Friday, February 23, 2018

ပျောက်ဆုံး ကျောင်းသူ ၇၆ ယောက်ကို နိုင်ဂျီးရီးယားစစ်တပ် ကယ်တင်


နိုင်ဂျီးရီးယားနိုင်ငံအတွင်း ဘိုကိုဟာရမ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ပျောက်နေတဲ့ ကျောင်းသူ ၇၆ ယောက်ကို ပြန်ကယ်နိုင်ခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ ယိုဘေပြည်နယ်မှာ ဘိုကိုဟာရမ် စစ်သွေးကြွတွေ ရဲ့ တိုက်ခိုက်မှုအတွင်း ကျောင်းသူတွေ ပျောက်ဆုံးနေခဲ့တာပါ။
နိုင်ဂျီးရီးယားစစ်တပ်ဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ပျောက်ဆုံးကျောင်းသူ ၇၆ ယောက်ကို ကယ်ထုတ်နိုင် ခဲ့ပြီး တခြား ၂ ယောက်ရဲ့ အလောင်းတွေကို ပြန်သယ်လာခဲ့နိုင်တယ်လို့ ဒေသန္တရ အစိုးရ အရာရှိတွေက ပြောပါတယ်။

မိန်းကလေးနှစ်ယောက် ဘယ်လိုသေတယ်ဆိုတာ မဆုံးဖြတ်နိုင်သေးပါဘူး။ ကယ်ဆယ်ခံရတဲ့ မိန်းကလေးတွေဟာ ယိုဘေပြည်နယ်ထဲက အစိုးရ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ မိန်းကလေးကောလိပ်က ကျောင်းသူတွေ ဖြစ်ပါတယ်။

သူတို့ဟာ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းမှာ ဒက်ပ်ချီရွာကို ပြန်ရောက်လာကြပြီး ကျောင်းသူအနည်းဆုံး ၁၃ ယောက်လောက် ပျောက်နေဆဲပါ။

နိုင်ဂျီးရီးယားနိုင်ငံ ချီဘုတ်မြို့မှာ ၂၀၁၄ ခုနှစ်ကလည်း ကျောင်းသူ အယောက် ၂၇၀ ကျော်ကို ဘိုကိုဟာ ရမ်တွေက ပြန်ပေးဆွဲခဲ့အပြီး နိုင်ငံအတွင်း စိုးကြောက်မှုတွေ ရှိနေခဲ့ကြပါတယ်။

ဒီအမှုကြောင့် ၉ နှစ်ကြာ သူပုန်ထနေတဲ့ ဘိုကိုဟာရမ်တွေအကြောင်း ကမ္ဘာက အာရုံစိုက်ခဲ့ကြပါတယ်။ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေထဲက တခုအဖြစ် ကုလသမဂ္ဂက ခေါ်ဝေါ်ခဲ့ပါတယ်။

အာဖရိက အရှေ့မြောက်ပိုင်းက လူနေအသိပ်သည်းဆုံး နိုင်ဂျီးရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်က ဘိုကိုဟာ ရမ်တွေ သူပုန်ထကတည်းက ခုထိ လူ ၂ သောင်းကျော် သေဆုံးခဲ့ပြီး လူအယောက် ၂ သန်းကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရပါတယ်။

DVB

0 comments:

Post a Comment