Friday, February 23, 2018

RCSS ဥက္ကဌ အဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ် ကို ဆက်လက်ရွေးကောက်တင်မြှောက်


လာမယ့် ၄ နှစ်သက်တမ်းအတွက် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ရဲ့ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်ကို ထပ်မံရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရပါ တယ်။
ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ လက်ရှိ RCSS ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး နောင်လာမယ့် သက်တမ်း အတွက်ရွေးကောက်တင်မြှောက်လိုက်တဲ့အတွက် နောက်ထပ် ၄ နှစ်ကြာ RCSS ရဲ့ ဥက္ကဌအဖြစ် ဆက်လက် တာဝန်ယူရမှာဖြစ်ပါတယ်။

RCSS ရဲ့ ဒုတိယအကြိမ် ကွန်ဂရက်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၁ ရက်နေ့ ကနေ ၂၂ ရက်နေ့ အထိ RCSS ဌာနချုပ် လွယ်တိုင်းလျန်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး RCSS ဗဟိုကော်မတီ ၂၄၄ ဦးက ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဥက္ကဌအဖြစ် ပြန်လည်မဲပေးရွေးချယ်ခဲ့တာဖြစ်တယ်လို့ RCSS ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဗဟိုအလုပ်မှုဆောင်ကော်မတီ ၊ ဗဟိုဦးစီးကော်မတီ ၊ ဗဟိုကော်မတီတို့ကို လည်း ကွန်ဂရက် မှာပြန်လည်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းအမျိုးသားတွေဖြစ်စေ ၊ တိုင်းရင်းသားတွေဖြစ်စေ RCSS မှာ မိမိတို့ စေတနာဆန္ဒအလျောက် တာဝန် ထမ်းဆောင်မယ်ဆိုရင်လည်း RCSS အနေနဲ့ လက်ခံကြိုဆိုသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။

RCSS ဟာ လက်ရှိ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းမှာဆိုရင် TNLA အဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပါတယ်။

YL
Popular News Journal

0 comments:

Post a Comment