Monday, February 19, 2018

သိကြားမင်းတန်ခိုးပြလျှင်ပင် ကုန်ဈေးနှုန်း ကျမည်မထင်ကြောင်း လွှတ်တော်အမတ်ပြော


မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး သိကြားမင်းတန်ခိုးပြ၍ချလျှင်ပင်  ကျမည်မဟုတ်ကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထွန်းဝင်းသောင်းက ပြောသည်။
ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည့် အမျိုးသားလွှတ် တော်အစည်းအဝေးတွင် ကျေးရွာ တစ်ရွာ၊ ထုတ်ကုန် တစ်မျိုး ထုတ်လုပ်ပေးနိုင်ရေး အစီအစဉ်ကို ဆင်းရဲသော တိုင်းနှင့်ပြည် နယ်များတွင်ဦးစားပေးဆောင်ရွက် ရန် အဆိုနှင့်ပတ်သက်၍ ဆွေးနွေးရာ ၎င်းကအထက်ပါအတိုင်း ပြော ကြားသည်။

‘‘ကျွန်တော်တို့တွေ ၀ယ်စား လာကြတာ လွန်ခဲ့တဲ့ နှစ် ၅၀ ၊ ၆၀ လောက်ကနေ အခုထိ ၀ယ် စားနေကြ တယ်။ ဟိုနိုင်ငံက တင် သွင်းရင်လည်း ၀ယ်စား၊ ဒီနိုင်ငံ က တင်သွင်းရင်လည်း ၀ယ်စား  လုပ်နေကြတာ။ သိကြားမင်းက တန်ခိုးပြရင်တောင် ကုန်ဈေးနှုန်း ကျမှာ မဟုတ်လို့ ဒေသအချို့မှာ စွမ်းသလောက် အကောင်အ ထည်ဖော်မှ ကောင်းမွန်တဲ့နေရာ ရောက်မှာ ဖြစ်ပါတယ်’’ဟု ဒေါက်တာထွန်းဝင်းသောင်းက ပြော သည်။

ထို့အပြင် ရွာတစ်ရွာ ထုတ် ကုန်တစ်မျိုး ဆောင်ရွက်ရာ၌ ယခင်ခေတ်က စိုက်ပျိုးသည့် ကြက်ဆူပင်ကဲ့သို့ မျိုးစေ့မမှန်ပင် မသန်ဖြစ်ခဲ့သည့် ဖြစ်စဉ်များအပေါ် သင်ခန်းစာယူရန် ဒေါက်တာထွန်းဝင်းသောင်းက လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

‘‘အဲဒီတုန်းက ဇီဝလောင်စာ ထုတ်ဖို့ ကြက်ဆူပင်စိုက်မယ့်အ စား ကျွန်းပင်တွေသာ စိုက်ဖြစ်ခဲ့ရင် ဂင်းနစ်စာ အုပ်တွေမှာတောင် မှတ်တမ်းဝင်မှာပါ။ ဆိုလိုတာက ဘယ်လုပ်ငန်းကိုပဲ လုပ်လုပ် စေ တနာအမှန်နဲ့ ရည်ရွယ်အောင်မြင် အောင် အာရုံစိုက်လုပ်ပြီး မတော် မရိုးတဲ့သဘောနဲ့ ဖော်ရှိုးမဖြစ်စေ ဖို့ သတိပြုပြီး ဆောင်ရွက်သွားကြ ရန် တင်ပြအပ်ပါတယ်’’ဟု ၎င်း ကပြောသည်။

မြန်မာနိုင်ငံတွင် နေထိုင် သည့် လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသနေ ဆင်းရဲသူ များ ဖြစ်ပြီး ၎င်းတို့၏ နေရာဒေသ များတွင် ယခုအချိန်ထိ ဖွံ့ဖြိုး တိုးတက်လာခြင်း မရှိသေး ကြောင်း ပဲခူးတိုင်းဒေသကြီး မဲ ဆန္ဒနယ်အမှတ်(၅) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဒေါက် တာတင်တင်ဝင်းက ပြောသည်။

‘‘မြို့တွေပေါ်မှာ မိုးပျံတိုက် တွေ    ဘယ်လောက်ဆောက် ဆောက်  ဒီ ၇၀ ရာခိုင်နှုန်းသော ပြည်သူကို အရင်တိုးတက်အောင် မပြုလုပ်ရင် တိုင်းပြည်တိုးတက် တယ်လို့ မခေါ်ဆိုပါဘူး။ သူတို့ကို ဘယ်လို တိုးတက်အောင် လုပ်မ လဲဆိုတာ မဟာဗျူဟာ၊ နည်းဗျူ ဟာများ ချမှတ်ဆောင်ရွက်သွား ဖို့ လိုပါတယ်’’ဟု ဒေါက်တာ တင် တင်ဝင်းက အဆိုကို ဆွေးနွေးရာ တွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ပြည်သူများသည် လုပ်အားနှင့်မျှတ သည့် ၀င်ငွေမရခြင်းကြောင့် နိုင်ငံတကာသို့ သွားရောက် အလုပ်လုပ်ကိုင်နေရပြီး ပြည်တွင်း၌အလုပ် လုပ်ရန်   လူငယ်လူရွယ်နည်းပါး ကြောင်း  ၎င်းကထောက်ပြသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်ထုမေ တင်သွင်းသည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ပေး နိုင်ရေးအစီအစဉ်ကို ဆင်းရဲသော ပြည်နယ်နှင့်တိုင်းများ အား ဦးစား ပေးဆောင်ရွက်ပေးရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ်ငါးဦး က ဆွေးနွေးပြီးနောက် ဆွေး နွေးရန် ကျန်ရှိနေသေးသည့် ကိုယ်စားလှယ်များနှင့် သက်ဆိုင် ရာဝန်ကြီးဌာနက ပြန်လည်ရှင်း လင်းပြီး အဆိုအတည်ပြု၊ မပြု ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပ မည့် အမျိုးသားလွှတ်တော်အ စည်းအဝေး၌ ဆောင်ရွက်မည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြောသည်။

7Day

0 comments:

Post a Comment