Monday, February 26, 2018

ဘာလင်မြို့ ရခိုင်အရေးညီလာခံ တက်ရောက်ခွင့်မရခြင်းအပေါ် ဒေါက်တာအောင်ထွန်းသက်နှင့် တာဝန်ရှိသူများ ရှင်းလင်း


ဂျာမနီနိုင်ငံ ဘာလင် မြို့တွင်  ပြုလုပ်သော ရခိုင်အရေး နှင့်သက်ဆိုင်သည့် ညီလာခံသို့ တက်ရောက်ခွင့် မရခြင်းကြောင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ လွတ်လပ်စွာ ထုတ်ဖော် တင်ပြနိုင်မည့် အခွင့်အလမ်း ဆုံးရှုံးခဲ့ကြောင်း UEHRD ညှိနှိုင်း ရေးမှူးချုပ် ဒေါက်တာ အောင် ထွန်းသက်က ပြောသည်။
 

ညီလာခံတက်ရောက်ခွင့် ပယ်ဖျက်ခံရ ခြင်းနှင့်ပတ်သက်၍ ပြန်လည် ရှင်းလင်းသည့် သတင်းစာရှင်းလင်း ပွဲကို ရန်ကုန်မြို့၌ ဖေဖော် ၀ါရီ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်များအား ညီလာခံကျင်းပရေး ကော်မတီ က တက်ရောက်ခွင့်ပယ်ချသည့် အကြောင်းရင်း ကို အဆိုပါ ညီလာခံသို့ တက်ရောက်ရန်စီစဉ်ခဲ့ သောအဖွဲ့ဝင်များဖြစ်သည့် ပါမောက္ခ ဒေါက်တာအောင်ထွန်း သက်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ဒေါက်တာ ထွန်းသူရသက်နှင့် ဦးညီငြိမ်းအေး တို့ အပါအ၀င် တာဝန်ရှိသူများက  မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် နိုင်ငံတကာ သံတမန်များအား ရှင်းလင်းတင်ပြခဲ့သည်။

‘‘မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်တဲ့ ညီလာခံတစ်ရပ်မှာ မြန် မာနိုင်ငံက တက်ရောက်ခွင့်မရတာက နားမ လည်နိုင်လောက် အောင် ဖြစ်ရပါတယ်။ ဒါဟာ ပကတိဖြစ်ရပ်တွေ နဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးခွင့်တွေ ကိုပိတ် ပင်ကန့် သတ်ရာလည်းရောက် ပါတယ်’’ ဟု ရခိုင်ပြည်နယ်အ တွင်း လူသားချင်းစာနမှု အကူအ ညီအထောက်အပံ့ပေးရေး၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ညှိနှိုင်းရေး မှူးချုပ်ဒေါက်တာ အောင်ထွန်း သက်ကပြောသည်။

အဆိုပါ The Berlin Conference on Myanmar Genocide ညီလာခံသို့ တက် ရောက်ရန် မြန်မာနိုင်ငံဘက်မှ ဖိတ်ကြားခံရသူများ တစ်ဦးချင်းစီ ၏ အွန်လိုင်းဗီဇာ၊ လေယာဉ်လက်မှတ်များနှင့် တက်ရောက်ခွင့် မှတ်ပုံ တင်ခြင်း အတည်ပြုချက်ကို ဖေဖော်ဝါရီ ၂၂ ရက်တွင်  ရရှိခဲ့ကြောင်း အဖွဲ့ဝင်များက ရှင်းလင်းပြောကြား သည်။

ထို့ပြင် ညီလာခံတက်ရောက် ရန် လေကြောင်းလိုင်း၊ ဟိုတယ် နှင့် ဗီဇာအပါအ၀င် ခရီးစဉ် အစီ အစဉ် အားလုံးကို ဆောင်ရွက်ခဲ့ သော်လည်း ဖေဖော်ဝါရီ ၂၃ ရက် တွင် ပွဲစီစဉ်သူများက အီးမေးလ်မှ တစ်ဆင့် မြန်မာနိုင်ငံမှ ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခံရသူ များကို ခရီးစဉ်ပယ်ဖျက်ကြောင်း အသိပေး အကြောင်းကြားသည်ဟု ပြောကြားသည်။ ထိုသို့ပယ်ဖျက်ရခြင်းသည် ဖေဖော်ဝါရီ ၂၂ ရက်ကတည်းက အခမ်းအနားတက်ရောက်ရန် စာရင်းပေးသွင်းသူအရေအတွက် ကျော်လွန်နေပြီ ဖြစ်၍ ပယ်ဖျက် ရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများ ဘက်မှအကြောင်း ပြချက်ပေးခဲ့သည်ဟု ရှင်းလင်းပွဲ  တာဝန်ရှိသူများက ဆိုသည်။

မြန်မာနိုင်ငံဘက်မှ တက် ရောက်ခွင့် မရသဖြင့် မိမိတို့ အသံကို ဘာလင် ညီလာခံ တွင် ဆွေးနွေးခွင့် မရနိုင်သည့်အပေါ် လွန်စွာ စိတ်ပျက်မိကြောင်း၊ ကာလကြာရှည်စွာ ဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ် ကိစ္စအရေး နှင့် ပတ်သက်၍ အခြေအနေများ ပိုမို ရှုပ်ထွေးအောင်ဖန်တီးမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်မှု များ ရှိကြောင်း တာဝန်ရှိသူများ က သတင်းစာ ရှင်းလင်းပွဲ၌ ထည့်တွင်း ပြောကြားသည်။

ထို့အပြင် ညီလာခံပါ အ ကြောင်းအရာများသည် မြန်မာလူထုအတွက် အလွန်အရေးပါ ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုမရှိကြောင်း ငြင်းဆိုထားသကဲ့သို့ ရခိုင်ပြည်နယ်တွင်း အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်သူများအနေဖြင့် အားလုံးအာရုံစူးစိုက်မှု၊ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသည်ကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် အကြမ်းဖက်မှုများ ထပ်မဖြစ်စေရန် ကြိုတင်ကာကွယ် ရန်နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနိုင်ရေး မြှင့်တင်ရန်မှာလည်း အညီအမျှအရေးကြီးကြောင်း စာနယ်ဇင်းရှင်း လင်းပွဲအပြီး သတင်းထုတ်ပြန်သည်။

ယမန်နေ့က ဘာလင်မြို့တွင် ပြုလုပ်ခဲ့သည့် ညီလာခံသို့ ရန်ဟီး လီအပါအ၀င် နိုင်ငံတကာ လူ့ အခွင့်အရေး လှုပ်ရှားသူများ၊ ပညာရှင်များနှင့် ပြည်ပအခြေ စိုက်မြန်မာအရေး တက်ကြွလှုပ် ရှားသူများတက်ရောက်ခဲ့ သည်။

7Day

0 comments:

Post a Comment