Sunday, February 18, 2018

ဘင်္ဂလားဒေ့ရှ်က မြန်မာသို့ လွှဲပြောင်းမည့် လူဦးရေရှစ်ထောင်ကျော်၏အမည်စာရင်းပေးအပ် ARSA အကြမ်းဖက်အဖွဲ့တွင် ပါဝင်ပတ်သက်သူများနှင့် တရားခံပြေးများ အမြန်ဆုံးဖော်ထုတ်ရန် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ထပ်မံတိုက်တွန်း


မြန်မာနိုင်ငံဘက်မှ နေရပ်စွန့် ခွာထွက်ပြေးသူများ ပြန်လည်လက်ခံရေးစိစစ်နိုင်ရန် ပထမအသုတ် လွှဲပြောင်းပေးမည့် လူဦးရေရှစ်ထောင်ကျော်၏ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်သို့ ပေးအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့၌ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပရာ အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ လူဦးရေ ရှစ်ထောင်ကျော် အမည်စာ ရင်းပေးအပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ နေရပ် စွန့်ခွှာထွက်ပြေးသူများကို နှစ် နိုင်ငံ သဘောတူညီချက်များနှင့် အညီ  ပြန်လည် လက်ခံနိုင်ရေး ကြိုတင်စိစစ်မှုများ ဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပထမအသုတ်လွှဲပြောင်းပေး မည့်  အိမ် ထောင်စု ၁,၆၃၇ စုမှ  လူဦးရေ ၈,၀၃၂ ဦး၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင် ငံက လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဘက်မှလည်း ARSA အကြမ်းဖက်အဖွဲ့အစည်း တွင် ပါဝင်ပတ်သက်သူအကြမ်း ဖက်သမားများ၊ တရားခံပြေးများ ၏အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ သုံးကြိမ်ပေးပို့ထား ပြီးဖြစ်၍ အမြန်ဆုံး စုံစမ်းဖော် ထုတ်၍ သတင်းဖလှယ်ပေးပို့ရေး  တို့ကို အလေးထားဆောင်ရွက် ပေးရန် တိုက်တွန်းဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေဦးဆောင်သည့် မြန် မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးဆွေးနွေးရန် ဖေဖော် ဝါရီ ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည်။

ယင်းနေ့၌ပင် မြန်မာကိုယ် စားလှယ်အဖွဲ့သည် ဘင်္ဂလား ဒေ့ရှ်သမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင် ငံချစ်ကြည်ရင်းနှီး မှု ပိုမိုခိုင်မာစေ ရေးနှင့် နယ်စပ်ဒေသကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထားသည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြည်ထဲရေးဝန်ကြီးအဆင့် အ စည်းအဝေးပြုလုပ်ရာ နယ်စပ် ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးအတွက် တိုးမြှင့်ဆောင် ရွက်ရေး၊ မူးယစ်ဆေးဝါးတရားမဝင်  သယ်ဆောင်ရောင်း ဝယ်မှု  တိုက်ဖျက်ရေး၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ  ဘက်သို့ ရောက်ရှိနေသော  မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေး၊  နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့သည်။

ယင်းအစည်းအဝေးတွင် နှစ် နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုး မိုးရေးအတွက် နယ်စပ်ဆက်ဆံ ရေးရုံးများကို မြန်မာနိုင်ငံဘက်မှ မောင်တောနှင့်ဘင်္ဂလားဒေ့ရှ်နိုင် ငံဘက်မှ ကော့ဘဇားတို့တွင်ဖွင့်လှစ်ရေး အမြန်ဆောင် ရွက်ရန် အပါအဝင် အချက်ခြောက်ချက် သဘောတူညီခဲ့သည်။

လုံခြုံရေးကဏ္ဍဆွေးနွေးမှု နှင့် ပူးပေါင်းဆောင်ရွက်ရေးနား လည်မှုစာချွန်လွှာအရ သက်ဆိုင် ရာ လုပ်ပိုင်ခွင့် အာဏာအပ်နှင်း ထားသော အာဏာပိုင်များအ ကြား စနစ်တကျစီစဉ်ထားသော ပုံမှန်ပြုလုပ်နေကျ ဆွေးနွေး ပွဲများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ တစ်နှစ်လျှင် တစ်ကြိမ် ဒုတိယ ဝန်ကြီးအဆင့်၊ အတွင်းဝန်အဆင့် အစည်းအဝေးများ ကြိုတင်ပြင် ဆင်ဆောင်ရွက်ရန်နှင့် လိုအပ်ပါ က ဝန်ကြီးအဆင့် အစည်းအဝေး များပြု လုပ်ရန် သဘောတူညီချက်တွင် ပါဝင်သည်။

အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့အကြား အဆင့်ကဏ္ဍအလိုက်  ဆွေးနွေးပွဲပြုလုပ်ရန် လည်းသဘောတူ ညီခဲ့သည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်ခရီး စဉ်တွင် ပြည်ထဲရေးဝန်ကြီးနှင့်အ တူ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ လိုက်ပါခဲ့သည်။

7Day

0 comments:

Post a Comment