Sunday, February 18, 2018

သက်ငယ်မုဒိမ်းမှုတွေကို ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သတင်းထုတ်ပြန်


သက်ငယ်မုဒိမ်းကျူးလွန်သူများအားအမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရေးနှင့် ထိရောက်သောပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၃/၂၀၁၈)

၁။ လူမှုကွန်ရက်မီဒီယာများနှင့် သတင်းဂျာနယ်များတွင် သက်ငယ်မုဒိမ်းမှု များဖြစ်ပွားနေသည့် သတင်းများ ကိုမကြာခဏတွေ့ရှိနေရပါသည်။ သက်ငယ်မုဒိမ်းမှုများကို၂၀၁၆ ခုနှစ်က ၆၇၁ မှုနှင့် ၂၀၁၇ ခုနှစ်တွင်၈၉၇ မှုဖြစ်ပွားခဲ့ခြင်းကြောင့် ၂၂၆ မှုပိုမိုလာပါသည်။အသက် ၁၆ နှစ်အထက် မုဒိမ်းမှုမှာ ၂၀၁၆ ခုနှစ်တွင် ၄၂၉ မှုနှင့် ၂၀၁၇ ခုနှစ်တွင် ၅၀၈ မှုဖြစ်ပွားခဲ့ခြင်းကြောင့် ၇၉ မှုပိုမို လာပါသည်။ မုဒိမ်းမှုစုစုပေါင်းမှာ၂၀၁၆ ခုနှစ်က ၁၁၀၀ မှုနှင့် ၂၀၁၇ ခုနှစ်တွင် ၁၄၀၅ မှုဖြစ်ပွားခဲ့ ခြင်းကြောင့် ယခင်နှစ်ကထက် ၃၀၅ မှုပိုမိုလာ သည်ကိုတွေ့ရှိရပါသည်။

၂။ ထိုကဲ့သို့ သက်ငယ်မုဒိမ်းမှုများနှင့် ၁၆ နှစ်အထက် မိန်းကလေးများမုဒိမ်းကျင့်ခံရခြင်းသည် ကလေးသူငယ် များအပါအဝင် အမျိုးသမီးအခွင့်အရေးများ ထိခိုက်မှုပင်ဖြစ်ပါသည်။ အချို့အမှုများတွင် မုဒိမ်းမှုကျူးလွန်သည့် အပြင် ပစ္စည်းလုယက်ခြင်း၊ လူသတ်၍ အလောင်းဖျောက်ခြင်းစသည့် ရက်စက်သောရာဇဝတ်မှုများကိုပါ ကျူးလွန်လာသည်ကိုလည်း တွေ့ရှိရပါသည်။ ယင်းဖြစ်ရပ်များ သည် ကလေးသူငယ်များနှင့် အမျိုးသမီးများ ၏ ဘဝလုံခြုံမှုကိုခြိမ်းခြောက်နေသည့်အပြင် မိဘများ အတွက် စိုးရိမ်သောကရောက်နေရသည့်အခြေ အနေ များဖြစ်ပါသည်။

၃။ သို့ဖြစ်၍ အဆိုပါမုဒိမ်းမှုကျူးလွန်မှုများ၊ အထူးသဖြင့် သက်ငယ်မုဒိမ်းမှုကျူးလွန်မှုများကို မဖြစ်ပွားစေရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ကြပြီး၊ ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံးဖော် ထုတ် ဖမ်းဆီးနိုင်ရေး ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက် ကြပါရန်နှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်ပြင်းထန်စွာ ပြစ်ဒဏ်ပေးနိုင်ရေး ဆောင်ရွက်နိုင်ပါ ရန် သက်ဆိုင်ရာတာဝန်ရှိသူများသို့ မြန်မာနိုင် ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အလေးအနက် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်
Popular News Journal

0 comments:

Post a Comment