Sunday, February 18, 2018

အစိုးရ ခွင့်ပြုချက်ရပါက ၀ါခေါင်လအတွင်း ဓမ္မစေတီခေါင်းလောင်းကြီး ပြန်ရှာမည်ဟု ဦးစံလင်းပြော

  
အစိုးရဆီက ခွင့်ပြုချက်ရတာနဲ့ ဝါခေါင်လမှာ ဓမ္မစေတီခေါင်းလောင်းကြီး ပြန်လည်ရှာဖွေသွားမယ်လို့ ဦးစံလင်းက ပြောပါတယ်။ orchid hotel မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အခုလို ပြောကြားခဲ့တာပါ။
 
ခေါင်းလောင်း ပြန်လည်ဖော်ဆောင်ဖို့အတွက် သမ္မတဆီနဲ့ တိုင်းဒေသကြီးအစိုးရထံ စာတင်ခဲ့ပေမယ့် ပြန်လည်အကြောင်းပြန်မကြားတာကြောင့် ခုလို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားရတာလို့ ဆိုပါတယ်။

အရင် ဓမ္မစေတီခေါင်းလောင်းရှာဖွေတုန်းက လှူဒါန်းခဲ့တဲ့ ငွေကြေးကိစ္စရပ်တွေကို ဦးစံလင်းအနေနဲ့ ဘာမှမသိဘဲ အလှူငွေတွေယူ ထွက်ပြေးသွားတယ်ဆိုပြီး စွပ်စွဲခံရတာတွေ ရှိခဲ့တယ်လို့ ဦးစံလင်းကပြောပါ တယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မိုးတွင်းကာလမှာ ပြန်လည်စတင်ဖို့အတွက် တောင်းဆိုခဲ့ပေမယ့် မိုးတွင်းကာလဖြစ်တာကြောင့် ခွင့်မပြုနိုင်ကြောင်း ပြန်လည်အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဓမ္မစေတီခေါင်းလောင်းကြီးဟာ မိုးတွင်းကာလ ရေတက်ကြမ်းတဲ့အချိန်မှပဲ ရှာဖွေနိုင်မယ်လို့ ဦးစံလင်းက ပြောပါတယ်။

နိုင်ငံတော်က ဘွဲ့တံဆိပ် ချီးမြှင့်တာ ခံထားရတဲ့ တပ်မတော်ရေ အငြိမ်းစား ဦးစံလင်းဟာ ယခင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့  ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြီးခဲ့တဲ့ ၂၀၁၄  သြဂုတ် ၉ ရက်နေ့က စတင်ရှာဖွေခဲ့တာဖြစ်ပြီး အချိန် ၁ လကျော် ကြာမြင့်ခဲ့ပါတယ်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငဇင်ကာက လက်နက်လုပ်ဖို့အတွက် ယခင် ဒဂုံ (ယခု ရန်ကုန်) ဘက်ကမ်းမှ သံလျင်ဘက်ကို ရန်ကုန် မြစ်ကြောင်းကတဆင့် သယ်ယူစဉ် နစ်မြုပ် ခဲ့တယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေဟာ ပါးစပ်ရာဇဝင်တွေကတဆင့် ဖြစ်ပေါ်ခဲ့တာကြောင့် အထောက်အထား ခိုင်လုံမှုမရှိဘူးလို့ သမိုင်းပညာရှင်တွေ၊ သုတေသီတွေက ထောက်ပြ ပြောဆိုထားကြပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ခိုင်ပန်းနု
DVB

0 comments:

Post a Comment