ဝန်ကြီးဌာနတွေရဲ့ Other account တွေဟာ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ မရိုးဖြောင့်တဲ့သဘောနဲ့ တမင်ရည်ရွယ်လုပ်ခဲ့တဲ့ စီမံခန့်ခွဲမှုအမှား မဟုတ်ဘူးလို့ ဝန်ကြီးဟောင်း ဦးတင်နိုင်သိန်းက ပြောပါတယ်။
“ဒီငွေစာရင်းများကို စာရင်းစစ်ချုပ်ရုံး စစ်ဆေးချက်မှာရော ဘဏ္ဍာအခွန်ဝန်ကြီးဌာန စာရင်းနဲ့ ဘဏ်ငွေစာ ရင်းတွေမှာ စာရင်းပေါ်နေတဲ့ငွေ ဖြစ်ပါတယ်။ စာရင်းဖျောက်လို့ မရပါ။”
ဒါ့အပြင် ဒီငွေစာရင်းတွေဟာ တပ်မတော်အစိုးရလက်ထက် စီးပွားရေးဝန်ကြီးဌာနတွေအနေနဲ့ စီးပွားရေး ဆန်ဆန် လုပ်နိုင်အောင် revolving fund အမည်နဲ့ တရားဝင်လည်ပတ်ရန်ပုံငွေအဖြစ် ထုတ်ပေးခဲ့တာ ဖြစ် တယ်။ တပ်မတော်အစိုးရလက်ထက်ကနေ သမ္မတဦးသိန်းစိန် အစိုးရ လွှဲပြောင်းချိန်မှာ ဒီ revolving fund တွေက ဆက်ပါလာခဲ့တယ်။
ဒါပေမယ့် ခေတ်စနစ်နဲ့ညီတဲ့ စီးပွားရေးပုံစံ အသွင်ပြောင်းရေး လုပ်ငန်းစဉ် (commercialization, corporitization,PPP) ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ နိုင်ငံတော်စီးပွားရေး လုပ်ငန်းများ အသွင်ပြောင်းမှု (SEE restructuring) အတွက် ဥပဒေလုပ်ထုံးလုပ်နည်းများ ပြင်ဆင်တဲ့ ကာလမှာ ဝန်ကြီးဌာန လုပ်ငန်းတွေ မရပ်တန့်စေဖို့ ဘဏ္ဍာ၊အခွန်ဝန်ကြီးဌာနနဲ့ စာရင်းစစ်ချုပ်ရုံးတို့က စိစစ်ဆောင်ရွက်ခဲ့တယ်။
ဒီငွေစာရင်းတွေကို စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးခံရသလို စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တိုက်ရိုက် တင်ပြတဲ့ ငွေစာရင်းစစ်ဆေးချက် အစီရင်ခံစာတွေမှာလည်း ပါဝင်ပါတယ်လို့ ဦးတင်နိုင်သိန်း ရှင်းလင်းထား ပါတယ်။
သူ့ရှင်းလင်းတင်ပြချက် အဆုံးမှာတော့ သူက “မည်သို့ပင်ဆိုစေ Other account ထဲမှာ ၉ ဘီလီယံ ဒေါ်လာ နဲ့ညီတဲ့ မြန်မာငွေတွေရှိနေတာ ဦးသိန်းစိန်အစိုးရကို ဆဲနိုင်သလို၊ ကျေးဇူးလည်း တင်နိုင်တယ်”လို့ ရေးသား ထားတာ တွေ့ရပါတယ်။
ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအတွင်းရှိ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ စာရင်း (Other Account) ဆိုတာနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၂၂ ရက် ပြည်ထောင်စုလွှတ်တော်မှာ ကိုယ် စားလှယ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က အရင် အစိုးရလက်ထက် ဝန်ကြီးဌာနများရဲ့ Other Account တွေကို အစိုးရက ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲလို့ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအရ မြန်မာနိုင်ငံမှာ Other Account (OA) ထားရှိ အသုံးပြုခွင့်ရတဲ့ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း (SEEs) ၂၅ ခု ရှိပါတယ်။
ဒီ SEEs ၂၅ ခုရဲ့ ၂၀၁၇ ခုနှစ် မတ်လကုန်အထိ ငွေစာရင်းလက်ကျန် စုစုပေါင်းဟာ ကျပ်သန်းပေါင်း ၁၁,၅၇၇,၆၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Union Solidarity and Development Party
DVB
0 comments:
Post a Comment