ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီကြိုးပမ်းမှုအား အားပေးထောက်ခံသည့်အနေဖြင့် လွန်ခဲ့သော ၇ နှစ်ကပေးအပ်ခဲ့သည့် Freedom Of Newcastle ဆုကို ပြန်လည်ရုပ်သိမ်းရန် မြို့ကောင်စီလူကြီးများက မဲခွဲ ဆုံးဖြတ်လိုက်ကြောင်း သတင်းရသည်။
သို့ရာတွင် မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကာလရှည်ကြာကြိုးပမ်းမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၁ ခုနှစ်တွင် ယင်းဆုကိုပေးအပ်ခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ် ချက်ဖြစ်ကြောင်း Nick Forbes ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်မှမွတ်စလင်များနှင့်ပတ်သက်၍ နှုတ်ဆိတ်နေသည်ဟုဆိုကာ နိုင်ငံတကာ အထူးသဖြင့် အနောက်အုပ်စု၏ ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။
ထို့ပြင် ၂၀၁၇ နှောင်းပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အားအပ်နှင်းခဲ့သော Freedom Of Dublin နှင့် Freedom Of Oxford ဆုများကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့သည်။
Ref;itv
News Watch
0 comments:
Post a Comment