Friday, February 23, 2018

အရှုံးမပေးတဲ့ဝိညာဉ်လို့ အမည်ပေးထားတဲ့ ဘီလီလမင်းအေးရဲ့အခွေသစ်


အရှုံးမပေးတဲ့ ၀ိညာဉ်’ သီချင်းသည် ၎င်း၏ Myanmar Idol သီချင်းဆိုပြိုင်ပွဲတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို တေးရေးဆောင်းဦးလှိုင်က ပုံဖော်ရေးသားထားခြင်းဖြစ်ကြောင်း ပထမဆုံးတစ် ကိုယ် တော်စီးရီးခွေ၏ ခေါင်းစီးတေးသီချင်းနှင့်ပတ်သက်၍ ဘီလီလမင်းအေးက ပြောသည်။
‘‘ဒီသီချင်းက ဖူးရဲ့ဘ၀နဲ့အများကြီးဆိုင်တယ်။ တိုက်ခိုက်ခဲ့တာတွေလည်း များခဲ့တာဆိုတော့ ဒီသီချင်းက ကိုက်ညီတဲ့အတွက် ရွေးဖြစ်ခဲ့တာပါ’’ ဟု ၎င်းကပြောသည်။

ပထမဆုံးတစ်ကိုယ်တော် စီးရီးကို ပြိုင်ပွဲပြီးချိန်ကတည်းက စတင်ပြင်ဆင်ခြင်းဖြစ်ပြီး ဆရာ ဥက္ကာဦးသာနှင့် မြန်မာအိုင်ဒေါမှ ၎င်းတို့၏အဆိုနည်းပြ  ဆရာမ ထရေစီတို့က ကူညီပံ့ပိုးခဲ့ကြောင်း ဘီလီလမင်းအေး ကပြော သည်။

ပြိုင်ပွဲတစ်လျှောက် သီချင်း ပုံစံမျိုးစုံသီဆိုခဲ့ရပြီး ယခုအခွေတွင်လည်း သီချင်းပုံစံမျိုးစုံနှင့်သီချင်းစုစုပေါင်း ၁၄ ပုဒ်ပါဝင်ကာ မတ်လ ၃ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။ ယင်းနေ့ညနေတွင် Jun-ction City ၌ တေးစီးရီးပရို မိုးရှင်း ပြုလုပ်၍ ပရိသတ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

‘‘သီချင်းအဟောင်းနှစ်ပုဒ်ပါတယ်။ ကိုဆောင်းဦးလှိုင်ဆိုထားတဲ့ ‘ကန္တာရ ကမ္ဘာ’နဲ့ မယုဇနဆို ထားတဲ့ ‘ဖြည်းဖြည်းပေါ့’ သီချင်းကို ဗားရှင်းပြောင်းပြီးပြန်ဆိုထားပါတယ်’’ဟု ဘီလီလမင်းအေးက ပြောသည်။

ပြိုင်ပွဲတွင် ပရိသတ်အားပေး မှုရခဲ့သော်လည်း ယခုစီးရီးခွေသည် အဆိုတော်တစ်ဦးအနေဖြင့် ပထမဆုံးဖြန့် ချိခြင်းဖြစ်သောကြောင့် ပရိသတ်အားပေးမှုရ၊ မရအပေါ် ရင်ခုန်စိတ်လှုပ်ရှားနေကြောင်း ၎င်းကဆိုသည်။

‘‘သီချင်းဆိုတာ နားထောင်ပါများမှ နှလုံးသားထဲရောက်တာဆိုတော့ နားနဲ့နားမထောင်ဘဲ အားလုံးနှလုံး သားနဲ့နားထောင်ပြီး နားဆင်နိုင်ကြပါစေ’’ ဟု ဘီလီလမင်းအေးက ပြောသည်။

7Day

0 comments:

Post a Comment