Monday, February 19, 2018

ဂျပန်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က လူ၏ခန္ဓာကိုယ်ကို စောင့်ကြည့်ပေး နိုင်သောမျက်နှာပြင် ဖန်တီး


ဂျပန်သိပ္ပံပညာရှင်များသည် လူ၏ခန္ဓာကိုယ်၌ တိုက်ရိုက်တပ်ဆင်ထား နိုင်ပြီး ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နိုင်သော အရေပြားမျက် နှာပြင်တစ်ခုကို ဖန်တီးခဲ့ကြသည်။ တစ်မီလီမီတာသာ ထူသော ယင်းမျက် နှာပြင်ပါးသည် လူ၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ပေးနိုင်ပြီး သတင်းစကားများကိုလည်း လက်ခံပေးပို့နိုင်မည်ဖြစ်သည်။
ယင်းကိရိယာကိုတီထွင်ခဲ့သော တိုကျိုတက္ကသိုလ်ပါမောက္ခ တာကာအိုဆိုမီယာက ယင်းအရေပြားတုမျက်နှာပြင်သည် အိပ်ရာထဲလဲနေသော လူနာများအတွက် ဆရာဝန် နှင့် ချိတ်ဆက်နိုင်သော ကိရိယာတစ်ခုဖြစ် လည်းကောင်း၊ ဆွေမျိုး များနှင့် အဝေးမှတစ် ဆင့်ဆက်သွယ်နိုင်သည့် ကိရိယာအဖြစ်လည်းကောင်း ရည်ရွယ်ထားသည်။

လက်ဖမိုးတွင်တပ်ဆင်ထားသော ယင်း မျက်နှာပြင်သည် ဆေးသောက်ချိန်၌ လူနာကို အချက်ပြနိုင်မည်ဖြစ်ပြီး အဝေးရောက်နေသော သားသမီးမြေးမြစ်များနှင့် ဘိုးဘွားများကိုလည်း အဆက်အသွယ်ပြုလုပ်နိုင်စေမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများပြားသော ဂျပန်တွင် ယင်းကိရိယာတီထွင်မှုက အသုံးဝင်နိုင်မည်ဖြစ်ပြီး အဆက်မပြတ် စောင့်ကြည့် မှုကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဆိုမီယာက ပြောကြားခဲ့သည်။

ထိုမျက်နှာပြင်ပါးကို ခန္ဓာကိုယ်တွင် အထိအခိုက်မရှိဘဲ တစ်ပတ်ခန့်တပ်ဆင်ထားနိုင်မည်ဖြစ်ကြောင်း၊ ၀တ်ဆင်ထားသည် ကိုပင် သတိမပြုမိနိုင်သည်အထိ ပေါ့ပါးကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဂျပန်၏ ပုံနှိပ်လုပ်ငန်းကြီး Dai Nippon Printing နှင့် ပူးပေါင်းပြီး ယင်းကိရိယာကို ဖန်တီးခဲ့သော ဆိုမီယာက သုံးနှစ်အတွင်း ဈေးကွက်တင်နိုင်ရန် မျှော်မှန်းထား သည်။

Ref: AFP
Eleven Media Group

0 comments:

Post a Comment