Wednesday, February 28, 2018

မွန်​ပြည်​သစ်​ပါတီနှင့် လားဟူဒီမိုကရက်​တစ်​ပါတီတို့ကို UPDJC အဖွဲ့ဝင်​အဖြစ်​ တရားဝင်​လက်​ခံ


မကြာသေးခင်ကမှ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်​ပြည်​သစ်​ပါတီနဲ့ လားဟူဒီမိုကရက်​တစ်​ပါတီတို့ကို UPDJC အဖွဲ့ဝင်​အဖြစ်​ တရားဝင်​ လက်​ခံလိုက်​ပြီ ဖြစ်​ပါတယ်​။


မွန်​ပြည်​သစ်​ပါတီရဲ့ အမျိုးသားအဆင့် နိုင်​ငံ​ရေး​ဆွေး​နွေးပွဲ လုပ်​​ဆောင်​ဖို့ ကိစ္စမှာ​တော့ မွန်​ပြည်​သစ်​ပါတီနယ်​​မြေဖြစ်​တဲ့ ​ရေးမြို့မှာ ကျင်းပဖို့ ဆုံးဖြတ်​ခဲ့ပြီး RCSS/SSA အဖွဲ့က​တော့ အမျိုးသားအဆင့် နိုင်​ငံ​ရေး​ဆွေး​နွေးပွဲ​အတွက်​ အဆိုပြုချက်​ တင်​ပြထားပြီး နှစ်​ဖက်​​ ခေါင်း​ဆောင်​ပိုင်း​တွေရဲ့ အဆုံးအဖြတ်​ရယူဖို့ သ​ဘောတူညီခဲ့ပါတယ်​။

ဖေ​ဖော်​ဝါရီ ၂၈ ရက်​​မှာ​တော့ JICM အစည်းအ​ဝေး ကျင်းပသွားမှာဖြစ်​ပြီး နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​နဲ့ ​ဒုတိယတပ်​မ​တော်​ကာကွယ်​​ရေးဦးချုပ်​တို့ တက်​​ရောက်​မယ်​လို့လည်း သိရပါတယ်​။

DVB


 

0 comments:

Post a Comment