Friday, February 23, 2018

အောင်ဝင်းဇော်က ဦးအောင်စိုးကို လူသတ်ပေးရန်ကမ်းလှမ်းခဲ့မှု တရားရုံးတွင် သက်သေမပြနိုင်ကြောင်းတရားခံရှေ့နေပြော အသံဖိုင်များ လုံခြုံသည့်နေရာတွင် သိမ်းထားကြောင်း ဦးအောင်စိုးတုံ့ပြန်


တရားလွှတ်တော်ရှေ့ နေဦးကိုနီလုပ်ကြံရမှုနှင့် ပတ်သက်ပြီး အင်းစိန်အောင်စိုးက ခိုင်လုံသည့် သက်သေ အသံဖိုင်များကို လုံခြုံသည့်နေရာ သုံးနေ ရာတွင် သိမ်းဆည်းထားကြောင်း မြောက်ပိုင်းခရိုင် တရားရုံးသို့ သက်သေလာရောက်ထွက်ဆိုစဉ်မီဒီယာများအားပြောကြားသည်။
ဦးကိုနီလုပ်ကြံရမှုတွင် တ ရားလိုပြသက်သေအဖြစ် ပါဝင် ခဲ့သည့် ဦးအောင်စိုးသည် ဖေဖော် ၀ါရီ ၂၂ ရက်၌ ပြန်ခေါ်သက်သေအဖြစ် တရားရုံးသို့လာရောက် သက်သေ ထွက်ဆိုပြီးချိန်တွင် ပြောကြားသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၂၉ ရက် ၃၉ ကြိမ်မြောက်ရုံးချိန်းတွင် အောင်ဝင်းဇော်က တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်း အောင်နှင့် အင်းစိန်အောင်စိုးတို့ ကို နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင် ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို အ ကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၈(စ) ဖြင့် တရားစွဲဆိုမည်ဟုပြောဆိုမှုကို ဦးအောင်စိုးက အထက်ပါအတိုင်း  တုံ့ပြန်ခြင်းဖြစ်သည်။

‘‘ကြိုက်တဲ့တရားစွဲလို့ရ တယ်။ ကြိုက်တဲ့ပုံစံနဲ့ရှင်းလို့ရ တယ်။ နောက်ထပ်စကားတွေ ကျန်သေးတယ်။ နိုင်ငံတော်အ တိုင်ပင်ခံကိုချစ်လို့။ အမေစုကိုထိ ခိုက်မှာစိုးလို့ စကားတွေချန်ထား သေးတာ။ ငါ့ကိုထိလာရင် တုံ့ ပြန်ဖို့အဆင်သင့်ပဲ။ သူတို့နဲ့ပတ် သက်တဲ့စကားတွေရှိသေးတယ်။ အသံဖိုင်တွေက ကြီးမားတဲ့နေရာ သုံးနေရာမှာရှိတယ်။ အသံဖိုင် တွေကိုတော့ ထုတ်သင့်ထုတ် ထိုက်တဲ့အချိန်ဆိုရင်တော့ ထုတ် မယ်’’ဟု ဦးအောင်စိုးက ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် ရုံးချိန်းတွင် ဦးအောင်စိုးကို ပြန် ခေါ်သက်သေအဖြစ် စစ်ဆေးရာ  ပထမအကြိမ် ရုံးရှေ့ထွက်ဆို ချက်များနှင့် ပတ်သက်ပြီးဆက် လက်မေးမြန်းရာ အောင်ဝင်းဇော် နှင့် အောင်ဝင်းထွန်းတို့၏ ရှေ့နေ က အောင်ဝင်းဇော်က ဦးအောင်စိုးကို လာငှားစဉ်က ပြောဆိုခဲ့သည့်အချက်များကို သက်သေ အထောက်အထား တင်သွင်းနိုင်ပါသလားဟုမေးမြန်းရာ ဦးအောင်စိုးက တင်ပြနိုင်ခြင်းမရှိဟု ထွက်ဆို ခဲ့ကြောင်း ဦးအောင်ခိုင်ကပြောသည်။

‘‘ကိုအောင်စိုးပြောတယ် မ ဟုတ်လား၊ အရင်တစ်ခါ ကို အောင်စိုးကိုစစ်တုန်းက  အောင် ၀င်းဇော်က ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ သံတမန်တစ်ဦးကို သတ် ခိုင်းတဲ့အကြောင်း၊  အောင်ဝင်း ဇော်သတ်ပြီးရင် ငွေပေးမယ်ဆို တဲ့အကြောင်း၊ လူမြင်ကွင်းမှာ နေ့ခင်းမှာ သတ်ပေးရမယ်ဆိုတဲ့ အကြောင်း၊ သူ့ကိုလည်းအဖွဲ့ အ စည်းတစ်ခုက ပြန်ခေါ်ပြီးအသုံးပြု ထားတဲ့အကြောင်း၊ တိုက်ပေး ထားတဲ့အကြောင်း၊ ကားပေးထား တဲ့အကြောင်း၊ လခကောင်း ကောင်းပေးထားတယ်ဆိုတဲ့ အ ကြောင်းတွေရုံးရှေ့မှာ ထွက်ဆိုခဲ့ ဖူးတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထား၊ အသံဖိုင်၊ မှတ်တမ်းမှတ်ရာရုံး တော်ကို တင်ပြနိုင်သ လားဆို တော့မတင်ပြနိုင်ဘူး’’ ဟု ဦး အောင်ခိုင် ကဆိုသည်။

‘‘သက်သေမပြနိုင်ဘူးဆို တာကအသံဖိုင်၊ ဓာတ်ပုံ၊ စာရွက် စာတမ်းသက်သေမပြနိုင်ဘူး။ ဒါ ပေမဲ့အစ် ကိုဖော်လို့ အောင်ဝင်း ဇော်တို့ကိုဖမ်းတယ်။ သေချာလို့ လည်းယနေ့အချိန်အထိ ဒီအမှုကို ရင်ဆိုင်နေတာ၊ စွဲချက်တင်တဲ့ အဆင့်ရောက်သွားပြီ။ ဒီထက်ပို ပြီးအစ်ကိုက  ဘာသက်သေပြရ ဦးမှာလဲ။ အစ်ကိုဖော်ခဲ့တာမ ဟုတ်ဘူးဆိုရင်ဖမ်းဆီးစရာအ ကြောင်းလည်းမရှိဘူး။ ဒီအခြေအ နေထိရောက်လာနိုင်စရာ အကြောင်း လည်း မရှိဘူး။ ကိုယ့် ဘက်က  မှန်ကန်ကြောင်းတိတိ ကျကျ ခိုင်ခိုင်မာမာပြောခဲ့တာ။ အသက်နဲ့ရင်းပြီး  ပြောခဲ့တာ။ အ လကား အာချောင်ပြီးပြောခဲ့တာ မဟုတ်ဘူး’’ ဟု ဦးအောင်စိုးက တုံ့ပြန်ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက် ၄၅ ကြိမ်မြောက်ရုံးချိန်းတွင် တရားခံ ရှေ့နေများပြန်ခေါ်ထားသည့် ဦး အောင်စိုးအပါ အ၀င် ပြန်ခေါ် သက်သေ ခြောက်ဦး ကိုစစ်ဆေး  ခဲ့ပြီး ရုံးတော်ကိုတင်သွင်းထား သည့် ပြန်ခေါ်သက်သေ ၃၇ ဦး အနက် ၁၁ ဦးကိုစစ်ဆေးပြီးဖြစ် ကြောင်း မြောက်ပိုင်းခရိုင်တ ရားရုံး ဒုတိယခရိုင်တရားသူကြီး လည်းဖြစ်ပြီးသတင်းနှင့် ပြန်ကြား ရေးတာဝန်ထမ်းဆောင်နေသော ဦးရဲလွင်က  ပြောသည်။

7Day

0 comments:

Post a Comment