Wednesday, February 21, 2018

ဈေးကိစ္စမေးသည်ကို ကြွက်ကိစ္စလာဖြေကြောင်း လွှတ်တော်အမတ်ပြော


အင်းစိန်မြို့နယ်ရှိ ယိုးဒယားဈေး ရွှေ့ပြောင်းပေး နိုင်ခြင်းရှိ၊ မရှိ မေးမြန်းမှုကို အစိုးရက ကြွက်များရှင်းလင်း သည့်ကိစ္စကို လာရောက်ဖြေကြား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) မှ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုးက ပြောသည်။
ဖေဖော်ဝါရီ ၂၀ ရက်က လွှတ်တော်တွင် အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက်ရှိ ယိုး ဒယားဈေး ရွှေ့ပြောင်းပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းမှုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရကိုယ်စား နေ ပြည်တော်ကောင်စီ  အဖွဲ့ဝင် ဦးအောင်မြင့်ထွန်းက လာရောက် ဖြေကြားခဲ့သည်။

‘‘ကျွန်မမေးတာနဲ့ ဖြေတာနဲ့ သိပ်တော့ ကိုက်ညီမှုမရှိဘူး။ ကျွန်မက ဒီဈေးကို သင့်တော်တဲ့ နေရာကို ရွှေ့ဖို့ပေါ့။ ဒါပေမဲ့ လာ ဖြေသွားတာ ကြွက်တွေကို လာရှင်းတယ်။ ခြင်ဆေးကို ဘယ် နှခါမှုတ်တယ်။ မြောင်းတွေကို ဆယ်ပေးတယ်ဆိုတာက အဖြေ မဟုတ်ဘူးလေ။ ရန်ကုန်မှာ နေရာတော်တော်များများမှာ ဒုက္ခ ခံစားနေရတာ။ ဒါက ရေရှည်မှာ မကောင်းဘူး’’ဟု နော်လှလှစိုးက လွှတ်တော်အစည်းအဝေးအပြီး တွင် မီဒီယာများအား ပြောသည်။

ယိုးဒယားဈေးကြောင့် ရပ် ကွက်တွင်း ပြည်သူများ ကျန်းမာ ရေးထိခိုက်နေပြီး သာရေး၊ နာရေး၊ မီးဘေးအန္တရာယ်များ အတွက် ကားများပင် ဝင်ထွက် သွားလာ မရသဖြင့် ရွှေ့ပြောင်း နိုင်ခြင်း ရှိ၊ မရှိကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နော် လှလှစိုးက လွှတ်တော်တွင် မေးမြန်းခြင်းဖြစ်သည်။

ယိုးဒယားဈေးဟု အမည် တွင်သည့်ဈေးကို  ၁၉၉၄ ကစ၍ အင်းစိန်ဈေးက ကွပ်ကဲခဲ့ပြီး ပျံကျကတ်ပြားများ ထုတ်ပေးကာ ဈေး ကောက် ကောက်ခံခဲ့ခြင်း ပြု လုပ်ခဲ့ပြီးနောက် ဈေးသည်များ နေရာအတည်တကျ ရောင်းချ နိုင်ရေး အင်းစိန်မြို့နယ် ရွာမ အရှေ့ရပ်ကွက် မင်းကြီးလမ်း ဘိုကုန်းတွင်  ဘိုကုန်းဈေး တည်ဆောက်ကာ နေရာများ ချထားပေးပြီး ရောင်းချစေခဲ့ ကြောင်း ဦးအောင်မြင့်ထွန်းက လွှတ်တော်တွင် ဖြေကြားသည်။

‘‘ဈေးဆိုင်တွေ ရယူပြီးပေ မယ့်လည်း ဘိုကုန်းဈေးမှာ ရောင်းချခြင်းမပြုတော့ဘဲ အရင် နေရာတွေကိုသာ ပြန်လည်ပြောင်း ရွှေ့ပြီးတော့ ရောင်းချလျက်ရှိပါ တယ်’’ဟု ဦးအောင်မြင့်ထွန်းက ပြောသည်။

ယင်းဈေးသည်များသည် ယိုးဒယားဈေးတွင်သာ ရောင်းချနေ ပြီး ယခုအချိန်တွင်ဘိုကုန်းဈေးသို့ ပြောင်းရွှေ့မည်ဆိုပါက ဈေး သည်များအတွက် လုံလောက် သည့်နေရာ မရှိသောကြောင့် ပြောင်းရွှေ့ပေးရန် အစီအစဉ်မရှိ ကြောင်း ၎င်းက လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

‘‘ဈေးမှာက ဈေးအုပ်ချုပ်ရေး လည်းမရှိဘူး။ ကြုံတဲ့သူက ရောင်းနေတဲ့ပုံစံမျိုးဆိုတော့ ရပ် ကွက်က စောဒကတက်တာပေါ့။ အကြိမ်ကြိမ်လည်း ညှိနှိုင်းပြီးပြီ။ ဈေးသူ၊ဈေးသားတွေကိုလည်း ခေါ်ပြီးတော့ ဘယ်လိုမှ အဆင် မပြေဘူး။ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ လုပ်ကိုလုပ်ပေးရမယ်။ ဆက်ပြီး တော့ တွန်းအားပေးသွားမယ်။ လွှတ်တော်မှာ ရှိနေတဲ့ကာလပတ် လုံး ဆက်ပြီးလုပ်သွားမယ်’’ဟု နော်လှလှစိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ပြည်သူများ ခံစား နေရသည့် ပြဿနာများကို ကွင်း ဆင်းကြည့်ပြီး ရပ်ကွက်နေသူ များနှင့် တွေ့ဆုံဆွေးနွေးစေလို ကြောင်း နော်လှလှစိုးက ပြော သည်။

‘‘မဲပေးတဲ့သူတွေက အကြိမ် ကြိမ် လာရောက်တောင်းဆိုတယ်။ ကျွန်မတို့က ဈေးသူဈေးသားတွေ နဲ့ ရပ်ကွက်နေသူတွေနဲ့ သုံးပွင့် ဆိုင်တွေ့ဆုံပြီး အကြိမ်ကြိမ်ညှိ နှိုင်းတယ်။ ဘာမှ မထူးခြားလို့ အစိုးရကို လုပ်ပေး၊ မပေး မေး မြန်းတာ။ ဒါကြောင့် တကယ် ဆင်းလာပြီးတော့ တကယ်ဒုက္ခ ရောက်တယ်ဆိုတာကို လေ့လာ စေချင်တယ်’’ဟု ၎င်းကပြော သည်။

7Day

0 comments:

Post a Comment