Wednesday, February 21, 2018

ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်း ၇၀ ထပ်စောင့်ရန် လုံးဝမဖြစ်နိုင်သဖြင့် ဝိုင်းဝန်း ကူညီရန် ဒေါ်အောင်ဆန်းစုကြည်ပန်ကြား


ငြိမ်းချမ်းရေးရရှိ ရေးအတွက် နှစ်ပေါင်း ၇၀ ထပ် စောင့်ရန် လုံးဝမဖြစ်နိုင်သဖြင့်  ဝိုင်းဝန်းကူညီကြရန် ဒေါ် အောင် ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။နှစ်(၇၀)ပြည့် ချင်းအမျိုး သားနေ့အခမ်းအနားကို ယမန်နေ့ က နေပြည်တော်၌ ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။
‘‘ချင်းအဖွဲ့ဟာ အပစ်အ ခတ်ရပ်စဲရေးစာချုပ်မှာ စောစော စီးစီး လက်မှတ်ထိုးတဲ့အဖွဲ့ထဲမှာ ပါပါတယ်။ အပစ်အခတ်ရပ်စဲ ရေးစာချုပ်မှာ လက်မှတ်ထိုးတယ် ဆိုတာဟာ ပထမခြေလှမ်း လောက်ပဲ ရှိပါသေးတယ်။ နောင် သွားရမယ့် လမ်းကရှည်တယ်။ ရှည်တဲ့အခါ အဖော်မပါတဲ့အ တွက် လမ်းလျှောက်ရတဲ့အခါမှာ ရှည်မှန်းမသိပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလမ်းဆို တာ မရှည်အောင်လုပ်ရတယ်။

အကြောင်းကြောင်းကြောင့် ရှည် ခဲ့ရင်လည်း လျှောက်လှမ်းရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်လှမ်း နိုင်ဖို့ အားလုံးဝိုင်းပြီးတော့ ပံ့ပိုး ပေးဖို့ဆိုတာ အင်မတန်မှ အရေး ကြီးပါတယ်။ အခုငြိမ်းချမ်းရေးကို ရှာခဲ့တာဆိုရင်လည်း နှစ်(၇၀) ပေါ့။ ကျွန်မတို့လွတ်လပ်ရေးနဲ့ အတူတူပဲ။ ချင်းတိုင်းရင်းသားများ ရဲ့အမျိုးသားနေ့နဲ့အတူတူပဲ။ နှစ် (၇၀)ရှိပြီ။ နှစ်(၇၀)ရှိခဲ့ပေမယ့် ကျွန်မတို့ မရသေးပါဘူး။ ရဖို့ နောင်နှစ်(၇၀)စောင့်ဖို့ဆိုတာ လုံးဝမဖြစ်တဲ့ကိစ္စပါ။ ငြိမ်းချမ်း ရေးရဖို့အတွက် တစ်ဦးချင်း၊ တစ်ဦးချင်းကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မက အခွင့်သင့်တုန်း မေတ္တာ ရပ်ခံချင် ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ထို့အပြင် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးရေးအတွက် တစ် ဦးတစ်ယောက်ချင်း  အနေဖြင့် မည်မျှ လုပ်ပေးခဲ့သည်ကိုလည်း ပြန်လည်မေးခွန်းထုတ်စေချင် သည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

‘‘အစိုးရဘာလုပ်နေလဲဆိုတာ မေးပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီး တော့လည်း မေးရမယ်။ တစ်ဦးချင်းတစ်ဦးချင်းဟာ ပြည်ထောင် စုကြီးတိုးတက်ရေးအတွက် ဘာလုပ်ခဲ့လဲ’’ဟု ဒေါ်အောင် ဆန်းစု ကြည်က ဆိုသည်။

‘‘ကျွန်မတို့ ပြည်ထောင်စု ကြီး ဘယ်လောက်တိုးတက်ခဲ့ သလဲဆိုတာ ဒီလိုအမျိုးသားနေ့များကို ရောက် လာတဲ့အခါမှာ ပြန်ပြီးတော့ သုံးသပ်စေချင်ပါတယ်။ ဒီလိုနေ့မျိုးဟာ အတိတ်ကိုပြန်ပြီး သုံးသပ်ပြီးတော့ အနာဂတ်အတွက်   သင်ခန်းစာယူနိုင်မယ့် ဆုလာဘ်ပဲဖြစ်ပါတယ်’’   ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောသည်။

7Day

0 comments:

Post a Comment