Sunday, February 18, 2018

မြန်မာ၏ 3G နှင့် 4G မိုဘိုင်းကွန်ရက်အသုံးပြုမှု အာဆီယံ ခြောက်နိုင်ငံတွင် ထိပ်ဆုံး၌ရှိ


မြန်မာနိုင်ငံသည် အာ ဆီယံဒေသတွင်း ခြောက်နိုင်ငံ အနက် 3G နှင့် 4G မိုဘိုင်းကွန် ရက် အသုံးပြုမှု ၉၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်နေကြောင်း ဆက် သွယ်ရေး အော်ပရေတာတယ်လီ နော၏ စစ်တမ်းတစ်ခု၌ ဖော်ပြ ထားသည်။
မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနှင့် ဗီယက် နမ် နိုင်ငံတို့တွင် 3G နှင့် 4G မို ဘိုင်းကွန်ရက် အသုံးပြုမှု၌ မြန်မာ နိုင်ငံက ထိပ်ဆုံးတွင် ရပ်တည် နေပြီး ထိုင်းနိုင်ငံသည် ၈၂ ရာခိုင် နှုန်းဖြင့် အဆင့် (၂)နှင့် စင်ကာပူ နိုင်ငံက ၆၃ ရာခိုင်နှုန်းဖြင့် အဆင့် (၃) နေရာတွင် ရပ်တည်နေသည်။

အသံခေါ်ဆိုမှုတွင် 2G ကွန် ရက် ဆက်လက်တည်ရှိမည် ဖြစ် သော်လည်း 3G ကွန်ရက်သည် မကြာမီ ပျောက်ကွယ်မည် ဖြစ်ကြောင်း၊ မိုဘိုင်းအင်တာ နက်အသုံးပြုသူများသည် 4G ကွန်ရက်ကိုသာ ဆက်လက် အသုံးပြုမည်ဟု ခန့်မှန်းထားကြောင်း ဆက်သွယ်ရေး အော်ပရေတာ MyTel ပြောရေးဆိုခွင့်ရှိသူ ဦး ဇော်မင်းဦးကပြောသည်။

ဈေးကွက်အတွင်းရှိ ဆက် သွယ်ရေးအော်ပရေတာ သုံးခု သည် ၂၀၁၇ ကစတင်၍ 3G ကွန် ရက်ကို 4G ကွန်ရက်အဖြစ် အပြိုင်အဆိုင် အဆင့်မြှင့်တင်ခဲ့ သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်း ဆင်းမ်ကတ် သန်း ၅၀ ကျော် အသုံးပြုပြီး မိုဘိုင်းဖုန်းကိုင် ဆောင် အသုံးပြုသူများ အနက် ၈၀ ရာခိုင်နှုန်းသည် စမတ်ဖုန်း များ ကိုင်ဆောင်ကြောင်း တယ် လီနော စစ်တမ်းတွင် ဖော်ပြထား သည်။

စင်ကာပူနိုင်ငံ၏ စမတ်ဖုန်း ကိုင်ဆောင်မှုသည် ၇၈ ရာခိုင်နှုန်း ရှိပြီးထိုင်းနိုင်ငံ၏ စမတ်ဖုန်းကိုင် ဆောင်မှုက  ၅၉ ရာခိုင်နှုန်းရှိ သည်။

မြန်မာနိုင်ငံသည် အာဆီယံ ဒေသတွင်း ခြောက်နိုင်ငံအနက် အဆင့်မြင့်မိုဘိုင်းဖုန်းကွန်ရက်အ သုံးပြုမှုနှင့် စမတ်ဖုန်းကိုင်ဆောင် မှု အမြင့်ဆုံးနေရာတွင် တည်ရှိ သော်လည်း လူထုအတွင်း မို ဘိုင်းဆင်းမ်ကတ် ၀င်ရောက်ထိုး ဖောက်မှု နှုန်းကျဆင်းနေသည်။

လူဦးရေ အချိုးအစားနှင့် ရောင်းချထားသည့် ဆင်းမ်ကတ် အရေအတွက် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် လူထုအတွင်း မိုဘိုင်းဆင်းမ်ကတ် အမှန် တကယ် ၀င်ရောက်ထိုးဖောက်မှု ၁၀၅ ရာခိုင်နှုန်းတွင်တည်ရှိသော် လည်း အမှန်တကယ်မိုဘိုင်းဖုန်း အသုံးပြုသူသည် နိုင်ငံ့လူဦးရေ ထက်ဝက်သာရှိသည်။

ထိုင်းနိုင်ငံ၏ မိုဘိုင်းဆင်းမ် ကတ်အသုံးပြုမှုသည် နိုင်ငံ့လူဦး  ရေ ၈၅ ရာခိုင်နှုန်းဖြစ်ပြီး လူထု အတွင်း မိုဘိုင်းဆင်းမ်ကတ် ၀င် ရောက်ထိုးဖောက်မှုတွင် ဗီယက် နမ်နိုင်ငံသည် ၁၅၂ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးရပ် တည်နေသည်။

မြန်မာနိုင်ငံတွင် မြို့ပြ၌ နေ ထိုင်သူများသည် လူတစ်ဦးချင်း စီအလိုက် တစ်လလျှင်မိုဘိုင်းအင်တာနက်ကို 4GB ပမာဏအထိ အသုံးပြုနေကြောင်း၊ အဆိုပါပမာဏသည် ဥရောပနိုင်ငံများ ရှိ မိုဘိုင်းအင်တာနက် အသုံးပမာဏထက် ကျော်လွန်နေကြောင်း တယ်လီနော စီအီးအိုအဲရစ်တဲလ် မန်း ကပြောသည်။

7Day

0 comments:

Post a Comment