Sunday, February 18, 2018

NLD အစိုးရလက်ကျန်သက်တမ်းအတွင်း ဖွဲ့စည်းပုံပြင်နိုင်ရန်ကြိုးပမ်းသွားမည်ဟုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ လက်ရှိသက်တမ်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပါတီဟိုကော်မတီဝင်တစ်ဦးလည်းဖြစ် ၊ သရက်ချောင်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ပြောဆိုလိုက်သည်။
ကယားပြည်နယ်၊ လွိုင်လင်လေးမြို့တွင် ဖေဖော်ဝါရီ ၁၈ ရက်ကပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ (NLD) သို့လူထောင်ချီဝင်ေ ရာက်သည့် ပါတီအဆိုပြုလွှာပေးအပ်ပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဦးအောင်စိုးက “ ဖွဲ့စည်းပုံပြင်ဖို့အတွက် ဒီနေ့ လွှတ်တော်ထဲမှာရှိတဲ့ ၂၅ ရာခိုင်နူန်းသော တပ်မတော်သားကိုယ်စားလှယ်တွေ ထောက်ခံမှဖြစ်မှာပါ။ ဒါကြောင့် လွှတ်တော်ရဲ့လုပ်ပိုင်ခွင့် အစိုးရရဲ့လုပ်ပိုင်ခွင့် ဒီကနေ့ နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ ပူးပေါင်းပြီး တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့လည်း ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ ရှိတဲ့ထဲမှာ ၁၀ ဖွဲ့လက်မှတ်ထိုးပြီးပါပြီ။ တတိယအကြိမ်ပင်လုံမှာ နောက်ထပ် ပြည်ထောင်စုရဲ့ သဘော တူစာချုပ်အဖြစ် ထပ်မံအချက်တွေရလာပြီးတော့ တစ်နေ့က အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောသွား တဲ့မိန့်ခွန်းအရ ကျွန်တော်တို့ နောက်ထပ် ပင်လုံညီလာခံ ၃ ကြိမ်လောက်လုပ်ပြီးရင် ကျွန်တော်တို့အစိုးရ သက်တမ်းအတွင်းမှာ ဒီဖွဲ့စည်းပုံပြင်နိုင်အောင် ကျွန်တော်တို့ကြိုးစားသွားမှာဖြဖ်ပါတယ်” ဟု ပြောသည်။

တတိယအကြိမ်ကျင်းပရန်ရှိနေသည့် ၂၁ ပင်လုံတွင်လည်း ဒီမိုကရေစီစနှစ်ကိုအခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုဖြစ်အောင် ကျွန်တော်တို့ကြိုးစားသွားမည်ဟု ၄င်းကဆိုသည်။

ထို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊  ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားရန်ဆိုသည်မှာ NLD ပါတီ၏ မူဖြစ်ကြောင်းလည်း ဦးအောင်စိုးကပြောသည်။

ထို့အပြင် ၂၀၁၆ ခုနှစ်နှောင်းပိုင်းကပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ပြည်သူကိုပေးထားခဲ့ သည့် ကတိဖြစ်သောကြောင့် ဖွဲ့စည်းပုံကို လက်ရှိအစိုးရသက်တမ်းအတွင်း ပြင်ဆင်နိုင်ရန်နည်းလမ်းပေါင်း စုံဖြင့် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် စတင်ယှဉ်ပြိုင်ကာ ပြည်သူအများစု၏ ထောက်ခံမှုရရှိခဲ့သော NLD အစိုးရ သည် လာမည့် ၂၀၂၀ တွင် အစိုးရသက်တမ်းကုန်လွန်မည်လည်းဖြစ်သည်။

အဆိုပါ အဆိုပြုလွာပေးအပ်ပွဲကို ကယားပြည်နယ်အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများမှ ဦးဆောင်ပြီး ကယားပြည်နယ်စည်းရုံးရေးအဖွဲ့မှပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်ပြီူ လူအင်အား ၅၀၀၀ နီးပါးတက်ရောက်ခဲ့ သည်။

Mizzima - News in Burmese

0 comments:

Post a Comment