မတရားငွေကြေးတောင်းခံမှုတွေနဲ့ နိုင်းထက်စီးနင်းပြုလုပ်နေတဲ့ အထူးသတင်း ထောက်ကိစ္စကို ပြည်ထဲရေးက အရေးယူဖို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။
“အထူးသတင်းထောက်ကိစ္စကို ကျနော်တို့ ပြည်ထဲရေးကို ပြောထားပြီးပြီ။ ဘာကြောင့်လဲ ဆိုတော့ အထူးသတင်းထောက်အသင်းအဖွဲ့တွေရဲ့ နာယကတွေက အရင်တုန်းက ပြည်ထဲရေး က အရာရှိကြီးအဟောင်းတွေ ဖြစ်နေတယ်။ လက်ရှိမှာလည်း တချို့ပတ်သက်မှုတွေရှိတယ်ဆိုတဲ့ အတွက် ပြည်ထဲရေးဝန်ကြီးဌာန နောက်ရဲချုပ်အကုန်လုံးကို ပြောထားတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။
အထူးသတင်းထောက်တွေဟာ ယူနီဖောင်းတွေဝတ်ဆင်ပြီး ပြည်သူလူထုအပေါ် နိုင်ထက် စီးနင်း ငွေကြေးတောင်းခံမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာကြောင့် သက်ဆိုင်ရာ ဌာနတွေက ရေးယူဖို့ကို ပြောဆိုထားပြီး အရေးယူတာတွေလည်းရှိတယ်လို့ သိရပါတယ်။
“ပြည်ထဲရေးကနေပြီးတော့ ၀တ်စုံနဲ့ ပတ်သက်ပြီးကြေညာချက်လည်း ထုတ်ထားပြီးပြီ။ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေနဲ့ဆင်တူရိုးမှားတွေကို ၀တ်ဆင်ခြင်းမပြုဖို့ လုပ်ထားတယ်။ နောက်တချို့ ကိုလည်း အရေးယူ တာတွေရှိတယ်။ ဟံသာဝတီ ဦးဝင်းကြိုင်ပြောသွားတဲ့ အထဲမှာလည်းပါတယ်။ တစ်ခြားကိစ္စလည်း တိုင်ကြားလာရင် အရေးယူတာတွေရှိတယ်။ နောက်အထူးသတင်းထောက် ဆိုပြီးတော့ ဒီလိုမျိုး လူထုအပေါ် နိုင်ထက်စီးနင်းလုပ်နေတာတွေ မလုပ်ဖို့ ကိစ္စကိုလည်း ပြည်ထဲရေးကို ပြောထားတယ်”လို့ ဦးဇော်ဌေး ကပြောပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ ဒုတိယအကြိမ် မဏ္ဍိုင် (၄)ရပ် အလုပ်ရုံဆွေးနွေးပွဲ ခေတ္တနားချိန် သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။
DVB
0 comments:
Post a Comment