Monday, February 5, 2018

တိုင်းရင်းသား မျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာ့နိုင်ငံသီးသီးမှ သိရှိနိုင်ရန် ထိရောက်သည့် တုံ့ပြန်မှုများနှင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိ


တိုင်းရင်းသား မျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းကမ္ဘာ့နိုင်ငံသီးသီးမှ သိရှိနိုင်ရန် ခံစားချက် စကား လုံးတစ်လုံးချင်း တုံ့ပြန်ခြင်းထက် လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ တည်တည်ငြိမ်ငြိမ် ဂုဏ်သိက္ခာရှိရှိ ဉာဏ်အမြော်အမြင်၊ဆင်ခြင်တုံတရားကို အလေးအနက်ထားပြီး ထိရောက်သည့် တုံ့ပြန်မှုများနှင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဖေဖော်ဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မက်မန်းမဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး က လွှတ်တော်တွင် မေးမြန်းသည့် ”တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း အား မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးအား သိရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း”မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး ၁၃၅မျိုးထဲတွင် ရိုဟင်ဂျာမပါဝင်ကြောင်း ကြိမ်ဖန်များစွာဖော်ပြပြီးလည်းဖြစ် ပါတယ် ဖော်ပြဆဲလဲဖြစ်ပါတယ် ဒါ့အပြင်နိုင်ငံတော်အကြီးအကဲများရဲ့မိန့်ခွန်းများ သ၀ဏ်လွှာများတွင်လည်း ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုထည့်သွင်းသုံးနှုန်းဖော်ပြခြင်းမပြုတာအားလုံးအသိပဲဖြစ်ပါတယ်ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ မြန်မာ့သံရုံးဝန်ထမ်းများ သံအမတ်ကြီးများ UN အဖွဲ့အစည်းများမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ် စားလှယ်ကြီးများကလည်း ၎င်းအသုံးအနှုန်းကို သုံးစွဲခြင်း အသိအမှတ်ပြုခြင်းမပြုဘဲနဲ့ ထိုသို့သုံးစွဲလာတဲ့ အခြားသောကိုယ်စားလှယ်များ ကိုလည်း အစည်းအဝေးများမှာတရားဝင်သုံးစွဲခေါ်ဆိုလာပါက တရားဝင် ကန့်ကွက်ခြင်း ဆန့်ကျင်ခြင်း ထောက်ပြခြင်းများကိုလည်း စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိပါတယ်”ဟု ဦးသိန်းဆွေကပြောသည်။

ထို့အတူအာဆီယံအစည်းအဝေးများ ၊ ကမ္ဘာ့နိုင်ငံအသီးသီးက ပြုလုပ်သည့် နိုင်ငံတကာအစည်းအဝေး များကို သွားရောက်သည့် အလုပ်ရုံသင်တန်းများကို တက်ရောက်သည့် ၀န်ကြီးဌာန အသီးသီးမှ အဆင့် ဆင့်သော ၀န်ထမ်းများကလည်း ၎င်းကိစ္စနှင့် ပတ်သက်၍ အလားတူ စဉ်ဆက်မပြတ်တုံ့ပြန်ပြောကြားလျက် ရှိသည်။

ထိုကဲ့သို့ဆောင်ရွက်ချက်များသည် မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများတွင် ရိုဟင်ဂျာမပါရှိကြောင်း ကမ္ဘာ့နိုင်ငံများ အဖွဲ့အစည်းများ သိရှိအောင် လုပ်ဆောင်နိုင်ခြင်းလဲဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအကျိုးစီးပွား တိုင်းရင်းသားလူမျိုးများအားလုံး၏ ရေရှည် အကျိုးစီးပွား ကို ရှေးရှုဆောင်ရွက်လျက်ရှိပြီး၊ ရေရှည်အတွက်စဉ်းစားပြီး ကျယ်ပြန့်သောအမြင်များနှင့် မှန်ကန်သောဆောင်ရွက်ချက်များဖြင့် လုပ်ဆောင်လျက်ရှိသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့သည်။

The Ladies News

0 comments:

Post a Comment