Friday, June 15, 2018

ဆုသုံးဆုကို သိမ်းပိုက်ပြီးပြန်လာရလို့ ဝမ်းသာပါတယ်ဆိုတဲ့ အလှမယ် ချစ်မြတ်နိုးထိုက်


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ Miss Jewel of The World 2018 ပြိုင်ပွဲကနေ ဆုသုံးဆုကို သိမ်းပိုက်ပြီး ပြန်လာရလို့ ဝမ်းသာပါတယ်လို့ အလှမယ် ချစ်မြတ်နိုးထိုက်က ဆိုပါတယ်။ 


အဆိုပါ ပြိုင်ပွဲကို မေလ ၁၆ ရက်မှ ၂၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အလှမယ် ချစ်မြတ်နိုးထိုက်က  Best Talent Award ၊ Darling of the Press နဲ့ Queen Universe of the Day  စတဲ့ ဆု ၃ ဆုရရှိခဲ့တယ်လို့ သိရပါတယ်။ 

“ ဒီပြိုင်ပွဲမှာ ဖိလစ်ပိုင်အလှမယ်နဲ့ ပူးတွဲလုပ်ဆောင်နိုင်တဲ့အပေါ် မီဒီယာတွေပေးတဲ့ဆု ၊ နောက် ဖိလစ်ပိုင်မှာ တစ်နှစ်တာပညာသင်ဆုရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်” လို့ ချစ်မြတ်နိုးထိုက်က ပြောပါတယ်။ 

အဆိုပါ ပြိုင်ပွဲမှာ ချစ်မြတ်နိုးထိုက်က မြန်မာ့ရိုးရာ ရုပ်သေးအက ကပြခဲ့ပြီး National Costume အနေနဲ့ အမရပူရခေတ် အိမ်ရှေ့စံရိုးရာဝတ်စုံနဲ့ ယှဉ်ပြိုင်ပြသခဲ့တယ်လို့ သိရပါတယ်။ 

“ နိုးကို သာသနာရေးနဲ့ ယဉ်ကျေးမှုဦးစီးဌာနက ဦးစီအရာရှိ ဒေါ်မြင့်မြင့်ဌေးက ရုပ်သေးအကကို သင်ကြားပေးခဲ့ပါတယ်။ တကယ်တမ်း မြေပြင်မှာပဲ ကပြခဲ့တာကတော့ ရုပ်ကြီးစင်နဲ့ ကပြဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ဆရာမ ဒေါ်မြင့်ဌေးနဲ့ ရန်ကုန်က ရွှေပန်းချီ ကျော်ကျော်လင်းက ပြိုင်ပွဲဝင်ဝတ်စုံတွေ ကူညီပေးပါတယ်” လို့ ချစ်မြတ်နိုးထိုက်က ပြောပါတယ်။ 

အဆိုပါ ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားသူမှာ အလှမယ် ပန်းသွေးဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ချစ်မြတ်နိုးထိုက်ကို လူစားလဲစေလွှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

Miss Jewel of The World 2018 ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားများ၊ သယံဇာတများအကြောင်း ဖော်ထုတ်ရတဲ့ ပွဲဖြစ်တယ်လို့ သိရပါတယ်။ 


အဝါရောင် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment