Monday, February 26, 2018

ဘင်္ဂါလီတွေအပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့် အောင်မလုပ်နိုင်ပါက ရာထူးက နုတ်ထွက်လိုက်ပါဟု ဒေါ်အောင်ဆန်းစုကြည်ကို ယီမင်နိုဗယ်ဆုရှင် တောင်းဆို


 ဖေဖော်ဝါရီ ၂၅ ရက်နေ့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် အူခီယာဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းကို အမျိုးသမီး နိုဗယ်ဆုရှင်သုံးဦးသွားရောက်ခဲ့ပြီး ယင်းတို့ ထဲကယီမင်နိုင်ငံသူ နိုဗယ်ဆုရှင်ကမြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ဘင်္ဂါလီတွေအပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့်အောင်မလုပ်နိုင်ရင် ရာထူးက နုတ်ထွက်ဖို့  တောင်းဆိုလိုက်ကြောင်း ဒါကာထရီဗြွန်းသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။
အီရန်နိုင်ငံက ရှီရင်အီဘာဒီ၊ ယီမင်နိုင်ငံသူ တာဝါကိုလ် ကာမန်နဲ့  မြောက်အိုင်ယာလန်သူ မိုင်ရိဒ် မာဂူရီတို့  ပါဝင်တဲ့ အမျိုးသမီးနိုဗယ်ဆုရှင်သုံးဦးဟာ ဘင်္ဂါလီဒုက္ခသည်စခန်းကို သွားရောက်ကာ အမျိုးသမီးဒုက္ခ သည်တွေနဲ့ တွေ့ ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီအမျိုးသမီးသုံးဦးဟာ ကူတူပါလောင်ဒုက္ခသည်စခန်းကို မသွားရောက်မီ မြန်မာစစ်တပ်ရဲ့ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ ဘင်္ဂါလီအမျိုးသမီး ၅ ဦးနဲ့ တွေ့ ဆုံစကားပြောခဲ့ကာ ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့ ဘင်္ဂါလီတွေရဲ့ အခြေအနေတွေကို မေးမြန်း ခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂါလီအမျိုးသမီးတွေနဲ့ တွေ့ ဆုံမေးမြန်းအပြီးမှာ ယင်းဖြစ်ရပ်တွေဟာ အပြစ်မဲ့ဘင်္ဂါလီလူထုအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတစ်ခုဖြစ်ကြောင်း နိုဗယ်ဆုရှင် မိုင်ရိဒ်မာဂူရီက မှတ်ချက်ပြုခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့  လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုလိုက်ရှင်လင်းမှု အဖြစ် မိုင်ဂူရီက ပြောဆိုခဲ့ပြီး မြန်မာစစ်တပ်ကို နိုင်ငံတကာခုံရုံးပို့ ဖို့  တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ဘင်္ဂါလီတွေရဲ့  အခွင့်အရေးအပေါ် ငြင်းဆိုနေတာတွေကို ရပ်တန့် ဖို့  သူမက မေတ္တာရပ်ခံခဲ့ကြောင်းလည်း သိရပါတယ်။

တဖန် နိုဗယ်ဆုရှင် နောက်တစ်ဦးဖြစ်တဲ့ တာဝါကိုလ် ကာမန် ကလည်း မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေရဲ့  အကြမ်းဖက်ကျူးလွန်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံခွင့်လွှတ်ထားခဲ့မှုအပေါ် အရှက်ရ ဒေါသထွက်မိကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီရာဇ၀တ်မှုတွေကို မရပ်တန့် နိုင်ရင် ရာထူးက နုတ်ထွက်လိုက်ဖို့ သူမကတောင်းဆိုခဲ့ကြောင်းလည်း သိရပါတယ်။ ရက်စက်စွာ ဖိနှိပ်မှုတွေလုပ်ခဲ့တဲ့ ဒီရာဇ၀တ်မှုကျူးလွန်သူတွေကို နိုင်ငံတကာရာဇ၀တ်မှုတရားရုံးတင်ဖို့  မိမိတို့ နိုဗယ် ဆုရှင်တွေက တောင်းဆိုကြောင်း ကာမန်က ပြောဆိုခဲ့ပါတယ်။ ဒီလူတွေထဲမှာ မိမိတို့ ရဲ့ နိုဗယ်ဆုရှင်ညီ အစ်မဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လိမ့်မယ်လို့  မိမိတို့ မမျှော်လင့်ကြောင်း၊ သို့ သော်လည်း သူမအနေနဲ့  ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက် နှုတ်ဆိတ်နေဦးမယ်ဆိုရင် သူမဟာလည်း သူတို့ ထဲက တစ်ဦးဖြစ်လာမှာဖြစ်ကြောင်း ကာမန်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။



AKon Thi

0 comments:

Post a Comment