လားဟူဒီမိုကရက်တစ်အစည်းအ
ရုံး (LDU) အဖွဲ့ တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူ စာချုပ် (NCA) တွင် ပါဝင် လက်မှတ်ထိုးရခြင်းအကြောင်း ရင်း၊
လက်မှတ်ရေးထိုးပြီးနောက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး
ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်၌ ကျင်းပသည့် NCA လက်မှတ်ထိုးပွဲသို့ တက်
ရောက်လာသော LDU ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဆော်လမွန်နှင့်
တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။
ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာ ၂၇ ရက်မှာ လားဟူဒီမိုကရက်တစ် ယူနီယံက CEC ရော၊ CC ရော အားလုံးထိုင်ပြီးမှ NCA လက်မှတ် ထိုးတော့မယ်ဆိုတာ ဆုံးဖြတ် ချက်ချခဲ့တယ်။ တိုင်းပြည်မှာ လို နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို ကျွန် တော်တို့က လိုလားနေတယ်လေ။ အဲဒါကြောင့် NCA လက်မှတ်ထိုး ဖို့ ဆုံးဖြတ်တာ။ NCA စာချုပ်မှာ အားလုံးပါပြီးသားဆိုတော့ ကျွန် တော်တို့လည်း ဒီစာချုပ်အရ မဟုတ်ရင်တော့ ဒီငြိမ်းချမ်းရေး လမ်းစဉ်က ရနိုင်မှာ မဟုတ်ဘူး လို့ ခံယူချက်ရှိတယ်။
အရင်အစိုးရလက်ထက်မှာ တုန်းက လားဟူတို့၊ ANC (ရခိုင် ပြည်အမျိုးသားကောင်စီ) တို့အပါအဝင် အဖွဲ့တချို့ကို NCA မှာ ပါဝင်စရာမလိုဘူးလို့ အစိုးရက သဘောထားရှိတာပေါ့။ အခု အစိုးရ လက်ထက်မှာကျတော့ ပါဝင်ခွင့်ရတာ ဘာကွာသွားတာလဲ။
တစ်ခုတော့ရှိတယ်။ အပစ် ရပ်စာချုပ်ရှိတာနဲ့ မရှိတာ နည်း နည်းလေးကွာခြားမှုတော့ရှိတယ်။ ဒီတစ်ချက်ပါပဲ။
အစက NCA လက်မှတ်ထိုးတဲ့အ ခါ ANC ပါလာမယ်ဆိုပြီး အခု မပါလာတာ ဘာကြောင့်ပါလဲ။
ဒီနေ့ ထုတ်ပြန်ထားတာ တစ်ချက်တွေ့လိုက်တယ်။ သူတို့က JMC အဆင့်တော့ ပါစေချင် တယ်။ JMC အဆင့်မှာ စစ်ဘက် ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီပေါ့။ အဲဒီထဲမှာ အပစ် အခတ်ရပ်စဲရေးစာချုပ်မရှိရင် ပါလို့မရဘူးဆိုတာ နဂိုကတည်း က ဆွေးနွေးကတည်းက ပါပြီး သား။ NCCT (တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်း ထားပြီး အစိုးရနှင့် NCA စာချုပ် ရရှိရေး ဆွေးနွေးခဲ့သည့် တစ်နိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်း ရေး ကိုယ်စားလှယ်အဖွဲ့)ခေတ် ကတည်းက ပါတယ်။ ဒီဘက် ခေတ်လည်း ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကို လွတ်လွတ်လပ် လပ် လုပ်လို့ရတာပေါ့။ ဒါပေမဲ့ ဒီ စစ်ဘက်ဆိုင်ရာကိုတော့ စာချုပ် မရှိတဲ့အခါ နည်းနည်းလေး အ ခက်အခဲကြုံရတာပေါ့။ ကျွန်တော်တို့ကတော့ ဒီကိစ္စကို သူတို့ (ANC) လုပ်တာ ထောက်ခံတယ်။ ဒါပေမဲ့ လောလောဆယ် ပါဝင် ဆွေးနွေးဖို့တော့ အစီအစဉ်မရှိ သေးဘူး။
လားဟူ တိုင်းရင်းသားတွေက ဘယ်ဒေသတွေမှာ အခြေစိုက် တာပါပဲ။
ကျွန်တော်တို့က ရှမ်းပြည် နယ် သံလွင်မြစ်ရဲ့ အရှေ့ခြမ်းမှာ ပိုများပါတယ်။ ၂၀၁၄ သန်းခေါင် စာရင်းအရ တစ်ပြည်လုံးမှာ လား ဟူ တိုင်းရင်းသား နှစ်သိန်းငါး သောင်းကျော်ရှိတယ်။ တချို့က မှတ်ပုံတင်မရှိတာလည်းရှိမယ်။ စာရင်းသေချာ မသိတာလည်းရှိ ဦးမယ်။ တကယ်ဆိုရင် သုံးသိန်း ကျော်မယ်ထင်တယ်။ အများဆုံး နေတဲ့မြို့နယ်က သံလွင် အရှေ့ ဘက် မိုင်းပြင်းမြို့နယ်က အများ ဆုံးနေတဲ့မြို့နယ်ပါ။ ၈၀ ရာခိုင် နှုန်းလောက်ရှိတယ်။
ဒေသတွင်းမှာ တပ်မတော်နဲ့ စစ် ရေးပဋိပက္ခဖြစ်ခဲ့တာမျိုးကော ရှိပါသလား။
အစိုးရတပ်မတော်နဲ့ ဖြစ်ဖို့ က အလားအလာမရှိပါဘူး။
လားဟူတိုင်းရင်းသားတွေ နေ ထိုင်တဲ့ ဒေသမှာကော ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာ မှုတွေ ဘာတွေ ကြုံခဲ့ရလဲ။
ကျွန်တော်တို့ ငြိမ်းချမ်းရေး နဲ့ပတ်သက်လို့ ရှမ်းပြည်မှာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ တော်တော်များတယ် လေ။ အဖွဲ့အစည်းများတော့ အ ချင်းချင်း မတည့်တာ တစ်ခုရယ်၊ အစိုးရနဲ့ မတည့်တာ တစ်ခုရယ် ပေါ့။ နယ်မြေလုတာ ပိုများတာ ပေါ့။ ဒေသတွင်းမှာဆိုရင် UWSA (‘ဝ’လက်နက်ကိုင်အဖွဲ့)ရှိတယ်။ နောက် RCSS (ရှမ်းလက်နက် ကိုင်အဖွဲ့)ရှိတယ်။
NCA ပါဝင်ခဲ့တဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ခံစားရမယ် လို့ မျှော်လင့်ပါသလဲ။
ကျွန်တော်တို့ အဓိကက လူ ထုတွေ့ဆုံဆွေးနွေးပွဲလုပ်မယ်။ ပြီးရင် ကျွန်တော်တို့ လိုချင်တဲ့ ဒေသ ဖွံ့ဖြိုးရေးလုပ်မယ်။ ဖွံ့ဖြိုး ရေးလုပ်ဖို့ကို အဓိကလုပ်မှာပါ။
လားဟူက NCA လက်မှတ်ထိုးပြီ ဆိုတော့ အစိုးရကို ဘာတောင်း ဆိုချင်ပါသလဲ။
အစိုးရကို တောင်းဆိုချင် တာက လူထုနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ပေးပါလို့ပေါ့။
ဒီလက်မှတ်ထိုးလိုက်တဲ့အခါမှာ ဘယ်လိုအကန့်အသတ်တွေ ကြုံ ရပါသေးလဲ။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့တော့ နည်းနည်း လေး အခက်အခဲတွေ့ရတယ်။ နှစ်ဖက် သဘောတူညီချက်လို့ခေါ် တဲ့ အပစ်ရပ်စာချုပ် ကျွန်တော်တို့ ဆီမှာ မရှိဘူးလေ။ အဲဒါကြောင့် JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ)တို့ ဘာတို့မှာ ပါဝင် ခွင့်မရှိဘူး။ အဲဒါကလည်း အရင် ဆွေးနွေးတဲ့ အချိန်ကတည်းက ပြောပြီးသား။ UPDJC (ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ)မှာ ပါဖို့ကျတော့ EAO (တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ)ရဲ့ အပေါ် မှာ မူတည်တယ်တဲ့။
NCA လက်မှတ်ထိုးဖို့ ကျန်နေခဲ့တဲ့ အဖွဲ့တွေကို ဘယ်လိုတိုက်တွန်း လိုပါသလဲ။
အားလုံးက NCA လမ်း ကြောင်းကနေ ငြိမ်းချမ်းရေးယူ တာ အကောင်းဆုံးပဲ။ ပြီးမှ ကိုယ့် ဒေသကိုယ် ဖွံ့ဖြိုးရေးလုပ်လို့ရ တယ်။ ကိုယ့်ဒေသမှာ လိုနေတဲ့ အရာအားလုံးကို အစိုးရနဲ့ ဆွေး နွေးမယ်။ ကျန်တဲ့အဖွဲ့တွေနဲ့ ဆွေးနွေးပြီး ပံ့ပိုးကူညီမှုရှိမှ နိုင်ငံတော် တစ်ခုက အေးချမ်းသာယာလာ မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ မြောက်ပိုင်းအဖွဲ့တွေ လည်း တဖြည်းဖြည်းတော့ လာ လိမ့်မယ်ထင်တယ်။ လောလော ဆယ် မလာသေးပေမယ့် NCA လမ်းကြောင်းနဲ့ နီးစပ်တဲ့ လမ်း ကြောင်း သူတို့ရှာနေတာပဲ။ ဘယ် လိုအခက်အခဲကြောင့် သူတို့မလာသေးတာလဲဆိုတာ ကျွန် တော်လည်း မပြောတတ်ဘူး။ သူ တို့အဖွဲ့အစည်းအကြောင်း ကျွန် တော်လည်း သိပ်မသိဘူး။
UNFC အဖွဲ့ရဲ့ တည်ရှိမှုကကော ဘယ်လိုဖြစ်သွားမလဲဗျ။ အခုနှစ် ဖွဲ့ပဲ ကျန်တော့တယ်ဆိုတော့ UNFC ရဲ့ စုဖွဲ့မှုက ဆက်ရှိနိုင်ပါ တော့မလား။
လက်မှတ်ထိုးပြီးရင်တော့ ဗဟိုအလုပ်အမှုဆောင်အစည်း အဝေးထိုင်မယ်။ အဲဒီအချိန်ကျမှ ဆုံးဖြတ်ချက်ချမှ ကျွန်တော်တို့ သိမယ်။ UNFC ကနေ ကျွန်တော် တို့ နုတ်ထွက်စာလည်းတင်တော့ တင်ထားပြီးပြီ။ သူတို့ နုတ်ထွက် ခွင့်မပြုသေးဘူး။ အစည်းအဝေး မှာက စစ်တပ်က အုပ်ချုပ်တာ။ အခု အင်ဒိုနီးရှားက ဒီမိုကရေစီ နိုင်ငံဖြစ်နေပြီ။ လောလောဆယ် ကျွန်တော်တို့နိုင်ငံမှာလည်း အဲဒီ လိုဖြစ်ဖို့ အခက်အခဲတော့ နည်း နည်းကြုံရမှာပဲ။ တစ်နေ့တစ်ချိန် ကျတော့ ပြောင်းလဲလာမယ်ထင် တယ်။
ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပေးပါဦး။
မရှိပါဘူး။
ကျေးဇူးတင်ပါတယ်။
7Day
0 comments:
Post a Comment