Thursday, February 22, 2018

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို တတိယအကြိမ်ရုံးထုတ်


ရသေ့တောင်မြို့ နယ်စာပေဟောပြောပွဲနှင့် ပတ်သက်၍ အမှုဖွင့်ခံထားရသူ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ဖေဖော်ဝါရီ ၂၁ ရက်က စစ်တွေခရိုင်တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်စစ် ဆေးခဲ့သည်။
ယင်းသို့ ရုံးထုတ်စဉ် ၎င်းတို့ နှစ်ဦးသည် မိသားစုဝင်အချို့အ ပါအဝင် ၎င်းတို့ကို ဝန်းရံသူအချို့ နှင့် တွေ့ဆုံခွင့် ရရှိပြီး တရား ရုံးနှင့် အနီးဝန်းကျင်ကို လုံခြုံရေး အထူးတင်းကျပ်ထားခဲ့သည်။

‘‘လုံခြုံရေးတွေက တရားရုံး ပတ်ဝန်းကျင်မှာ အသွင်နှစ်မျိုးနဲ့ တွေ့ရတယ်။ ယူနီဖောင်းဝတ်ပြီး တချို့နဲ့ ယူနီဖောင်းမပါဘဲတချို့ ဖြစ်ပါတယ်’’ဟု တရားရုံးသို့ သွား ရောက်ဝန်းရံသူ ဦးလှကျော်က ပြောသည်။

ဒေါက်တာအေးမောင်အနေ ဖြင့် ၎င်းအပေါ် စွပ်စွဲချက်များ သည် ကွဲလွဲမှုရှိကြောင်း ဖေဖော် ဝါရီ ၉ ရက် ရုံးထုတ်စဉ် ပြောကြားထားသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သော ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့တွင် ပြုလုပ်သည့် ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ်အ ခမ်းအနားဟောပြောချက်အချို့ နှင့် ပတ်သက်၍ စစ်တွေ အကျဉ်း ထောင်တွင် ဖမ်းဆီးထားသည်။

မတရားအသင်းအက်ဥပဒေ ပုဒ်မဖြင့် ရသေ့တောင်မြို့နယ် တရားရုံးတွင် ၎င်းတို့နှစ်ဦးကို တရားစွဲဆိုချက်ကို လည်း စစ်တွေ မြို့နယ်တရားရုံးသို့ ပြောင်းရွှေ့ ထားကြောင်း အမှုလိုက်ပါဆောင် ရွက်ပေးနေသည့် တရား လွှတ် တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

နောက်တစ်ကြိမ် ရုံးချိန်းကို မတ်လ ၃ ရက်သို့ ထပ်မံ ချိန်းဆို ထားသည်။

7Day

0 comments:

Post a Comment