Wednesday, February 28, 2018

လက်ရှိကျောင်းသားများပါဝင်သည့် ရွေးကောက်ခံကျောင်းသားသမဂ္ဂများဖွဲ့စည်းရေး ကူညီပံ့ပိုးပေးမှုသည် ပညာရေးဝန်ကြီးဌာန၏ မူဝါဒဖြစ်ဟုဆို


လက်ရှိ တက္ကသိုလ်တက် ရောက်နေသည့် ကျောင်းသား များပါဝင်သည့် ရွေးကောက်ခံ ကျော်းသားသမဂ္ဂများ တက္ကသိုလ် တိုင်းတွင် ဖွဲ့စည်းရေးကို ကူညီပံ့ ပိုးပေးမှုသည် ပညာရေးဝန်ကြီး ဌာန၏ မူဝါဒဖြစ်သည်ဟု ပညာ ရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအောင်အောင်မင်း က ပြောသည်။
 
သစ်တောတက္ကသိုလ် ကျောင်းသားများသမဂ္ဂပထမအ ကြိမ် အလုပ်အမှုဆောင်အဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဖေဖော် ၀ါရီ ၂၄ ရက်က နေပြည်တော်ရှိ သစ်တောတက္ကသိုလ်တွင် ကျင်းပ ရာ ပညာရေးဝန်ကြီးဌာနကိုယ် စားလှယ်အနေဖြင့် အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တက် ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ 7Day  Daily က မေးမြန်းရာကျောင်းသားသမဂ္ဂဖွဲ့စည်း မှုအ ပေါ် ပညာရေးဝန်ကြီးဌာန၏ မူဝါဒကို ၎င်းကထည့်သွင်းဖြေ ကြားသည်။

‘‘ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ကတော့ ကျောင်းသား သမဂ္ဂတွေဖွဲ့စည်းမှုကို ကူညီပံ့ပိုး ပေးရမယ်။ ဒါက ၀န်ကြီးဌာနရဲ့ မူဝါဒပဲ။ ကျွန်တော်တို့ အဓိက အားပေးတာက ကိုယ့်ကျောင်းက ဖွဲ့ထားတာမျိုးပေါ့။ ဗကသ (ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)၊ နကသ (နိုင်ငံလုံးဆိုင်ရာ   ကျောင်းသား သမဂ္ဂ)တွေ လည်း ရှိပါတယ်။ ဗကသဆို ဗိုလ်ချုပ်အောင်ဆန်းတို့၊ ၀န်ကြီးချုပ်ဦးနုတို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သမိုင်းကြောင်း လည်း အကြီးဆုံးပဲလေ။ လောလော ဆယ်ကတော့ သွားမယ့်ဟာက Autonomous University (ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်) လည်းဖြစ်နေတော့ ကျောင်းတစ် ကျောင်းချင်းကို ရှိထားစေချင်တယ်’’ဟု ဒေါက် တာအောင် အောင်မင်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် တက္ကသိုလ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များအ ဖြစ် လွတ်လပ် စွာ စီမံခွင့်ပေးရန် စီစဉ်နေသည်။ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တက္ကသိုလ်များဖြစ်လာပါက တက္ကသိုလ်တိုင်းတွင် ကိုယ်ပိုင် တက္ကသိုလ် ပဋိညာဉ်ရှိရမည်ဖြစ် ကာ ပဋိညာဉ်အရ ကျောင်းသား သမဂ္ဂများသည် တက္ကသိုလ်တိုင်း တွင် မရှိမဖြစ် အဖွဲ့အစည်းများ အဖြစ် ပါဝင်လာမည်ဖြစ်သည်။

‘‘အမျိုးသားပညာရေးဥပဒေ မှာလည်း ကျောင်းသားသမဂ္ဂတွေ ရဲ့ အခန်းကဏ္ဍကိုလည်း ဖော်ပြ ထားတယ်။ နောက်ပိုင်းတက္ကသိုလ်ပဋိညာဉ်တွေ ထွက်လာရင်လည်း ဒီလိုအဖွဲ့အစည်းတွေကပါလာတော့မှာ။ ကျွန်တော် တို့ လက်ခံတာကတော့ ရွေးကောက်ပွဲလုပ်ပြီးတော့ ကျောင်းသားက အခုလက်ရှိ ဒီပညာသင်နှစ်မှာ တက်နေ တဲ့၊ ဒီနှစ်မှာ ရွေးကောက် ပွဲလုပ်တယ်ဆို ဒီပညာသင်နှစ်မှာ တက်နေတဲ့ ကျောင်းသားတွေက မဲပေးပြီးတော့ ဖြစ်လာတဲ့သမဂ္ဂ ကို လက်ခံတာပါ’’ဟု ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

တက္ကသိုလ်အများစုတွင် ဗကသ၊ တကသ ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းဆောင်ရွက်နေ သော်လည်း သစ်တောတက္ကသိုလ် ကျောင်းသားသမဂ္ဂကျမ်းကျိန်ပွဲ သည် ကျောင်းသားသမဂ္ဂဖွဲ့စည်း မှု၊ ရုံးခန်းဖွင့်လှစ်မှု အခမ်းအနား များသို့ ပညာရေးဝန်ကြီးဌာန တာ ၀န်ရှိသူများတက်ရောက်သည့် တတိယအကြိမ်အခမ်းအနား ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ကျောင်း သားသမဂ္ဂရုံးခန်းကို ၂၀၁၇ ဇူလိုင်၉ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ တက်ရောက်ဖွင့်လှစ်ခဲ့ သည်။ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်း ကို ၂၀၁၇ သြဂုတ် ၁၀ ရက်က ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးအပါအ၀င် တိုင်းအစိုးရအဖွဲ့ ၀န်ကြီးများ တက်ရောက်ဖွင့်လှစ် ခဲ့သည်။

7Day

0 comments:

Post a Comment