Thursday, February 22, 2018

ကျန်းမာရေးမကောင်းသော မြန်မာငါးဖမ်းသမားနှစ်ဦးကို ထိုင်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ရနောင်းဆေးရုံသို့ ပို့ဆောင်ပေး


ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ ပင်လယ်ပြင်၌ ငါး ဖမ်းလှေတစ်စီးပေါ်တွင် ကျန်းမာ ရေးမကောင်းဖြစ်နေ သည့် မြန်မာငါးဖမ်းလုပ်သားနှစ်ဦးကို ထိုင်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ခေါ် ဆောင်ပြီးရနောင်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် ပင်လယ်ပြင်၌ အသည်းအသန် ဖြစ်နေသည့် မြန်မာငါးဖမ်းလုပ် သား အသက် (၂၅) နှစ်အရွယ်ကိုနိုင်နိုင်နှင့် ၎င်း၏ သူငယ်ချင်း တစ်ဦးကို ထိုင်းငါးဖမ်းလှေပိုင်ရှင် က အနီးဆုံး ထိုင်းရေတပ် ကို အ ကြောင်းကြားဆက်သွယ်ရာမှ ထိုင်းအမှတ် (၃) ရေတပ်က လှေတစ်စီးဖြင့် သွားရောက်ခေါ် ဆောင်ပြီး ကမ်းစပ်သို့ ပို့ဆောင် ပေးခဲ့သည်။

ထိုမှတစ်ဆင့် ထိုင်းစစ်တပ် က ရဟတ်ယာဉ်ဖြင့် သယ်ဆောင် ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း မြို့ရှိ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေး ဖွံ့ဖြိုးတိုး တက်ရေး ဖောင်ဒေးရှင်း (FED)အဖွဲ့မှ ကိုမင်းဦးက ပြောသည်။ ‘‘မြန်မာလုပ်သား နှစ်ယောက်ကို ကယ်လာ တာ။ နောက်တစ် ယောက်က သိပ်တော့ မဆိုးဘူး ပေါ့။ ကျန်တဲ့တစ်ယောက်က တော်တော်ဆိုးနေလို့ ထိုင်း စစ်တပ်က ရဟတ်ယာဉ်နဲ့ ပို့ပေး တာ’’ဟု ကိုမင်းဦးက ပြောသည်။

ထိုင်းနိုင်ငံ  တောင်ပိုင်းရှိ ပင်လယ်ပြင်၌ ငါးဖမ်းလုပ်သား အဖြစ် မြန်မာလုပ်သား သိန်းနှင့်ချီ အလုပ်လုပ် ကိုင်နေသည်။

7Day

0 comments:

Post a Comment