Wednesday, February 21, 2018

လားရှိုးရိုးမဘဏ် မိုင်းပေါက်ကွဲမှု နှစ်ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ


ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့  ရိုးမဘဏ် ဘဏ်ခွဲ (၁) တွင် ယမန်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်က မိုင်းပေါက် ကွဲရာ ဘဏ်ဝန်ထမ်းအမျိုးသမီး နှစ်ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
လားရှိုးမြို့ အမှတ် (၂) ရပ် ကွက် လမ်းမတော်လမ်းနှင့်ရွှေဘို လမ်းဆုံရှိ ရိုးမဘဏ်ခွဲ (၁) ၏ ဘေးဘက် ရေမြောင်းနေရာ၌ ဖေဖော်ဝါရီ ၂၁ ရက် ညနေ  ၄ နာရီ မိနစ် ၄၀ တွင် ဒေသန္တရမိုင်းတစ်လုံး ပေါက်ကွဲ မှုဖြစ်ပြီး (စိစစ်ဆဲ) အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ထောင်ထားခြင်းဖြစ် ကြောင်း တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။

ပေါက်ကွဲမှုကြောင့် ရိုးမ ဘဏ်အတွင်းပိုင်းတွင် ပျက်စီးမှု များခဲ့ပြီး ကပ်လျက် ဧရာဝတီ ဘဏ်နှင့် မျက်နှာချင်း ဆိုင်ရှိ ပြည်နယ်ကျန်းမာရေး ဦးစီးဌာန ရုံး၌လည်း ပျက်စီးမှုရှိခဲ့သည်။

‘‘ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့ ကျွန်တော်ရှိနေတဲ့နေရာက မိုင် ဝက်လောက် ဝေးတာတောင် တော်တော်တုန် သွားတယ်။ လူ တွေက သွားကြည့်တာထက် ထွက် ပြေးလာသူတွေက ပိုများတယ်’’ဟု လာရှိုးမြို့ခံ ကိုနေမျိုး က ပြော သည်။

ယင်း ပေါက်ကွဲမှုကြောင့် ရိုးမဘဏ်ဝန်ထမ်းနှစ်ဦးဖြစ်သည့် အသက် (၄၈) နှစ်အရွယ် ဒေါ်စန္ဒာထွန်းနှင့် (၃၉) နှစ်အရွယ်   ဒေါ်မော်မော်တို့ သေဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ဒဏ်ရာရသူများမှာ အမျိုးသားကိုးဦးနှင့် အမျိုးသမီး ၁၃ ဦး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

‘‘ပေါက်ကွဲတဲ့ အချိန်မှာ ပေါက်ကွဲမှုရဲ့ အရှေ့တည့်တည့် မှာ သူ (ဆိုင်ကယ်စီးအမျိုးသမီး) ရောက်နေတာ။ ပေါက်ကွဲမှု အရှိန် နဲ့ လွင့်ထွက်သွားတယ်’’ ဟု အခင်းဖြစ်ရာ နေရာသို့ သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပေါက်ကွဲမှု၏ ပြင်းအားကိုပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီး ၁၀ မိနစ် ခန့် အကြာတွင် အခင်းဖြစ်ရာ နေရာအနီးသို့ သွားရောက်ခဲ့သော လားရှိုးမြို့ ဒေသခံ ကိုနေမျိုးက ‘‘ကျွန်တော် ရောက်သွားတော့ ဘဏ်ဝန်ထမ်း ကောင်မလေး တ ချို့အပြင် ရောက်နေပြီ။ တချို့က လည်း ခေါင်းတွေကိုင်ပြီး ထွက် လာတယ်။ ပေါက်ကွဲတာကလမ်း မတော်လမ်းဘက်ကဆိုတော့ အဲဒီ ဘက်မှာ ဟာလာဟင်းလင်း ဖြစ် သွားတာ’’ ဟု ပြောသည်။

 ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် လုံခြုံရေးအဖွဲ့က လမ်းမ တော်လမ်းကို ယာယီပိတ်ပြီး မိုင်း ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကာ ည ၈ နာရီ၌ လမ်းပြန်ဖွင့်ပေးခဲ့ သည်။ ထို့အပြင် ရွှေဘိုလမ်းကို လည်း  ကတ္တရာပုံးများဖြင့် ယာ ယီပိတ်ခဲ့သည်။

ပေါက်ကွဲမှုကြောင့် ထရန်စ ဖော်မာ ပျက်စီးကာ မီးပြတ်ခဲ့သ ဖြင့် တာဝန်ရှိသူများက ချက်ချင်း ပြင်ဆင်ကာ လျှပ်စစ်မီးပြန်လွှတ် ပေးခဲ့သည်ဟု ဒေသခံများကဆို သည်။ ပေါက်ကွဲမှု အလွန်ပြင်းထန်ကာ ပေ ၁၀၀ အနီးဝန်းကျင်ရှိ လူ၊ အဆောက်အအုံနှင့် ကား၊ ဆိုင်ကယ်များ ပျက်စီးထိခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ရိုးမဘဏ်နှင့် ကပ်လျက်ရှိသော ဧရာဝတီဘဏ်လည်း မျက်နှာစာဘက်ခြမ်း ပျက်စီးပြီး လမ်းတစ်ဖက်ခြမ်းရှိ ကျန်းမာရေးဦးစီးဌာနရုံး မျက်နှာစာမှန်များ ကွဲကြေခဲ့သည်။

လားရှိုးမြို့လယ်တွင် ယခု ကဲ့သို့ မိုင်းပေါက်ကွဲမှုကြီးကြီးမား မားဖြစ်ပွားခြင်းမျိုး ယခင်က မရှိ ခဲ့ဟု ကိုထွန်းမြင့်က ပြောသည်။

‘‘ပြင်ပြင်းထန်ထန် ပေါက် ကွဲမှုက ဒါပထမဆုံးအကြိမ်ထင် တာပဲ။ မြို့ထဲမှာ။ မြို့လယ်လည်း ဖြစ်တယ်၊ ရဲစခန်းနဲ့လည်း နီး တယ်၊ ဆေးရုံနဲ့လည်း နီးတယ်၊ ဈေးနဲ့လည်း နီးတဲ့နေရာဖြစ် တယ်’’ ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ မြို့လယ်တွင် မိုင်း ထောင်ဖောက်ခွဲသည့် လုပ်ရပ်ကို မည်သည့်အဖွဲ့က လုပ်ဆောင် သည်ကို ခန့်မှန်းရခက်သည်ဟု ကိုထွန်းမြင့်က ပြောသည်။

‘‘ကျွန်တော်တို့ ရှမ်းပြည်မှာ တော့ အဖွဲ့အစည်းမြောက်မြား စွာ ရှိနေတာ။ ကျွန်တော်တို့ဘာသွားပြောမလဲ’’ ဟု ၎င်းကဆိုသည်။

ယခုမိုင်းပေါက်ကွဲမှု မတိုင် မီ ခုနစ်လကျော်က တပ်မတော် အပါအဝင် လုံခြုံရေးအဖွဲ့များက လားရှုံးမြို့ခံများအား လက်ကမ်း စာစောင်များ ဖြန့်ဝေကာ အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့ဝင် များက လားရှိုးမြို့ပေါ်ရှိ လူစည် ကားရာ ဈေး၊ ကားဂိတ်၊ ဘူတာ ရုံနှင့် အစိုးရဌာနဆိုင်ရာရုံး အ ဆောက်အအုံများကို ဗုံးခွဲတိုက် ခိုက်ရန် ပစ်မှတ်ထား လေ့လာနေ သည်ဟု သိရကြောင်း လိုက်လံ သတိပေးခဲ့သည်။

၂၀၁၇ ဇူလိုင် ၈ ရက်က စတင်ဖြန့်ဝေခဲ့သည့် ယင်းလက် ကမ်းစာစောင်များတွင် ‘လားရှိုး မြို့တွင်းရှိ ပြည်သူလူထု၏ အ သက်အိုးအိမ်စည်းစိမ်များ ထိ ခိုက်ပျက်စီးစေရန် ရည်ရွယ်ချက် ဖြင့် KIA မှ အမျိုးသား ခြောက်ဦး နှင့် အမျိုးသမီးလေးဦးကို ဗုံး ဖောက်ခွဲရန် စေလွှတ်ထား ကြောင်း၊ TNLA အဖွဲ့ကလည်း ဗုံးခွဲကျွမ်းကျင်သူ ၂၀ ဦးခန့်က ဗုံးခွဲတိုက်ခိုက်မည့် နေရာများသို့ ကြိုတင်လေ့လာနေကြောင်း သိ ရသည်’ ဟု ပါရှိသည်။

ထိုသို့ လက်ကမ်းစာစောင် ဖြန့်ဝေမှုနှင့် ပတ်သက်ပြီး ကချင် လက်နက်ကိုင်အဖွဲ့ (KIA) နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) တာဝန်ရှိသူတို့က ငြင်း ဆိုခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းသည် ၎င်းတို့အဖွဲ့များ အပေါ် လူထုအထင်အမြင်လွဲမှား အောင် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ယင်းသို့ဗုံးခွဲတိုက်ခိုက် ရန် မူဝါဒများမရှိကြောင်း တုံ့ပြန် ဖြေကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ KIA နှင့် TNLA တို့က ငြင်းဆို

ယခုလားရှိုးမြို့ ရိုးမဘဏ် မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး TNLA သတင်းနှင့်  ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က ‘‘ မြို့ ထဲမှာ ဖြစ်နေတော့ ဘယ်အဖွဲ့ အစည်းဖြစ်မယ်ဆိုတာ ပြောရ ခက်တယ်။ ဗုံးကလည်း နေရာတ ကာကွဲနေတာ။ ကျွန်တော်တို့ ကတော့ အဲဒီလိုပြုလုပ်တာတစ် ခါမှ မရှိဘူး။ အများပြည်သူနဲ့ဆိုင် တဲ့နေရာ၊ ပုဂ္ဂလိကနဲ့ ဆိုင်တဲ့နေ ရာမှာ။ ကျွန်တ်ာတို့ မူဝါဒလည်း မရှိဘူး’’ ဟုဖြေကြားသည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း ယခု လားရှိုးမြို့ ရိုးမဘဏ် မိုင်းပေါက် ကွဲမှုသည် KIO/KIA မှလုပ် ဆောင်ခြင်းမဖြစ်နိုင်ဟု ပြော သည်။ ‘‘KIOကပြည်သူလူထုကို ဒုက္ခပေးတာတွေ၊ ပြည်သူလူထု ရှိ တဲ့နေရာမှာ အခုလိုမျိုး ဒုစရိုက် တွေ မလုပ်ပါဘူး။ ပေါ်လစီလည်း မရှိပါဘူး’’ ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆိုသည်။

ရိုးမဘဏ် မိုင်းပေါက်ကွဲမှု သည် KIA ကဆက်ကြေးကောက် ခံသည့်အပေါ် မပေး၍မိုင်းခွဲတိုက် ခိုက်ခံရခြင်း ဖြစ်သည်ဟု မိုင်း ပေါက်ကွဲအပြီး နာရီပိုင်းအကြာ တွင် အင်တာနက်လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားမှု များလည်း ရှိခဲ့သည်။ ယင်းနှင့် ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူက ‘‘ဆက်ကြေးကောက်တဲ့နေရာမှာ မပေးရင်လည်း ဆွေးနွေးတာပေါ့။ ကျွန်တော်တို့ကတော့ အကြမ်း ဖက်တဲ့နည်းနဲ့ မလုပ်ဘူးလို့ပြော ခဲ့တယ်။ အခုလည်း အဲဒီလိုပဲ ဆက်ပြောလိုပါတယ်’’ ဟု တုံ့ ပြန်သည်။

လားရှိုးရှိ ရိုးမဘဏ်နှစ်ခုကို ဖေဖော်ဝါရီ ၂၂ ရက်ကစ၍ယာယီပိတ်

ရိုးမဘဏ်က ဘဏ် ဝန်ထမ်းနှစ်ဦး ကွယ်လွန်ခဲ့သည့်အတွက် အထူးဝမ်းနည်းကြေကွဲကြောင်း ဖေဖော်ဝါရီ ၂၁ ရက်ညက သတင်းထုတ်ပြန်သည်။

ဘဏ်ပြန်လည်ဖွင့်လှစ်မည့် ရက်ကို အသိပေးအကြောင်းကြား မည်ဖြစ်ပြီး အခြားမြို့များရှိ ရိုးမ ဘဏ်ခွဲများ ကို ပုံမှန်အတိုင်းဆက် လက်ဖွင့်လှစ်ဆောင်ရွက်မည်ဟု လည်း ထုတ်ပြန်သည်။

ယင်းမိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဧရာဝတီဘဏ်က လည်း ‘အပြစ်မဲ့ ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်စေခဲ့သည့် အကြမ်းဖက်ဖြစ်ရပ်ကို ဧရာဝတီဘဏ်အနေဖြင့် ရှုတ်ချ ပြီး တာဝန်ထမ်းဆောင်ရင်း အ သက်ဆုံးရှုံးခဲ့သည့်  ရိုးမဘဏ်ဝန်ထမ်းနှစ်ဦးအတွက် ဧရာဝတီ ဘဏ် မိသားစုအနေဖြင့် ကျန်ရစ် သူ မိသားစု၊ ရိုးမဘဏ်ဝန်ထမ်း မိသားစုနှင့် ထပ်တူထပ်မျှ ကြေ ကွဲရပါသည်’ ဟု သတင်းထုတ် ပြန်သည်။


7Day
 

0 comments:

Post a Comment