Wednesday, February 28, 2018

ငြိမ်းချမ်းရေးညီလာခံ ရပ်တန့်နေပြီး နိုင်ငံရေးမဆွေးနွေးနိုင်ပါက တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက် မှေးမှိန်နေမည်ဟု UPDJC ဒုဥက္ကဋ္ဌပြော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် လူထုတွေ့ဆုံပွဲများ ကျင်းပနိုင်ရေး ကူညီရန်လိုအပ်ဟု အပစ်ရပ်အဖွဲ့များ တောင်းဆို


ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးများ ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်တန့်နေပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ကြန့်ကြာ နေမည်ဆိုပါက တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက် မှေးမှိန်နေဦးမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) ဒုဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။
အစိုးရ၊ တပ်မတော်၊ လွှတ် တော် အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ကိုယ်စားလှယ် များဖြင့် ဖွဲ့ထားသော UPDJC အစည်းအ ဝေးကို ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်၌ ကျင်းပရာ အစိုးရ ကိုယ်စားလှယ် ဦးကျော်တင့်ဆွေ က ယခုကဲ့သို့ ပြောကြားသည်။

၂၀၁၇ နိုဝင်ဘာက ကျင်းပ သော NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအ ဝေး (JICM) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ စေ့စပ်ညှိနှိုင်းပေး မှုဖြင့် ရှမ်းပြည်နယ် လင်းခေးတွင် RCSS ဦးဆောင်ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲ ပြုလုပ်ရန် သဘောတူ ညီခဲ့ သော်လည်း ကျင်းပနိုင်ခြင်းမရှိခဲ့ ၍ ၂၀၁၈ ဇန်နဝါရီလကုန်တွင် ကျင်းပရန် ရည်ရွယ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ခြင်းမရှိဘဲ လက်ရှိအချိန်ထိ ဆက်လက်ညှိနှိုင်း အ ဖြေရှာနေ ရကြောင်း ၎င်းက ပြော သည်။

‘‘ညီလာခံကျင်းပနိုင်ခြင်းမရှိဘဲ ရပ်တန့်နေမှုဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေကိုအဓိကတာဝန်ယူတဲ့ ကျွန်တော် တို့ UPDJC နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင် ဖြစ်နေရတဲ့အနေအ ထားကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကြန့်ကြာ နေဦးမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်း သား ပြည်သူတွေရဲ့ မျှော်လင့် ချက်တွေဟာ မှေးမှိန်နေဦးမှာပဲ ဖြစ်ပါတယ်’’ဟု ဦးကျော်တင့်ဆွေ က ပြောသည်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်နိုင်ရန် နိုင်ငံ ရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရာ တွင် UPDJC က ဦးဆောင်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ များ ချုပ်ငြိမ်းရေးသည် နိုင်ငံရေး သဘောတူညီချက်များ ရရှိသည့် အပေါ် တည်မှီနေကြောင်း၊ နိုင်ငံ ရေးဆွေးနွေးပွဲများ အောင်မြင်မှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ကိုယ်စားလှယ် UPDJC ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းက ယခု အစည်းအဝေးသို့ တက်ရောက်လာ သည့် ကိုယ်စားလှယ်များအနေဖြင့် အစုအဖွဲ့အသီးသီးကို ကိုယ်စားပြုပြီး အစုအဖွဲ့၏ သဘောထားအမြင်များကို တင်ပြကြရမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် အတူလက် တွဲပြီး ဆောင်ရွက်မည်ဆိုသည့် စိတ်ဖြင့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရာ တွင် များစွာအရေးကြီးသည့် UPDJC အတွက် အလုပ်လုပ်ရာတွင် မိမိကိုယ် စားပြုအဖွဲ့အတွက် သာမက ပြည်ထောင်စု တစ်ခုလုံး ၏ အရေးကို စဉ်းစားဆွေးနွေးကြရန် ဒေါက်တာ ဆလိုင်းလျန် မှုန်းက တိုက်တွန်းသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပခြင်းဆိုသည်မှာ ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် များစွာ အရေးကြီးကြောင်း ၎င်းက ဆို သည်။

‘‘ပြီးခဲ့တဲ့ UPDJC အစည်းအ ဝေးမှာ ကျွန်တော်တို့ ဆွေးနွေးဆုံး ဖြတ် အတည်ပြုထားပြီးသားအ တိုင်း RCSS အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ကိုလည်း ကျွန်တော် တို့ အားလုံးက နေပြီးတော့ ဝိုင်း ဝန်းပံ့ပိုးဖို့လိုအပ်ပါတယ်။ RCSS အနေနဲ့ အမျိုးသား အဆင့် နိုင်ငံ ရေးဆွေးနွေးပွဲကျင်းပနိုင် ဖို့အ တွက် လူထုတွေ့ဆုံပွဲတွေကို သူ တို့အနေနဲ့ လေးနေရာမှာ ကျင်းပ ပြီးဖြစ်ပါတယ်။ အခုငါးနေရာမှာ ကျင်းပဖို့ သူတို့အနေနဲ့ ပြင်ဆင် ထားတာရှိပါတယ်။ အဲဒီငါးနေရာ မှာ လူထုတွေ့ဆုံပွဲကျင်းပနိုင်ဖို့ အတွက်ကို လည်း ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်’’ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

ထို့အပြင် ရခိုင်အဖွဲ့ ALP အနေဖြင့် လူထုတွေ့ဆုံပွဲ ငါးနေရာ ကျင်းပရန် ပြင်ဆင်မှုကို ဝိုင်း ဝန်းပံ့ပိုးရန် ၎င်းက တိုက်တွန်းသည်။ မကြာမီက NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမို ကရက် တစ်အစည်းအရုံး (LDU) တို့၏အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲ၊ လူထုတွေ့ဆုံပွဲများ ကျင်း ပနိုင်ရေး ကူညီပေးရန် လိုအပ် ကြောင်း ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှ ပြည်ထောင်စုသဘော တူစာချုပ်များ အခိုင်အမာချုပ်ဆို နိုင်မှသာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင် မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု ထူထောင်နိုင်မည်ဟု ၎င်းက ပြောသည်။

လာမည့် ငြိမ်းချမ်းရေးညီ လာခံ သုံးကြိမ်မြောက်တွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အရေးကြီးသော ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်အောင် ကြိုးစားဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို အကောင်အထည်ဖော် နိုင်ရေး ဝိုင်းဝန်းကူညီကြရန် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက UPDJC အဖွဲ့ဝင်များအား ထပ်လောင်းတိုက်တွန်းသည်။

မွန်ပြည်သစ်ပါတီ(NMSP)က ဦးဆောင်ကျင်းပမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေး ပွဲကို ရေးမြို့တွင် ကျင်းပရန် UPDJC အစည်းအဝေးကဆုံးဖြတ်ခဲ့ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက အစည်းအဝေးအပြီးတွင် ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဦးဆောင်ကျင်းပမည့် ရှမ်းလူမျိုးအလိုက်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင် ရေးကိုမူ ဆက်လက်ညှိနှိုင်းရဦးမည်ဟု ၎င်းကဆိုသည်။

ယခု အစည်းအဝေးသို့ NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာအပါအ ဝင် မကြာမီက NCA လက်မှတ် ထိုးထားသည့် မွန်နှင့် လားဟူ အဖွဲ့ ကိုယ်စားလှယ်များ တက် ရောက်ခဲ့သည်။ UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ယခု အစည်း အဝေးသို့ တက်ရောက်နိုင် ခြင်းမရှိသော်လည်း ယနေ့ (ဖေ ဖော်ဝါရီ ၂၈ ရက်) တွင် ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ၏ NCA အ  ကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သို့ တက်ရောက်မည်ဖြစ်သည်။

7Day

0 comments:

Post a Comment