Tuesday, February 20, 2018

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ပြဿနာကို ကောင်းစွာသိရှိကြောင်း လူ/ကယ်/ပြန် ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး ပြော


ရခိုင်ပြည်နယ်ပြဿနာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သေချာမသိဘဲ ကိုင် တွယ်ဖြေရှင်းနေသည်ဆိုသော ဝေဖန်မှုများမှာ မမှန်ကန်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောသည်။
"အဲဒါဆိုရင်တော့ မှားမယ်။ အတိုင်ပင်ပုဂ္ဂိုလ်ဟာ ရခိုင်ပြည်နယ်ကို မရောက်ဖူးဘူးဆိုတာ မှားပါတယ်။ ဒီပြဿနာတွေဖြစ်ပွားပြီးတဲ့နောက်မှာ သူကိုယ်တိုင် ရဟတ်ယာဉ်နဲ့ ရခိုင်ဒေသကြီးတခုလုံးကို ကြည့်ရှုပြီး သား ဖြစ်ပါတယ်။ ဒါကြောင့် သူဟာရခိုင်နဲ့ပတ်သက်ပြီး မသိဘူးဆိုတာ လုံးဝ မဟုတ်ပါဘူး။ အလွန်ကို သိပါတယ်။ အကုန်သိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြားသည်။

ဒေါက်တာ ၀င်းမြတ်အေးသည် ရခိုင်ပြည်နယ်အရေးကိစ္စအတွက် အစိုးရ၏ဆောင်ရွက်ထားမှုအခြေအနေ များနှင့်ပတ်သက်၍ ယနေ့ (ဖေဖော်ဝါရီ ၂၀) ကျင်းပသော ပြည့်သူ့လွှတ်တော်အစည်းဝေးသို့ လာရောက် ရှင်းလင်းခဲ့ပြီး လွှတ်တော်ခန်းမမှပြန်အထွက်တွင် ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အရေးကို သေချာမသိဘဲ ကိုင်တွယ်ဖြေရှင်းနေရသည်ဆိုသော ဝေဖန်ချက်များထွက်ပေါ်နေမှုအပေါ် ၀န်ကြီးအနေဖြင့် မည်သို့ ထင်မြင်ပါသလဲဟု သတင်းထောက်တဦးက မေးမြန်းခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch

0 comments:

Post a Comment