို စိတ်မကောင်းဖြစ်မိကြောင်း ဖြေကြားသည်။

ယခုကဲ့သို့ ဝန်ကြီးချုပ်က ၎င်းအဆိုပြုထားသူနှစ်ဦးကို ပြန် လည်ရုပ်သိမ်းခဲ့သဖြင့် လွှတ် တော်ကိုယ်စားလှယ် များကလည်း ၎င်းတို့၏ ကန့်ကွက်မှုကို လွှတ် တော်တွင် ပြန်လည်ရုပ်သိမ်းခဲ့ သည်။

‘‘အခုလိုမျိုး ပြန်လည်ရုပ်သိမ်းသွားတဲ့အခါကျတော့ ပြည် သူကို လေးစားတဲ့၊ ပြည်သူရဲ့ဆန္ဒကို အသိအ မှတ်ပြု တဲ့၊ အလေး ထားတဲ့ ဝန်ကြီးချုပ်ကို ကျွန်မတို့ လေးစားပါတယ်’’ဟု ကန့်ကွက် ရာတွင် ပါဝင်သူ မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် မကွေး မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချို လတ်က ပြောသည်။

ယခုကဲ့သို့ လွှတ်တော်တွင် ကန့်ကွက်မှုရှိသည်အထိ ပြဿ နာဖြစ်ပွားလာရခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ အနက် ဝန်ကြီးနေရာ ရယူလို သော ကိုယ်စားလှယ်အချို့ ကြောင့် ဖြစ်ကြောင်း ဦးအောင် ကျော်မိုးက ဝေဖန်သည်။

ထို့အပြင် ဒီချုပ်ပါတီအတွင်း ကွန်မြူနစ်ပါတီကဲ့သို့ ဖြုတ် ထုတ် သတ် လုပ်လိုသူများရှိနေသည်ကို ယခုဖြစ် ရပ်က သက်သေပြနေ ကြောင်း ၎င်းက ပြောသည်။

မိမိအနေဖြင့် လက်ထောက် တိုင်းပညာရေးမှူး စစ်ဆေးရေး တာဝန်ထမ်းဆောင်စဉ်က ပေး အပ်လာသော တာဝန်အရ အလယ်တန်းပြ ဆရာတစ်ဦး (လက်ရှိ ဒီချုပ်အမျိုးသား လွှတ် တော်ကိုယ်စားလှယ် ဦးပြူးလွင်) ကို ဖြူသည်၊ မည်းသည် သိရခြင်း မရှိဘဲ စစ်ဆေးခဲ့ရခြင်းသာ ဖြစ်ပြီး အလုပ်ထုတ်ခဲ့ခြင်းမဟုတ် ကြောင်း၊ ယခု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဖြစ်နေသူ နှင့် မိမိသည် ယင်းအချိန်က ခေတ်စနစ်၏ သားကောင် များ ဖြစ်ခဲ့ရခြင်းသာဖြစ်ကြောင်း ဦး အောင်ကျော်မိုးက လက်ထောက် တိုင်းပညာရေးမှူး စစ်ဆေးရေး တာဝန် ထမ်းဆောင်စဉ် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ကြိုဆိုရေး ဆောင်ရွက်ခဲ့သူ အလယ်တန်းပြဆရာ တစ်ဦးအား အလုပ်ထုတ်ခဲ့သည်ဟု စွပ်စွဲမှု အပေါ် ပြန်လည်ချေပပြောဆို သည်။

ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုဇော်မင်း ထိုက်က ‘‘ဝန်ကြီးချုပ်အနေနဲ့ ပြည်သူတွေ ရဲ့အသံကို လေ့လာတယ်၊ နား ထောင်တယ်။ လွှတ်တော်အနေနဲ့ လည်း မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ သူကို ကန့်ကွက်ခဲ့တယ်။ အဲဒါ ကြောင့် မကွေးတိုင်း ဝန်ကြီးချုပ် နဲ့ အစိုးရအဖွဲ့ကိုရော၊ မကွေး တိုင်း လွှတ်တော်ကိုရော ကျေးဇူး တင် ဝမ်းသာမိတယ်’’ဟု ဆို သည်။

ယင်းကဲ့သို့ မကွေးတိုင်း ဝန်ကြီးချုပ်က လစ်လပ်ဝန်ကြီး နှစ်နေရာအတွက် အဆိုကို ပြန် လည်ရုပ်သိမ်းခဲ့ သဖြင့် ယင်း ဝန်ကြီးနှစ်ဦးနေရာတွင် အစားထိုး ခန့်အပ်ရန် အမည်စာရင်း ထပ်မံ ပေးပို့ရမည်ဖြစ်သည်။

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကမူ ဝန်ကြီးအမည်စာရင်း ပြန်လည် ရုပ်သိမ်းခဲ့ရသဖြင့် များစွာ စိတ် မကောင်း ဝမ်းနည်းဖြစ်ရသည်ဟု မိမိအား ပြောကြားခဲ့ကြောင်း ဦးအေးငွေက ပြောသည်။

နောက်တစ်ကြိမ် မကွေး တိုင်းလွှတ်တော်ကို ဧပြီလဆန်း တွင် ပြန်လည်ကျင်းပမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ကြေ ညာသည်။

7Day

0 comments:

Post a Comment