Thursday, June 28, 2018

ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူကျေနပ်အောင် မလုပ်နိုင်သေးဟု မန်းတိုင်းဝန်ကြီးချုပ်ပြော


အစိုးရသက်တမ်း ၂ နှစ်ကျော်ရှိပြီ ဖြစ်သော မန္တလေးတိုင်းအစိုးရအဖွဲ့အနေနှင့် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ ကျေနပ်သည် အထိ မလုပ်နိုင်သေးကြောင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်သစ်လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုခွင့်ပြု


ဝန်ကြီးချုပ် ဦးလှမိုးအောင် လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီမှ လုပ်ငန်း ၁၂ ခုကို ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးအောင်က မဇ္ဈိမသို့ ပြောသည်။

မြန်မာလွှတ်တော်များ ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်နေ


မြန်မာပြည်မှာ လွှတ်တော်တွေအနေနဲ့ အခုထက်ပို ပွင့်လင်းမြင်သာမှုရှိဖို့ လိုသလို အချက်အလက်တွေကို မြန်မြန်ဆန်ဆန်နဲ့ ပြည်သူတွေဆီရောက်အောင် လုပ်ပေးဖို့ လိုတယ်လို့ လွှတ်တော်တွေကို စောင့်ကြည့်လေ့လာနေတဲ့ ပွင့်လင်းမြန်မာအဖွဲ့က ပြောပါတယ်။

ဒလတံတား ဒီဇိုင်းသစ်ကြောင့် ဒေါ်လာ ၁၉ သန်း ထပ်ကုန်ကျနိုင်ဟု လွှတ်တော်အမတ်ဝေဖန်


ဒလတံတား ဒီဇိုင်းအသစ်ကြောင့် တည်ဆောက်မှုလုပ်ငန်းတွေကို အခုနှစ်ကုန်ပိုင်းမှ စတင်နိုင်မှာဖြစ်သလို ငွေကြေးကုန်ကျပိုများလာမယ်လို့  ဒလမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ဝေဖန်လိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ ရခိုင်လူမှုအဖွဲ့စည်းများနှင့် တွေ့ဆုံ


ရခိုင်ပြည်နယ်သို့ သုံးရက်တာရောက်ရှိလာတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer ဟာ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက ရခိုင်အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။

သတင်းပေါက်ကြားမှုကြောင့် ကျော်ကြား မူးယစ်တရားခံ ၂၄ ဦးမှာ ၈ ဦးသာဖမ်းမိပြီး ကျန်လူတွေထွက်ပြေးသွားတယ်လို့ မန္တလေးတိုင်းအစိုးရဆို


သတင်းပေါက်ကြားမှုတွေရှိနေလို့ ကျော်ကြားမူးယစ်တရားခံ ၂၄ ဦးမှာ ၈ ဦးသာဖမ်းမိခဲ့ပြီး ကျန်တာတွေထွက်ပြေးသွားတယ်လို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရကို ဒေါက်တာအေးမောင်ဝေဖန်


နိုင်ငံတော် ပုန်ကန်မှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရသော ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပုံရိပ်ကျဆင်းနေသည်ဟုဆိုကာ ပြန်လည်ဆင်ခြင်သုံးသပ်ရန် ဇွန်လ ၂၇ ရက် ရုံးချိန်တွင် ဝေဖန်လိုက်သည်။ 

သိမ်းဆည်းခံလယ်ယာမြေပြဿနာများ အချိန်မဆွဲဘဲ ဖြေရှင်းရန် သမ္မတတိုက်တွန်း


သိမ်းဆည်းခံ လယ်ယာ မြေနှင့် အခြားမြေများနှင့် ပတ် သက်၍ လိုအပ်သည်ထက် အချိန် ဆွဲဖြေရှင်းခြင်းမပြုဘဲ အမြန်ဆုံး ပြီးစီးအောင် အားသွန်ခွန်စိုက်စီမံ ခန့်ခွဲ ဆောင်ရွက်ပေးကြရန် အထူးလိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရန် သတင်းပေးသူတစ်ဦးလျှင် ကျပ်သိန်း ၁၃၀ ခန့်ချီးမြှင့်ရန် တွက်ချက်ထားဟု ဦးဇော်ဌေးပြော


မူးယစ်ဆေးဝါး များကို ဖမ်းဆီးရန် သတင်းပေးသူ တစ်ဦးလျှင် အနည်းဆုံးကျပ်သိန်း ၁၃၀ ခန့် ချီးမြှင့်ရန် အကြမ်းဖျင်း ခန့်မှန်းတွက်ချက်ထားကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော် ဌေးက ပြောသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ရှိ UEHRD နှင့် NRPC ရုံးတို့သို့ သွားရောက်


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေးဖွံ့ဖြိုးရေး စီမံကိန်း( UEHRD) ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရွှေလီလမ်းရှိ UEHRD နှင့် NRPC ရုံးတို့သို့ သွားရောက်ခဲ့သည်။

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မျက်မြင်သက်သေ၊ စီစီတီဗွီ မှတ်တမ်း စသည့် ခိုင်မာသော သတင်းအချက်အလက်များ ပေးနိုင်သည့် မည်သူ့ကိုမဆို ဘတ်ငွေ ငါးသိန်း ချီးမြှင့်မည်ဟု အမည်မဖော်လိုသူ တစ်ဦးက ကမ်းလှမ်းဟု ထိုင်းသတင်းစာ တစ်စောင်တွင် ဖော်ပြ


၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ မျက်မြင်သက်သေ၊ စီစီတီဗွီမှတ်တမ်း စသည့် ခိုင်မာသည့် သတင်းအချက်အလက်များ ပေးနိုင်သည့် မည်သူ့ကိုမဆို ဘတ်ငွေ ငါးသိန်း ဆုချီးမြှင့်မည်ဟု အမည်မဖော်လိုသူ တစ်ဦးက ကမ်းလှမ်းခဲ့ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် သတင်းစာတစ်စောင်ဖြစ်သည့် စမွီတိုင်းမ်သတင်းစာက ဇွန် ၂၇ ရက်က ရေးသားဖော်ပြခဲ့သည်။

ပျောက်ဆုံးနေသော လူငယ်များကို ကူညီရှာဖွေပေးမည့် အမေရိကန်နှင့် ဗြိတိန်မှ တပ်ဖွဲ့ဝင်များ ထိုင်းသို့ရောက်ရှိလာကြပြီ


ပျောက်ဆုံးနေသော လူငယ်များကို ကူညီရှာဖွေပေးရန် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်မှ ရေငုပ်တပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။

လစဉ်ကြေးပေးမှ မင်ဘာဝင်လို့ရမယ့် ဂရုတွေကို facebook စတင်စမ်းသပ်နေပြီ


လစဉ်ကြေး အခကြေးငွေပေးမှ မင်ဘာဝင်လို့ရမယ့် Group တွေကို facebook က ရှေ့ပြေးအဖြစ် စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။

ကချင်၊ ရှမ်း၊ ကရင်ပြည်နယ် သုံးခုမှ ဒုက္ခသည်စခန်းများ ပိတ်သင့်၊ မသင့် အစိုးရ စိစစ်မည်


ပြည်နယ်လေးခုရှိ IDP စခန်းများအနက် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ထားသည့်စခန်းများကို ပိတ်သိမ်းပြီး ကချင်၊ ရှမ်း၊ ကရင်ပြည်နယ် သုံးခုရှိ စခန်းများကို ပိတ်သိမ်းသင့်၊ မသင့် စိစစ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

မဲစာရင်းများ မှန်ကန်စေရေး လာရောက်ကြည့်ရှု စစ်ဆေးပေးကြရန် မဲဆန္ဒရှင်များကို တိုက်တွန်း


လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် ၉ ရက်ကစပြီး ၂၂ ရက်ထိ သီတင်းနှစ်ပတ်ကြာ ပထမအကြိမ် ကပ်ထားကြေညာပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်က ထုတ်ပြန်ပါတယ်။

လူငယ်ခေါင်းဆောင်မှု ထူးချွန်ဆုပေးပွဲ ဗြိတိန် တော်ဝင်မင်းသားဇနီးမောင်နှံ တက်ရောက်


ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ချီးမြှင့်တဲ့ “လူငယ်ခေါင်းဆောင်မှု ထူးချွန်ဆု” ပေးပွဲကို ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး တော်ဝင်မင်းသား ဟယ်ရီနဲ့ ကြင်ယာတော် မီဂန် မာကယ်တို့လည်း တက်ရောက်ခဲ့ပါတယ်။

ဗင်နီဇွဲလားတွင် ဆေးဝါးပြတ်လပ်နေ၍ အာဂျင်တီးနား ဆေးဘက်အဖွဲ့ ကုသပေးနေ


ဗင်နီဇွဲလားနိုင်ငံမှာ ဆေးဝါးပြတ်လပ်နေလို့ အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံထဲက ဆေးဘက်အဖွဲ့ ဦးထုပ်ဖြူအုပ်စုက ဆေးကုသရေးစခန်းကို နယ်စပ်မှာ ဖွင့်လှစ်ကုသပေးနေပါတယ်။

၁၂ နှစ်အရွယ်ကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သည့် လက်ဝှေ့သမားအား ဖမ်းဆီး


ထိုင်းနိုင်ငံ ဘုရားပွဲတခုမှာ အသက် ၁၂ နှစ်အရွယ် ကျောင်းသူတဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ လက်ဝှေ့သမားတဦးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဇွန်လ ၂၇ ရက်နေ့က ဖော်ပြပါတယ်။

အောင်လအန်ဆန်းနှင့် ကန်ဟာဆီဂါဝါတို့၏ပွဲကြိုပြောစကား


စင်ကာပူအခြေစိုက်ကာ ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲများ ကျင်းပနေသည့် One Championship က ကျင်းပမည့် Sprit of Warrior ပြိုင်ပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ Pullman Hotal တွင် ကျင်းပခဲ့သည်။ သုဝဏ္ဏမိုးလုံ လေလုံအားကစားရုံ၌ ဇွန်လ ၂၉ ရက်နေ့တွင်ကျင်းပမည့် ယင်းပြိုင်ပွဲ၌ အောင်လအန်ဆန်းသည် မစ်ဒယ်ဝတ်တန်း ရွှေခါးပတ်ကာကွယ်ပွဲအဖြစ် ဂျပန်လက်ဝှေ့သမား ကန်ဟာဆီဂါဝါနှင့်ထိုးသတ်ရမည်ဖြစ်ရာ ၎င်းတို့နှစ်ဦး၏ ပွဲကြိုပြောကြားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

တစ်ဒေါ်လာ ကျပ် ၁၄၀၀ ခန့်ရောက်ရှိ


ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အမေရိကန် ဒေါ်လာဈေးသည် အမြင့်ဆုံးအဖြစ် တစ်ဒေါ်လာလျှင် ၁၄၀၀ ကျပ်ခန့်သို့ ရောက်ရှိနေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။


ရခိုင်အရေးနှင့်  ပတ်သက်သော ထိပ်သီးဆွေးနွေး ပွဲတစ်ခုတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကအာဏာ သိမ်းမည်ဟု ပြောကြားခဲ့ခြင်းမရှိ ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ 

Wednesday, June 27, 2018

မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်း စံချိန်တင်မြင့်တက်နေ


မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၄၀၀ ဝန်းကျင်အထိ မြင့်တက်လာတာကြောင့် စံချိန်တင်အနေအထားကို ရောက်ရှိနေပါတယ်။

Tuesday, June 26, 2018

အခြေခံပညာကျောင်းများတွင် ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ် စသည့်အားကစားနည်းများ လွယ်လင့်တကူကစားနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လုပ်ဆောင်မည်


အခြေခံပညာကျောင်းများတွင် ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘော၊ စားပွဲတင် တင်းနစ်စသည့် အားကစားနည်းများကို ကျောင်းသား ကျောင်းသူများ လွယ်လင့်တကူကစားနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဇွန် ၂၃ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ပြုလုပ်ခဲ့သည့် ‘၂၀၁၇ ခုနှစ် အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနား’ တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဧရာဝတီ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားဆဲဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား


ဧရာဝတီမြစ်ညာမြစ်ဝှမ်း လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာကို လွန်ခဲ့သည့် ငါးလခန့် ကတည်းက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားသည်။

မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရဲမှူးကြီးမြင့်ထွေး ပြောကြား


မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရှိ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိရေးအတွက် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဇွန် ၂၆ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော (၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲမှူး ကြီးမြင့်ထွေးက ပြောကြားသည်။

ရိုဟင်ဂျာဒုက္ခသည်အရေး ကုလငြိမ်းချမ်းရေးထိန်းတပ်အကြီးအကဲ ဘင်္ဂလားဒေ့ရှ်ကိုချီးကျူး


ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး ကူညီဖို့ ကုလသမဂ္ဂက အခိုင်အမာဆုံးဖြတ်ထားတဲ့အကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းတပ်လုပ်ငန်းစဉ်များဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Jean Pierre Lacroix က တနင်္ဂနွေညက ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတုန်းမှာ သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။

ပင်လယ်ထဲ ရက်များစွာမျောနေသည့် ဒုက္ခသည်သင်္ဘော အီတလီဆိပ်ကမ်းသို့ ဆိုက်ရောက်


ရွှေ့ပြောင်းဒုက္ခသည် ၁၀၀ ကျော်ကို တင်ဆောင်လာတဲ့ သင်္ဘောတစီးဟာ ပင်လယ်ထဲမှာ ရက်ပေါင်းများစွာ မျောနေပြီးနောက် ဇွန် ၂၆ ရက်နေ့က အီတလီနိုင်ငံ ပေါ့ဇာလိုဆိပ်ကမ်းကို ဆိုက်ရောက်လာပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံ သွားရောက်


အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်ဟာ ဇွန် ၂၆ ရက်နေ့ကစပြီး ၃ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။

မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးလောင်စာ ပြောင်းလဲအသုံးပြုမည့်အပေါ် ဒေသခံများ စိုးရိမ်မှု မြင့်တက်


ကရင်ပြည်နယ် မြိုင်ကလေး၊ အမှတ်(၂ )တန် ၄၀၀၀ ဘိလပ်မြေစက်ရုံကို သဘာဝဓာတ်ငွေ့လောင်စာသုံးစွဲ နေ ရာမှ ကျောက်မီးသွေးလောင်စာ ပြောင်းလဲသုံးစွဲရန် ပြင်ဆင်ဆောင်ရွက်နေသည့်အပေါ် စက်ရုံအနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများက  စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

မူးယစ်ဆေးဝါး အန္တရာယ်ကို မတိုက်ဖျက်နိုင်ပါက ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေ မတွေးဝံ့စရာ ဖြစ်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြော


မူးယစ်ဆေးဝါး အန္တရာယ်ကို မတိုက်ဖျက်နိုင်ပါက ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေ မှာ မတွေးဝံ့စရာ အခြေအနေ ဖြစ်သွားလိမ့်မည်ဟု နိုင်ငံတော်သမ္မတ က ဇွန်လ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

နစ်မြှပ်ခဲ့သည့် ခရီးသည်တင် သင်္ဘောရှာရန် အင်ဒိုနီးရှား နိုင်ငံတကာ အကူညီယူမည်


ပြီးခဲတဲ့ သီတင်းပတ်အတွင်းက Lake Toba ကန် အတွင်းနစ်မြှပ်ခဲ့တဲ့ခရီးသည်တင်သင်္ဘော အပျက်အစီးအပိုင်းစတွေကို ရှာနိုင်ဖို့ နိုင်ငံတကာ အကူညီလိုအပ်တယ်လို့ အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲက ပြောလိုက်ပါတယ်။

ဒေါ်လာ ၃၂၃ သန်းကျော်တန် သန်လျင်တံတားအမှတ် (၃) စီမံကိန်းကို လာမည့်နိုဝင်ဘာတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လဆန်း၌ ပြီးစီးရန်မျှော်မှန်း


ဒေါ်လာ ၃၂၃ သန်းကျော်တန် သန်လျင်တံတားအမှတ် (၃) စီမံကိန်းကို လာမည့်နိုဝင်ဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လဆန်း၌ပြီးစီးရန် မျှော်မှန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရ၏ ညွှန်ကြားချက်များကို မလိုက်နာသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည့် တောင်သမန်သစ္စာ စီမံကိန်းအား MIC က ခွင့်ပြုပေးခဲ့ပြီးနောက် မြေဧက ၄၀ ကျော်ပေါ်တွင် စီမံကိန်းလုပ်ငန်းများ ပြန်လည်အကောင်အထည်ဖော်


အစိုးရ၏ ညွှန်ကြားချက်များကို မလိုက်နာသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည့် တောင်သမန်သစ္စာ စီမံကိန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးခဲ့ပြီးနောက် မြေဧက ၄၀ ကျော်ပေါ်တွင် မြေဖို့ခြင်း လုပ်ငန်းများ စတင်လုပ်ဆောင်လျက်ရှိကြောင်း တောင်သမန်သစ္စာကုမ္ပဏီ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့်စပ်လျဉ်းပြီး သတင်းပေးတိုင်ကြားရန် မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာန ဖွဲ့စည်းပြီးတိုင်ကြားရမည့် ဖုန်း၊ အီးမေးလ်လိပ်စာကို နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်


မူးယစ်ဆေးဝါးနှင့်စပ်လျဉ်းပြီး သတင်းပေးတိုင်ကြားနိုင်မည့် မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွဲ့စည်းထားပြီးတိုင်ကြားရမည့်ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ အီးမေးလ်လိပ်စာများကို ဇွန် ၂၆ ရက်တွင် ထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် စုစုပေါင်းဒေါ်လာ ၂၈၈ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအ၀င် မြို့ကြီးအများအပြားတွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်းဒေါ်လာ ၂၈၈ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ရှောင် IDP စခန်းများမပိတ်ရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို


တိုင်းရင်းသားဒေသများတွင်ရှိသည့် စစ်ဘေးရှောင် IDP စခန်းများ ပိတ်သိမ်းမည့် အစိုးရအစီအစဉ်ကို ရပ်တန့်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က ထုတ်ပြန်လိုက်သည်။

မူးယစ်ဆေးဝါးကိစ္စ နိုင်ငံတော်သမ္မတရုံး တိုက်ရိုက်ကိုင်မည်


မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့က တိုက်ရိုက် ဖမ်းဆီးဖော်ထုတ်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

TNLA ၊ AA နှင့် MNDAA တို့ကို ၂၁ ပင်လုံအစည်းအဝေး ဖိတ်ကြားရန် အစိုးရနှင့်တပ်မတော်ကြား ညှိနှိုင်းသွားမည်


မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် တအာင်းလွတ်မြောက်ရေးအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအား တက်ရောက်ရန် ဖိတ်ကြားရေး အစိုးရနှင့် တပ်မတော်ကြားညှိနှိုင်းရဦးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

လူနည်းစုအခွင့်အရေးများနှင့် ကျားမတန်းတူရေးကိစ္စများ တတိယအကြိမ် ၂၁ ပင်လုံညီလာခံတွင် အလေးထားဆွေးနွေးမည်ဟုဆို


တတိယအကြိမ်မြောက် ၂၁ရာစု ပင်လုံညီလာခံ အစည်းအဝေးတွင် လူနည်းစု အခွင့်အရေးနှင့် ကျားမတန်းတူရေး ကိစ္စများကို နိုင်ငံရေးပိုင်းတွင်  အလေးထားပြီး ဆွေးနွေးသွားမည်ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

ဦးသိန်းစိန်လက်ထက်က စီးပွားရေးတိုးတက်ခဲ့သော်လည်း အများပိုင်ကုမ္ပဏီ ၂၀၀ ကျော်ထဲမှ အောင်မြင်သည့်တစ်ခုပြပါဟု မစ္စတာဆာ့ခ်ျပန်းပြော


သမ္မတဦးသိန်းစိန်လက်ထက်က စီးပွားရေးလုပ်ငန်းများတိုးတက်ခဲ့သည်မှာ ငြင်းစရာမလိုသောအချက်ဖြစ်သော်လည်း ယင်းကာလမှာပင် အများပိုင်ကုမ္ပဏီပေါင်း ၂၀၀ ကျော်ဖွဲ့ စည်းနိုင်ခဲ့သည့်အထဲမှ မည်သည့်ကုမ္ပဏီက အောင်မြင်ခဲ့ဖူးသနည်းဟု အိမ်ခြံမြေသူဌေးကြီး မစ္စတာ ဆာ့ခ်ျပန်းက မေးခွန်းထုတ်လိုက်သည်။ 

ဝန်ကြီးဟောင်း ဦးကျော်ဝင်း တာဝန်မှ ရပ်နားသည့်အချိန်မှစ၍ ဒုသမ္မတ(၁) နှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးရပ်နားထား


ဒုသမ္မတ(၁) ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးကို လစဉ်ပုံမှန်ပြုလုပ်သော်လည်း ယခုအခါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးကျော်ဝင်း တာဝန်မှ ရပ်နားသည့်အချိန်မှစ၍ အစည်းအဝေး ရပ်နားထားသည်မှာ နှစ်လရှိပြီဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ရုံးမှ သိရသည်။

ထိုင်းအထွေထွေ ရွေးကောက်ပွဲကို လာမည့်နှစ် မေလ ၅ ရက်နေ့ ကျင်းပမည်


ထိုင်းနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို လာမယ့်နှစ် မေလ ၅ ရက်နေ့မှာ ကျင်းပမယ်လို့ ဒုဝန်ကြီးချုပ် ဝီစနု ခရီယာငမ်က ဇွန် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

အိုင်စီအာစီအကြီးအကဲ ရခိုင်ပြည်နယ်ရောက်ရှိ


အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာစီ) ဥက္ကဋ္ဌ ပီတာမာယူရာ ဟာ ဒီကနေ့ မနက်ပိုင်းက Golden Myanmar လေကြောင်းလိုင်းနဲ့ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ရောက်ရှိလာပါတယ်။

Monday, June 25, 2018

ပြည်​တက္ကသိုလ်​​တွင် ကျောင်းသားသမဂ္ဂ ရွေး​ကောက်​ပွဲ ပထမဆုံးအကြိမ် ကျင်းပ


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် မဲပေးရွေးချယ်ရသည့် ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကို ပထမဆုံးအကြိမ်​အဖြစ်​ ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ပြည်​တက္ကသိုလ်​​ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ​ဟောင်း ကိုမြတ်​မင်းထက်​က ​ပြောကြားသည်​။

ဘဏ်အမျိုးအစား မတူသည့် MPU ကတ်အချင်းချင်း စာရင်းလွှဲသည့်စနစ် ဘဏ်အချို့ စတင်စမ်းသပ်


ဘဏ်အမျိုးအစားမတူသည့် MPU ကတ်အချင်းချင်း စာရင်းလွှဲပြောင်းနိုင်မည့်စနစ်ကို ပုဂ္ဂလိကဘဏ် သုံးခုခန့်က စတင်စမ်းသပ်နေပြီဖြစ်ကြောင်း Myanmar Payment Union အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

ဆယ်တန်းအမှတ် ၄၃၀ နှင့်အထက် ရသူများကို ပညာသင်ဆုပေးမည်

ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့်ရရှိသူများအနက် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးမှတ်နှင့်အထက်ရရှိပြီး စုစုပေါင်းရမှတ် ၄၃၀ နှင့်အထက် ရရှိသူများကို ပညာသင်ဆုပေးမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။

ကမ္ဘာ့လှည့်ခရီးသွားများအား ဆွဲဆောင်ရန် လက်ဘနွန်မြို့ က ရဲမေတွေကို အတိုအပြတ်ယူနီဖောင်း ပြောင်း


လက်ဘနွန်နိုင်ငံ၊ ဘာရန်မာနာမြို့တွင် ငယ်ရွယ်ပြီး ချောမောလှပသည့် ရဲမေလေးများက ဦးထုပ်အနီနှင့် အနက်ရောင် ဘောင်းဘီတိုလေးများ ၀တ်ဆင်ကာ ယာဉ်လမ်းကြော ရှင်းပေးနေကြသည်။     

အစိုးရ ဆန့်ကျင်ရေး အီရန်မှာ ဆန္ဒပြ


အီရန်နိုင်ငံရဲ့ ပိုပြီးတော့ဆိုးလာတဲ့ စီးပွားရေးအခြေအနေအပေါ် မကျေနပ်ကြတဲ့ အီရန်နိုင်ငံသား ရာပေါင်းများစွာဟာ တနင်္လာနေ့ က တီဟီရန်မြို့တော်မှာ စုဝေးဆန္ဒပြကြတာကြောင့် နှစ်ပေါင်းများစွာအတွင်း အီရန်အစိုးရဆန့်ကျင်ရေး အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်သွားပါတယ်။

ကျန်းမာရေးပိုမိုအားနည်းလာခြင်းကြောင့် ရခိုင်အရေးတွင် အနီးကပ်ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခံခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး အား နှုတ်ထွက်ခွင့်ပြု


ကျန်းမာရေးပိုမိုအားနည်းလာခြင်းကြောင့် ရခိုင်အရေးတွင် အနီးကပ်ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခံခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော အား မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၂၅ ရက် ရခိုင်ပြည်နယ်အတွင်း ARSA ဘင်္ဂါလီအကြမ်းဖက်အုပ်စု၏ အကြမ်းဖက်မှု ဖြစ်စဉ်များအပေါ်ကွပ်ကဲကြပ်မတ်မှု အားနည်းခြင်းအတွက် တပ်မတော်ပိုင်းဆိုင်ရာ အရေးယူမှုထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

မကွေးတိုင်းငဖဲမြို့နယ် မြစ်ဖျားကျေးရွာအုပ်စုရှိ ပန်းထိမ်းချောင်းကူးတံတား ရေနှင့်မျောပါပျက်စီးသွားသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ချောင်းကူးပြီး ကျောင်းတက်နေရ


မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မြစ်ဖျားကျေးရွာအုပ်စုရှိ ပန်းထိမ်းချောင်းကူးတံတား ရေနှင့်မျောပါပျက်စီးသွားသည့်အတွက် ကျောင်းသားကျောင်းသူများ ချောင်းကူးပြီး ကျောင်းတက်နေရကြောင်း၊ ချောင်းတစ်ဖက်နှင့်တစ်ဖက် သွားလာမှုခက်ခဲနေကြောင်း သိရသည်။

မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဒုတိယမြို့တော်ဝန် ထပ်မံ ခန့်အပ်သွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေကြမ်းတွင် ဖြည့်စွက်


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဒုတိယမြို့တော်ဝန် ထပ်မံ ခန့်အပ်သွားရန် ဇွန် ၂၅ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး (ရက် ၅၀ မြောက်နေ့) တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်အဆုံးအဖြတ် ရယူရာတွင် ဥပဒေကြမ်း၌ ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။