Monday, February 19, 2018

မွန်ဝန်ကြီးချုပ်နှင့် သံဖြူဇရပ် မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ (ရုပ်/သံ)


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ မြစိမ်းရောင်စေတီ၏ ဝတ္တကမြေ အား ဂရမ်မရှိဟု အကြောင်းပြု၍ ပြည်နယ်ဝန်ကြီးချုပ်က မြေသိမ်းမိန့်ပေး၍ သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေး မှူးတို့က မြေသိမ်းပြီး မီးသတ်ရေကန် တည်ဆောက်နေသည်ဟုဆိုကာ အမျိုးသားရေး၊ ဘာသာရေး အင်အားစုများမှ ရာကျော်သော လူအင်အားဖြင့် သံဖြူဇရပ်မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြမှုပြခဲ့ကြသည်။
ကျိုက္ခမီမြို့တွင် မီးသတ်ရေကန် တည်ဆောက်နေသော မြေနေရာသည် ဘုရားဝတ္တကမြေ ဖြစ်နေသည်ကို အထက်ပါ တာဝန်ရှိသူများသိရှိပါလျက် ဘာသာသာသနာကို စော်ကားဖြစ်၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် ဦးအောင်ကိုလတ်က ပြောသည်။

“အရင်တုန်းကရှိတဲ့ အုတ်တံတိုင်းထက်ကို ကျော်ပြီးတော့ မီးသတ်အဆောက်အုံမဆောက်ခင် လပိုင်းလောက်မှာပဲ အုတ်တံတိုင်းတိုးချဲ့လာတဲ့အနေထားတွေ့ရတယ်၊ ဒီအုတ်တံတိုင်း ဝင်လာတဲ့အခါ ကျတော့ ဘုရားရဲ့မြေထဲကို မီးသတ်အဆောက်အုံ ဝင်လာသလို ဖြစ်သွားတာပေါ့၊ တစ်ကယ်မှာတော့ အဲ့လိုမဟုတ်ဘူး၊ နဂိုကတည်းက သတ်မှတ်ပိုင်ခြားထားပြီးသား”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးကလည်း ဧရာဝတီ သတင်း ဌာနသို့ ပြန်လည်ရှင်းပြခဲ့သသည်။

ရိုက်ကူး-ဥာဏ်စိုးဝင်း
ဧရာဝတီ

0 comments:

Post a Comment