ဦးကိုနီက အသတ်ခံရတာ၊ ကျွန်တော်က အကြိမ်ကြိမ် လုပ်ကြံခနေရတာ ဟု ဇေယျာဖြိုးက ပြောကြား သည်။
`ဦးကိုနီက အသတ်ခံရတာ၊ ကျွန်တော်က အကြိမ်ကြိမ် လုပ်ကြံခံနေရတာ၊ ပထမတစ်ကြိမ်ကလည်း ဘုမသိဘမသိနဲ့ နောက်ကွယ်ကတရားခံဆိုပြီး အစွပ်စွဲခံရတယ်။ အခုလည်း ဘာအထောက်အထားမှမရှိ ဘဲနဲ့ ကျွန်တော့်ကို စွဲချက်တင် ခံနေရတယ်´ ဟု ဇေယျာဖြိုးက ပြောကြားသည်။
ပြီးခဲ့သည့် ၄၂ ကြိမ်မြောက် ရုံးချိန်းတွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ သုံးဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး အထူးခုံရုံးမှ သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည့် ၃၀၂ (၁) ခ / ၃၄ ဖြင့် စွဲချက်တင်သည့်အမိန့်ကို ချမှတ်ခဲ့သည်။
အောင်ရဲနောင်
The Ladies News
0 comments:
Post a Comment