Sunday, February 18, 2018

ဘင်္ဂလားဒေ့ရှ်က ပေးပို့သော လူဦးရေ ရှစ်ထောင်ကျော် မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့ခြင်းရှိ၊မရှိစစ်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပထမအသုတ်လွှဲပြောင်းပေးမည့် လူဦးရေရှစ်ထောင်ကျော်သည် မြန်မာနိုင်ငံတွင် အမှန်တကယ်နေ ထိုင်ခဲ့ခြင်းရှိ၊မရှိ ကနဦးစိစစ်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့၌ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသည့် မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး အဆင့်အစည်းအဝေးတွင် မြန်မာ နိုင်ငံဘက်မှ နေရပ်စွန့်ခွာထွက် ပြေးသူများ ပြန်လည်လက်ခံရေး စိစစ်နိုင်ရန် ပထမအသုတ်လွှဲ ပြောင်းပေးမည့် လူ ၈,၀၃၂ ဦး၏ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ် ကမြန်မာဘက်သို့ ပေးအပ်ထား သည်။

‘‘အဲဒီလူတွေကို ဒီဘက်က နေ စိစစ်ရမယ်။ တကယ်နေသွားတဲ့သူတွေ ဟုတ်သလား၊ အ ကြမ်းဖက် ကင်းလွတ်သလား စိစစ်ပြီး အဲဒီစာရင်းကို ဟိုဘက်ကို ပြန်ပို့မယ်။ ဟိုဘက်ကနေ အဲဒီလူ တွေကို တစ်သုတ်ပြီး တစ်သုတ် ပို့ရုံပဲ’’ဟု ဒေါက်တာဝင်းမြတ်အေးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

 ၂၀၁၇ သြဂုတ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဒေသခံတိုင်း ရင်းသားများ ထွက် ပြေးတိမ်းရှောင်ခဲ့ရသကဲ့သို့ ရခိုင်ပြည်နယ်ရှိ မွတ်စလင်ဘာသာဝင်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

 ယင်းသို့ ထွက်ပြေးတိမ်း ရှောင်သူများထဲတွင် ARSA အကြမ်းဖက်အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက်သူ အကြမ်းဖက်သ မားများ၊ တရားခံပြေးများပါရှိပြီး  ၎င်းတို့၏ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရထံ သုံးကြိမ်ပေးပို့ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ အကြမ်းဖက်သမား များနှင့် တရားခံပြေးများကို အမြန်ဆုံး စုံစမ်းဖော်ထုတ်၍ သတင်းဖလှယ် ပေးပို့ရေး အလေးထားဆောင် ရွက်ရန်  ဘင်္ဂလားဒေ့ရှ်ကို မြန်မာက တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလား ဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သူ များ ပြန်လည်လက်ခံရေး အစီ အစဉ်ကို ဇန်န၀ါရီ ၂၃ ရက်တွင် စတင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီခဲ့သည်။ ပြန်လည်လက်ခံရေး အစီအမံ ကို မြန်မာဘက်က စတင်ရန် အဆင် သင့် ပြင်ဆင်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်တွင် စိစစ်မှု များ ဆောင်ရွက်နေ၍ လက်ရှိအချိန်အထိ စိစစ်ရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်သေးပေ။

၂၀၁၆ နှင့် ၂၀၁၇ အတွင်း ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များ ကြောင့် ဘင်္ဂလားဒေ့ ရှ်သို့ ထွက် ပြေးလာသူ ခြောက်သိန်းကျော်ရှိ ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ထုတ်ဖော်ပြောကြား ထားသည်။

မြန်မာဘက်ကမူ အဆိုပါ အရေအတွက်နှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့သူများ ဟုတ်၊ မဟုတ် ဥပဒေနှင့်အညီ လက်ခံမည်ဟု ပြောဆိုထားသည်။

7Day

0 comments:

Post a Comment