Monday, February 19, 2018

UPDJC ကိုယ်စားလှယ်တိုးချဲ့ဖွဲ့စည်းနိုင်ရေး အစိုးရ နိုင်ငံရေးပါတီနှင့် ဆက်လက်ညှိနှိုင်းရန် အပစ်ရပ် ၁၀ ဖွဲ့ဆုံးဖြတ်


ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံအပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အဆုံးအဖြတ်ပေးရ သည့် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကိုယ် စားလှယ် တိုးချဲ့ဖွဲ့ စည်းနိုင်ရေး အစိုးရ၊ နိုင်ငံရေးပါတီနှင့် ဆက် လက်ညှိနှိုင်းရန် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ၁၀ ဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း ယင်း အဖွဲ့ကိုယ်စားလှယ်များက ပြောသည်။
NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ အစည်းအ ဝေးကို ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ကျင်းပရာ မကြာမီက NCA လက်မှတ်ထိုးခဲ့သော မွန်နှင့် လား ဟူအဖွဲ့တို့က UPDJC တွင် ကိုယ်စားလှယ်ပါဝင်နိုင်ရေး ဆွေး နွေးရာ လက်ရှိရှိနေသည့် ၁၆ ဦး ကို တိုးချဲ့ဖွဲ့စည်းရန် (သို့မဟုတ်) ၁၆ ဦးကိုပင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စား လှယ်များ စုံလင်စွာ ပါဝင်နိုင်ရေး ပြင်ဆင်ဖွဲ့စည်းရန်တို့ ဆွေးနွေးခဲ့သည်။

UPDJC တွင် အစိုးရ၊ လွှတ် တော်၊ တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ် ၁၆ ဦး၊ NCA လက်မှတ်ထိုးတိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များ ကိုယ်စားလှယ် ၁၆ ဦး အချိုးကျ ဖွဲ့စည်းထား၍ တိုင်းရင်းသားအ ဖွဲ့များက ကိုယ်စားလှယ်တိုးချဲ့လို ပါက အစိုးရနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့၏ သဘောထားရယူရ မည်ဖြစ်သည်။

‘‘အခုလက်ရှိ ကျွန်တော်တို့ က ၁၆ ဦးရှိတယ်။ သူတို့ပါလာ ရင် ၁၆ ဦး တိုးမလား။ တိုးလို့မရဘူး အခက်အခဲ ရှိတယ်ဆို ၁၆ ဦး အထဲမှာကိုပဲ သူတို့ပါနိုင်အောင် ကျန်ရှိနေတဲ့လူတွေက ပြန်ပြီး တော့ နေရာပေးရ မှာပေါ့’’ဟု ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

UPDJC ကိုယ်စားလှယ်တိုး ချဲ့ဖွဲ့စည်းရေး (သို့မဟုတ်) ပြင် ဆင်ဖွဲ့စည်းရေးကိစ္စဆွေးနွေးရန် မကြာမီ အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်ရှိကြောင်း ၎င်းက ဆိုသည်။

‘‘သက်ဆိုင်ရာ အစိုးရတို့၊ တပ်မတော်တို့၊ နိုင်ငံရေးပါတီတို့ နဲ့ သွားညှိဖို့လိုတယ်။ အဖွဲ့သစ် တွေပါလာတဲ့ အတွက် UPDJC ကို ဘယ်လိုပြန်ပြီးတော့ စုဖွဲ့မလဲ ဆိုတာပေါ့။ သွားညှိမယ်ဆိုရင် စုဖွဲ့ပုံအသစ် ညှိရမှာပေါ့။ ညှိတဲ့ အချိန်မှာ အစိုးရရော၊ နိုင်ငံရေးပါတီရော သဘောတူတဲ့ပုံစံကိုလိုက်ရမှာပေါ့’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) တွင် မွန်အဖွဲ့ အနေဖြင့် ကိုယ်စားလှယ်ပါဝင်နိုင် မည်ဖြစ်သော်လည်း လားဟူအဖွဲ့ ပါဝင်နိုင်ခြင်းမရှိဟု ကရင်အမျိုး သားအစည်းအရုံး (KNU) အထွေ ထွေအတွင်းရေးမှူးချုပ် ပဒိုစော တာဒိုမူးက ပြောသည်။

‘‘လားဟူက နဂိုကတည်းက တပ်မတော်နဲ့ နိုင်ငံတော်တာဝန် ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ နားလည်မှု သဘောတူ ထားတဲ့ အချက်က လားဟူအနေနဲ့ JMC ထဲမှာတော့ မပါဘူး’’ဟု ၎င်းက ဆိုသည်။

သို့ရာတွင် လားဟူအဖွဲ့အ နေဖြင့် UPDJC နှင့် NCA အ ကောင်အထည်ဖော်မှုဆိုင်ရာ ညှိ နှိုင်းအစည်း အဝေး (JMCM) သို့ ကိုယ်စားလှယ်တက်ရောက်နိုင် မည်ဖြစ်ကြောင်း ပဒိုစောတာဒိုမူး က ရှင်းပြသည်။

7Day

0 comments:

Post a Comment