အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုတွင် လက်ခုပ်သြဘာ မပေးဘဲ နေခဲ့ကြသော လွှတ်တော်အမတ်များကို မျိုးချစ်စိတ်ကင်းမဲ့သူများ၊ နိုင်ငံတော်သစ္စာဖောက်များအဖြစ် ဖေဖော်ဝါရီ ၅ ရက်တွင် ရှုတ်ချပြောဆိုလိုက်သည်။
“သူတို့က ကျွန်တော်တို့ နိုင်ငံ ကောင်းအောင်လုပ်တာထက် ထရမ့် လုပ်တာ ဆိုးသွားတာပဲ မြင်ချင်နေကြ လိမ့်မှာပါ။ ကောင်းပြီလေ။ ဒီလို စိတ်ဓာတ်မျိုးဆိုတာဟာ တကယ့်တစ်ကိုယ်ကောင်းစိတ်ထားစိတ်ဓာတတ် ပါပဲ။”ဟု ထရမ့်က ပြောသည်။
“သူတို့ဟာ လူသေတွေပဲ။ အမေရိကန်တွေ မဟုတ်ဘူး။ အမေရိကန် မဟုတ်ဘူး။ တစ်ယောက်ယောက်က ‘နိုင်ငံတော်သစ္စာဖောက်တွေပါ’လို့ ပြောလိုက်မယ်ဆို ကျွန်တော်က ဒါအမှန်ဘဲလို့ ထောက်ခံမယ်။ မဟုတ် ဘူးလား။”ဟု ထရမ့်က ဆိုသည်။
“သူတို့ကို သစ္စာဖောက်တွေလို့ ခေါ်လို့ ရမလား။ မခေါ်နိုင်ဘူးလား။ ကျွန်တော်အတွက်ကတော့ သူတို့ဟာ ကျွန်တော်တို့ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့ပုံ မရှိတာ အရမ်းကို ထင်သာမြင်သာ မြင်နေရတယ်။”ဟုလည်း ၎င်းက ပြောခဲ့သည်။ ထရမ့်သည် ၎င်း၏ မိန့်ခွန်းအား ရုပ်မြင်သံကြားမှ ကြည့်ရှုသူ ဦးရေသည် သမိုင်းတင် အမြင့်မားဆုံးဖြစ်ကြောင်း မှားယွင်းစွာ ဂုဏ်ယူလျက်ရှိသည်။
သို့သော Nielsen ၏ စစ်တမ်းအရ ကွန်ဂရက်လွှတ်တော်ရှေ့မှောက် သမ္မတများ ပထမနှစ်သက်တမ်း မိန့်ခွန်းပြောဆိုမှုအား ရုပ်မြင်သံကြားမှ ကြည့်ရှုသူပရိသတ်ဦးရေသည် ယခင်သမ္မတ သုံးဦးစလုံးက ထရမ့် ထက် ပိုသာလွန်များပြားကြောင်း ဖော်ပြထားသည်။
Mizzima - News in Burmese
0 comments:
Post a Comment