Friday, February 23, 2018

FDA ၀န်ထမ်းကို အဓမ္မပြုကျင့်သတ်ဖြတ်သူအား ပုဒ်မလေးခုဖြင့်တရားစွဲ


FDA ၀န်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်သတ်ဖြတ်သည်ဟု ၀န်ခံထားသူ မျိုးဇော်ဦး (ခေါ်) ဆီဒိုးနားအား လူသတ်မှု၊ မုဒိမ်းမှုအပါအ၀င် ပုဒ်မလေးခု ဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲတင်ခဲ့သည်။
လူသတ်မှုပုဒ်မ ၃၀၂၊ မုဒိမ်း မှုပုဒ်မ ၃၇၆၊ ဓမ္မတာနှင့် ဆန့်ကျင် သော ပြစ်မှု ၃၇၇နှင့် လုယက်မှု ကျူးလွန်ရာ တွင် နာကျင်စေမှု ပုဒ်မ ၃၉၄ တို့ဖြင့် ဖေဖော်ဝါရီ ၂၂ ရက်ကတတိယအကြိမ် ရုံး ထုတ်ရာ၌ တရားစွဲခြင်းဖြစ် သည်။

မျိုးဇော်ဦးကို ရုံးထုတ်ရာ တွင် မြန်မာအမျိုးသမီးစောင့် ရှောက် ကာကွယ်ရေးအဖွဲ့က တရားရုံးသို့ လာရောက်စောင့် ကြည့်ခဲ့ပြီး မုဒိမ်းကောင်များကို သေဒဏ်ပေးရေး၊ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ရေးနှင့် လျှော့ရက် မရရှိရေး၊ လွတ်ငြိမ်းချမ်းသာခွင့် မပေးရေးတို့ကို တရားရုံးအနီး၌ ဆန္ဒဖော်ထုတ်ခဲ့သည်။

၎င်းကိုဖေဖော်ဝါရီ ၂၇ ရက် တွင် ထပ်မံရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။

ဇန်န၀ါရီ ၂၀ ရက်က FDA ၀န်ထမ်း မရွှေရည်ဝင်းသည် ဒဂုံ မြို့နယ်ရှိနေအိမ်သို့ ပြန်ရန်လှည်း တန်းလမ်းဆုံ အနီးမှ တက္ကစီငှားစီး ရာမှ အဓမ္မပြုကျင့်သတ်ဖြတ်ခံရ ခြင်းဖြစ်သည်။

ရာဇသတ်ကြီးဥပဒေတွင် ထောင်ဒဏ် ၇ နှစ်နှင့် အထက်ချ နိုင်သော မုဒိမ်းမှု၊ လုယက်မှု စ သည့် ပြစ်မှုများ ကျူးလွန်စဉ် လူသတ်သည့် ပြစ်မှုကိုပါ ကျူးလွန်ပါက ဥပဒေပုဒ်မ၃၀၂(၁)(ဂ)အရ ပြစ်ဒဏ်မှာ သေဒဏ်ဖြစ် ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမျိုးသိမ်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သေဒဏ်အမိန့်ချရာ တွင် တရားစီရင်ရေးတွင်သေဒဏ်အမှန်တကယ် မပေး၍ သေဒဏ်ကို ထောင်ဒဏ်နှစ် ၂၀ စသဖြင့် နှစ်အလိုက်ပြစ်ဒဏ်အမိန့် ချလေ့ရှိကြောင်းပြောသည်။

ထိုကဲ့သို့ သေဒဏ်၊ တစ်သက်တစ်ကျွန်း ထောင်ဒဏ်နှစ် ၂၀ ချမှတ်ရာတွင် လျှော့ရက်ရ၍ လွတ်မြောက်လာ သူများလည်း ရှိ ကြောင်းဆိုသည်။ ယခု မျိုးဇော်ဦး ကို လူသတ်မှုအပါအဝင် မုဒိမ်းမှု၊ လုယက်မှုစသည့် ပုဒ် မလေးမှုဖြင့် တရားစွဲဆိုတင်ပို့သော အခြေအနေကဲ့သို့အမှုမျိုးတွင် ပြစ်မှုထင် ရှားပါက သေဒဏ်ပြစ်ဒဏ် အပြင်  သီးခြားကျခံရမည့် ပြစ်ဒဏ်များပါ ချမှတ်လေ့ရှိကြောင်းဆိုသည်။

7Day

0 comments:

Post a Comment