နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆို ခံထားရသော ရိုက်တာသတင်း ထောက်နှစ်ဦးကို စစ်ဆေးနေသည့် တရားခွင်တွင် ရဲတပ်ဖွဲ့၏ ထွက်ဆိုမှုများသည် အကျိုးအ ကြောင်းမညီညွတ်ဘဲ ကွဲလွဲနေ ကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ က ပြောသည်။
ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဖေဖော်ဝါရီ ၆ ရက်က ငါးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ဒုရဲအုပ်တင်ထွေးဦးကို စစ်ဆေးခဲ့သည်။
ထိုစစ်ဆေးမှုအပြီးတွင် ရဲတပ်ဖွဲ့၏ ထွက်ဆိုချက်များသည် ကနဦးသတင်းထောက်များ ထွက်ဆိုထားသည့် အချက်များနှင့်ကွဲလွဲနေပြီး ယုတ္တိမရှိသည့် စကားများပါဝင်နေကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင် ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
‘‘ကွဲလွဲတာ သတင်းထောက် တွေက ထောက်ကြန့်ရဲစခန်းမှာ သူတို့ကို စစ်မေးတယ်။ ရှာဖွေပုံစံ ယူတယ်လို့ ပြောတယ်။ အခု ရဲက ကျတော့ ဖမ်းမိတဲ့နေရာမှာ လုပ် တယ်လို့ ပြောတယ်။ ပြီးတော့ လမ်းမှာပဲ ရှာဖွေပုံ စံတွေ၊ စစ်မေး တာလုပ်တာ ၁၀ မိနစ်၊ ၁၅ မိနစ် လောက်ပဲ ကြာတယ်ပြောတယ်။ ဒါယုတ္တိမကျဘူး’’ဟု ဦးသန်းဇော် အောင်က ပြောသည်။
ထို့အပြင် ရဲတပ်ဖွဲ့မှ တရား လိုသက်သေ ဒုရဲအုပ်တင်ထွေးဦး က တရားရုံးတွင် ထွက်ဆိုရာ၌ အသင့်ပါ လာသော ဒိုင်ယာရီစာ အုပ်ကို ကြည့်ရှုကာ ထွက်ဆိုခဲ့ သည်။ စာအုပ်ကြည့်၍ ထွက်ဆိုသည့်အပေါ် တရားရုံး ဘက်မှ မေးမြန်းရာ သတင်းထောက်နှစ်ဦးကို ကနဦးမေးမြန်းထားသည့် အချက်အလက်များအားလုံး စုပေါင်း ၍ဒိုင်ယာရီစာအုပ်၌ ပြန်လည်ကူး ရေးထည့်ထားသောကြောင့် စာ အုပ်ကြည့်၍ ဖြေဆိုရပါသည်ဟု ထွက်ဆို သည်။
ထို့ကြောင့် သတင်းထောက် နှစ်ဦး၏ ရှေ့နေက ယခင် ကနဦး မေးမြန်းထားသော အချက်အ လက်များကို စာရွက်နှင့်တကွ ရုံး တော်သို့ တင်ပြနိုင်သလားဟု ဆို သောအခါ ဒုရဲအုပ်က ယခင်အ ချက်အလက်များကို မီးရှို့ဖျက်ဆီး လိုက်ပြီဟု ဖြေကြားသည်။
‘‘တရားရုံးမှာ ထွက်ဆိုတဲ့အ ခါ သူပိုင်တဲ့ စာရွက်တွေကို သူ့ သဘောဆန္ဒအရ မီးရှို့ပါတယ်ဆို ပြီး ထွက်ဆိုခဲ့ တာပါ။ ဘာကြောင့် ရှို့ခဲ့လဲကတော့ ရဲတပ်ဖွဲ့ပဲ သိ မယ်။ သူ့နောက်က တစ်ယောက် ယောက် ညွှန်ကြားလို့... သူ့ဟာ သူကတော့ ရှို့ရဲမှာမဟုတ်ဘူး။ ဒီ ဟာသည် အမှုအတွက် အရေးကြီးတဲ့ မှတ်တမ်းတစ်ခုဖြစ် တယ်’’ဟု ဦးသန်းဇော်အောင်က ဆိုသည်။
တရားရင်ဆိုင်နေရသည့် ရိုက်တာသတင်းထောက်နှစ်ဦး သည် တရားရုံးမှ ပြန်အထွက်တွင်၎င်းတို့ကို မျှတစွာ စစ်မေးသည်ထက် တရားရုံးသို့တင်၍ တရားစွဲရန်ဆောင်ရွက်နေကြောင်း ပြောဆို ခဲ့သည်။
‘‘မျှမျှတတ စစ်ဆေးတာ မဟုတ်ဘဲ ရုံးတော်မှာတင်ပြဖို့ လောက်ပဲ လုပ်ခဲ့တာလေ။ ကျွန် တော်တို့ ဘာကြောင့် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့လဲ၊ သတင်းဘယ်လို ရေးသားခဲ့လဲဆိုတာ တင်ပြတာ မရှိဘူး’’ဟု ကိုဝလုံးက ပြောသည်။ထို့အပြင် ရဲတပ်ဖွဲ့က ၎င်းတို့ကိုခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိကြောင်း ၎င်းက ပြောသည်။
အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ သတင်းထောက်များ ၏ ရှေ့နေ ဦးသန်းဇော်အောင်က ‘‘ခြိမ်းခြောက် တယ်ဆိုတာ ရှာဖွေ ပုံစံလက်မှတ်ထိုးတဲ့အခါတုန်းက ဒီနေရာမှာထိုး၊ မထိုးရင် ပုဒ်မတွေ တပ်မယ်ဆိုပြီး ပြောတယ်’’ဟု ၎င်းက ပြောသည်။
နောက်တစ်ကြိမ် ရုံးချိန်းကို ဖေဖော်ဝါရီ ၁၄ ရက်သို့ ချိန်းဆိုပြီး ထိုရုံးချိန်းတွင် တရားလိုပြ သက် သေတစ်ဦးကို စစ်ဆေးမည်ဖြစ် သည်။
ယခုရုံးချိန်းအပြီးတွင် ရိုက် တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေး ဝန်းရံကြသူ များကို ကျေးဇူး တင်ကြောင်း ရိုက်တာက ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲ ၌ လက်ရှိတရား ခွင်စစ်ဆေး မှုများအပြီးတွင် သတင်းထောက်များ အပြစ်မရှိကြောင်း ထုတ်ဖော်နိုင် မည်ဟု ယုံကြည်ကြောင်း ထည့် သွင်းဖော်ပြထားသည်။
ရိုက်တာ သတင်းထောက်နှစ်ဦး၏ အာမခံလျှောက်ထားမှုကိုမြောက်ပိုင်းခရိုင်တရားသူကြီးကပယ်ချထား သည်။
7Day

0 comments:
Post a Comment