ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ တင်သွင်းသည့် ရခိုင်အရေးနှင့်ပတ်သတ်သည့် အဆို မှာ ယနေ့ကျင်းပသည့် လွှတ်တော်အတွင်း ကန့်ကွက်သူများသဖြင့် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ရသည်။
ယင်းအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး တို့က အဆိုနှင့်ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဆိုနှင့်ပတ်သတ်ပြီး ဆွေးနွေးရာတွင် ရခိုင်အရေးသည် မြန်မာနိုင်ငံ၏ အရေးဖြစ်ပြီး၊ရခိုင်အရေးကို ဆောင်ရွက်ရာတွင် တစ်နိုင်ငံ လုံး၏ အရေးကဲ့သို့ သတိကြီးစွာထားပြီးကိုင်တွယ် ဆောင်ရွက်နေသဖြင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိ သင့်ကြောင်း သဘောထားမှတ်ချက်ပြုခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ၏ သဘောထားမှတ်ချက်အပေါ် အဆိုတင်သွင်းသူက မဲခွဲဆုံးဖြတ်ခြင်းဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူလိုပါကြောင်း တင်ပြခဲ့သဖြင့် လွှတ်တော်ဥက္ကဌ က မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက် ခံမဲ ၆၇မဲ ၊ကန့်ကွက်မဲ ၃၀၄မဲကြားနေ၁မဲဖြင့် အဆို ရှုံးနိမ့်သွားသည်။
အဆိုရှုံးနိမ့်သွားသည့်အပေါ် ဦးအောင်သောင်းရွှေက ”ရခိုင်အရေးကို လုပ်နေပါတယ်။ဆောင်ရွက်နေပါ တယ်ဆိုရင် အဆိုကို မှတ်တမ်းမတင်ခိုင်းဘဲ အတည်ပြုပေးလိုက်ရမှာပေါ့။ဘာဖြစ်လို့ မှတ်တမ်းတင်ခိုင်းရ တာလဲ။ထိထိရောက်ရောက်မလုပ်ပေးချင်လို့လားလို့ မေးခွန်းထုတ်ချင်တယ်”ဟု Popular News ကို ပြော သည်။
စိုင်းလမင်း
Popular News Journal
0 comments:
Post a Comment