Wednesday, February 28, 2018

ဒေါ်နယ်ထရမ့်၏ သားမက် အိမ်ဖြူတော်ထိပ်တန်းလျှို့ဝှက်အချက်အလက်များ အသုံးပြုခွင့် ဆုံးရှုံး


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်သလို အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဖြစ်တဲ့ ဂျရက် ခက်ရှ်နာဟာ ခုချိန်မှာ အိမ်ဖြူတော် ထိပ်တန်းအဆင့် လျှို့ဝှက်အချက်အလက်များ ရယူအသုံးပြုခွင့်ကို ဆုံးရှုံးထားခဲ့ကြောင်း နီးစပ်သူများက ဖွင့်ဟပြောဆိုသွားပါတယ်။
ယခုအခါမှာ အသက် ၃၇ နှစ်ရှိ အိမ်ဖြူတော် ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ခက်ရှ်နာဟာ အမေရိကရဲ့ အလျှို့ ၀ှက်ဆုံး လျှို့ဝှက်ချက်တွေကို ၀င်ထွက်အသုံးပြုခွင့် လက်လွှတ်ထားခဲ့ရပြီဖြစ်တယ်လို့ ယင်းကိစ္စနဲ့နီးစပ်သူ သတင်းရင်းမြစ်နှစ်ဦးက အတည်ပြုပြောကြားလိုက်ပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်လို့ အိမ်ဖြူတော်ရော၊ သမ္မတထရမ့်ကိုယ်တိုင်ကပါ မှတ်ချက်ပေး ပြောဆိုဖို့ ငြင်းဆန် ခဲ့ပေမယ့် ယခုဆုံးဖြတ်ချက်ဟာ ခက်ရှ်နာရဲ့ လက်ရှိအခန်းကဏ္ဍအပေါ် ထိခိုက်စေဖို့တော့မရှိကြောင်း အခိုင် အမာ ပြောသွားပါတယ်။

ခုလိုမျိုး အမေရိကန်အစိုးရ ထိပ်တန်း လျှို့ဝှက်အချက်အလက်တွေ အသုံးပြုခွင့် လက်လွှတ်ထားခဲ့ရမှုကြောင့် ယခုအခါမှာတော့ ခက်ရှ်နာရဲ့ အိမ်ဖြူတော်တွင်း သြဇာသက်ရောက်မှု အနေအထားအပေါ်မှာ သံသယတွေ ဖြစ်လာစေခဲ့ကြောင်းလည်း သိရပါတယ်။

အမေရိကန်သမ္မတ ထရမ့်ရဲ့ သမီးဖြစ်တဲ့ အိုင်ဗန်ကာ ထရမ့်နဲ့ လက်ထပ်ထားသူ ခက်ရှ်နာအနေနဲ့ကတော့ ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့မှာ အဓိကကျတဲ့နေရာကနေ ပါဝင်ထားခဲ့သလို ထရမ့် သမ္မတဖြစ်လာ ချိန်မှာလည်း ၎င်းရဲ့ ထိပ်တန်းအကြံပေးတစ်ဦးအဖြစ် ပါဝင်နေလျက်ရှိသူ ဖြစ်ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment