Friday, February 23, 2018

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖျက်သိမ်းသင့်ကြောင်း ဒေါ်ညိုညိုသင်းဝေဖန်


လေးကြိမ်မြောက်ပြင်ဆင်မည့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ သည် ဆန္ဒထုတ်ဖော်မည့်သူများအတွက် အန္တရာယ် ရှိပြီး ဒီမိုကရေ စီစနစ်တွင် မရှိသင့်သည့် ပုဒ်မတစ်ခုဖြစ်သဖြင့် ယင်းပုဒ်မကို ဖျက်သိမ်းသင့်ကြောင်း လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြော ကြားသည်။
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်းဆိုင်ရာ  ဥပဒေ  ပြင်ဆင် သည့် ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည့် အမျိုး သားလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ ယင်းဥပဒေ ကြမ်းတွင် ဆန္ဒထုတ်ဖော်သူအ ပြင် ဆန္ဒထုတ်ဖော်ရန် လှုံ့ဆော် တိုက်တွန်းသူများကိုပါ အရေးယူ နိုင်ကြောင်း ပါရှိသည်။

‘‘ရုတ်ရုတ်တော့ မလုပ်နဲ့။ ဆန္ဒပြတာတွေ၊ တိုက်တွန်းတာ တွေ၊ ဖြားယောင်းတာတွေ၊ တခြား နည်းနဲ့တွေ ဘာမှမလုပ်နဲ့။ လုပ် ရင်ဒီထဲကိုဝင်တယ်။ ဝင်တယ်လို့ သတ်မှတ်လို့ရှိရင် ထောင်သုံးနှစ် ကျမယ့်ဟာလေ။ ဒါကြောင့် ဥပ ဒေပြုသူတွေကို ဒီဟာက ဖြုတ်ကို ဖြုတ်ရမယ့် ပုဒ်မလို့ ပြောချင်တယ်’’ဟု ဒေါက်တာညိုညို သင်း က ဖေဖော်ဝါရီ ၂၂ ရက်က Orchid ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည့် ဥပဒေကြမ်းအခန်း(၇)၊ ပြစ်မှုနှင့်ပြစ်ဒဏ်ပုဒ်မ ၁၈ သည် မည်သူ မဆို နိုင်ငံတော် လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူများ၏ ကိုယ့်ကျင့် တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့် ဖြစ်စေ၊ထိုသို့ပျက်ပြားတန်ရာ သောအခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ငွေ (သို့မဟုတ်)ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော် လည်းကောင်း သုံးစွဲပြီး အခြားသူ တစ်ဦးဦးကို ငြိမ်းချမ်းစွာစုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းပြုအောင် လှုံ့ဆော် ခြင်း၊ သွေးဆောင်ခြင်း၊ ဖြား ယောင်းခြင်း (သို့မဟုတ်) တိုက် တွန်းခြင်းကို ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင် ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်ဟု ထပ်မံ ဖြည့်စွက်ထားသည်။

ငြိမ်းစုစီဥပဒေကို ပြင်ဆင် ခြင်း သုံးကြိမ်ရှိပြီဖြစ်ပြီး ပြည် သူလူထုကို နိုင်ငံရေးလုပ်ကွက်ပို ၍ ပေးခဲ့ကြောင်း၊ ယခုလေးကြိမ် မြောက် ပြင်ဆင်မည့် ဥပဒေတွင် မူ ယခင်ပြင်ဆင်ခဲ့သည့် ဥပဒေ နှင့် နှိုင်းယှဉ်လျှင် အဆိုးဝါး ဆုံးဖြစ် နေကြောင်း    ဒေါက်တာညိုညိုသင်းက မှတ်ချက်ပြုသည်။

‘‘ဒီမိုကရေစီ အခွင့်အရေး တွေကို ရှင်သန်စေရမယ်ဆိုတဲ့ ပြည်သူတင်မြှောက်ထားတဲ့ အစိုး ရ လက်ထက်မှာ ဒီမိုကရေစီကို ပြည်သူလူထုကို ပြည့်ပြည့်ဝဝ မရ ရင်တောင်မှ အရင်ကထက် ပိုရ စေချင်တယ်’’ ဟု ၎င်းက ဆို သည်။

ပြင်ဆင်ထားသည့် ဥပဒေ ကြမ်းပုဒ်မ ၄၊ ပုဒ်မခွဲ (ဃ) ၌ ငြိမ်း ချမ်းစွာ  စုဝေးခြင်း (သို့မဟုတ်) ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်း ပြုလုပ်မည့် အစီအစဉ်၊ ခန့် မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစ ရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ်အ ဖွဲ့အစည်းတို့ကို တင်ပြရမည်ဖြစ် ကြောင်းလည်း ပါရှိသည်။

‘‘ဒီပုဒ်မသာ အတည်ဖြစ် သွားလို့ရှိရင် ဆန္ဒပြဖို့ နေနေသာ သာ ဆန္ဒပြဖို့ လူတစ်ဦးတစ် ယောက်က တိုက်တွန်းလို့ မရတဲ့ သဘောဖြစ်နေတယ်။ ဆန္ဒပြဖို့ကို ငွေဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ အခြား  နည်းဖြင့် ဖြစ်စေ၊ အခြားနည်းဆို တာ ဘယ်လိုမဆိုပါမယ်။ လက် ဖက်ရည်ဆိုင်မှာ ပြောတာပါမယ်။ ပို့စ်တင်တာပါမယ်’’ ဟု ဒေါက် တာညိုညိုသင်းက ပြောသည်။

လေးကြိမ်မြောက်ပြင်ဆင်ထားသည့် ငြိမ်းစုစီဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရန် အမျိုးသားလွှတ်တော် က အတည်ပြုခဲ့ သည်။ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးအတည်ပြုရမည်ဖြစ်ပြီး  ပြည်သူ့လွှတ်တော်၌ ဆက်လက် ဆွေးနွေးရမည်ဖြစ်သည်။ ယင်း နောက် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲပါက ပြည်ထောင် စု လွှတ်တော်၌ ဆက်လက်ဆွေးနွေး ရမည်ဖြစ်ကာ သဘောထားကွဲလွဲ ခြင်းမရှိပါက နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ရမည် ဖြစ်သည်။

7Day

0 comments:

Post a Comment