ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုထူထောင်နိုင်ရေး ဦးတည်ဆောက်ရွက်နေချိန်တွင် လူမျိုးကြီးဝါဒနှင့် အမြင်ကျဉ်း မြောင်းသည့် အမျိုးသားရေးဝါဒ ကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
‘‘တိုင်းရင်းသားမျိုးနွယ်စုများရဲ့ သမိုင်းဆိုင်ရာ ပကတိအခြေ အနေများကို ဆန္ဒစွဲ၊ လူမျိုးစွဲကင်းစွာ ဓမ္မ ဓိဋ္ဌာန်ကျကျ သုံးသပ်၊ လက်တွေ့ကျကျ တည်ဆောက်ကြဖို့ လိုပါတယ်။ လူမျိုးကြီးဝါဒနဲ့ အ မြင်ကျဉ်းမြောင်းတဲ့ အမျိုးသား ရေးဝါဒကိုလည်း ဆန့်ကျင်ကြရ ပါမယ်’’ဟု ၎င်းကပြောသည်။
ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီး များသည် အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စုစိတ် ဓာတ်ကို သဟဇာတဖြစ်စေ၍ ပင်လုံစိတ်ဓာတ်ကိုမွေးဖွားပေးခဲ့ကြောင်းဦးဉာဏ်ဝင်းက ဆက်လက်ပြောကြား သည်။
ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်သော ၂၀ ရာစု ပင်လုံညီ လာခံသည် တိုင်းရင်းသား စည်း လုံးညီညွတ်မှုဖြင့် အမျိုးသား လွတ်လပ်ရေးကို ဦးတည်ခဲ့ပြီး လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ၂၁ ရာစုပင်လုံညီ လာခံသည် အမျိုးသားပြန်လည် သင့်မြတ်ရေး အခြေခံ၍ ဒီမိုကရေ စီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို ဦးတည်ကြောင်း ဦးဉာဏ်ဝင်းကဆိုသည်။
အဆိုပါ အခမ်းအနားသို့ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာ ယက သူရဦးတင်ဦးအပါအ၀င် ပါတီဗဟို အလုပ်အမှုဆောင်အ ဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းအစိုးရအဖွဲ့ဝင် အချို့၊ နိုင်ငံတကာ သံတမန်အချို့နှင့် ဒီချုပ်ပါတီများ တက်ရောက်ခဲ့ သည်။ ဒီချုပ်၏ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကြေညာ ချက်ကိုပါတီဗဟိုကော်မတီဝင် မုံရွာ အောင်ရှင်က ဖတ်ကြားသည်။
အမျိုးသား ပြန်လည်သင့် မြတ်ရေး၏ အခြေခံအနှစ်သာရ မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ သွေးစည်း ညီညွတ်ရေး၊ ငြိမ်းချမ်း ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသစ်ပေါ်ထွန်းရေးဖြစ်ပြီး ဒီမိုကရေစီ စံချိန် စံညွှန်းများနှင့် မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လည်း တစ်ဆက်တည်း လုံ့လပြု ကြရမည်ဟု ဒီချုပ်၏ ပြည်ထောင် စုနေ့ ကြေညာချက်၌ ပါရှိသည်။
‘‘ငြိမ်းချမ်းရေးရဖို့ဆိုရင် အ ရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ ညီညွတ်ရေးပဲ။ ကျွန်တော်တို့နဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကြားမှာ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒအရ စေ့စပ်ညှိနှိုင်းရင်း အရှေ့ကို ရောက်အောင် ကြိုးစားရမှာဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။
ဒီချုပ်အစိုးရနှင့် လွှတ်တော် သက်တမ်း ၂ နှစ်အတွင်း တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဆက်ဆံရေး အားနည်းလာကြောင်း သုံးသပ်ဝေဖန်မှုများရှိသည်။ သို့သော် ဦးဉာဏ်ဝင်းက ဝေဖန်မှုများကို ပယ်ချပြီး ပိုမိုကောင်းမွန်လာသည်ဟု ရှုမြင်ကြောင်း အခမ်းအ နားပြီးဆုံးချိန်တွင် 7Day Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။
‘‘ကျွန်တော်က ပိုကောင်း တယ်လို့ ပြောချင်တယ်။ ကျွန် တော်ဆိုရင် မွန်ပြည်နယ်က။ မွန် ပြည်နယ်မှာ ပါတီသုံးလေးခုရှိ တယ်။ အကုန်လုံးတစ်ယောက်နဲ့ တစ်ယောက် အကုန်ချိတ်လို့ရ တယ်။ ခြုံပြောရင် ကောင်းတယ် လို့ ပြောချင်တယ်’’ဟု ဆိုသည်။
ဒီချုပ်၏မဟာမိတ် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကမူ ၂ နှစ်အတွင်း ပါတီချင်းဆက်ဆံမှု လျော့ကျလာ ကြောင်း မှတ်ချက်ပြုသည်။
‘‘ပါတီတစ်ခုနဲ့တစ်ခု ပါတီချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်တာ၊ သဘောတူညီချက်တွေရှိတာ၊ ပူးပေါင်း အစည်းအဝေးတွေ ကျင်းပတာ၊ နိုင်ငံရေးအရ ဒါမျိုး တွေရှိနေမှ တိုးတက်တယ်လို့ မြင် တယ်လေ။ ရွေးကောက်ပွဲနောက် ပိုင်းမှာ ဒါတွေက မရှိသလောက်ဖြစ်သွားပြီ’’ ဟု လွှတ်တော်ကိုယ် စားလှယ်ကပြော သည်။
7Day
0 comments:
Post a Comment