Tuesday, June 12, 2018

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံး ကျောင်းသားများကို ဂျပန်နိုင်ငံသို့ လေ့လာရေးစေလွှတ်မည်


၂၀၁၈ တက္ကသိုလ်ဝင် မေးပွဲတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံး ကျောင်းသား၊  ကျောင်း သူများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အလိုက် အမှတ်အများဆုံး ရရှိသူများအနက် ထူးချွန်သူများ  ရွေးချယ်ကာ လာမည့်အောက်တိုဘာတွင် ဂျပန်နိုင်ငံသို့ လေ့ လာရေးစေလွှတ်မည်ဟု မြန်မာ- ဂျပန်အသင်းက ကြေညာသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲ ဖြင့် အမှတ်အများဆုံးရရှိသူ ၁၀ ဦး၊ ၀ိဇ္ဇာ၊ ၀ိပ္ပံဘာသာတွဲများဖြင့် အမှတ်အများဆုံးရရှိသူ ၁၀ ဦး၊ နေပြည်တော်ကောင်စီနယ်မြေအ ပါအ၀င် တိုင်းဒေသကြီးနှင့် ပြည် နယ်အလိုက် အမှတ်အများဆုံး ရရှိသူ ၇၅ ဦးသည် လေ့လာရေး ခရီးစဉ်လိုက်ပါရန် အဆိုပြုလွှာ တင်သွင်းရမည် ဖြစ်သည်။

အဆိုပြုလွှာတင်သွင်းလာ သူများကို လူတွေ့စစ်ဆေးကာ အထူးချွန်ဆုံးသူများအား ရွေးချယ် မည်ဖြစ်ပြီး လေ့လာရေးခရီးစဉ် တွင် ပါဝင်ခွင့်ရမည့် ကျောင်းသား များ ဂျပန်နိုင်ငံသို့ ခုနစ်ညအိပ် ရှစ်ရက်ကြာ သွားရောက်ရမည် ဖြစ်သည်။

ထို့အပြင် ၎င်းတို့နှင့်အတူ ရန်ကုန်နိုင်ငံခြားဘာသာတက္က သိုလ်နှင့် မန္တလေးနိုင်ငံခြားဘာ သာတက္ကသိုလ် ဂျပန်ဘာသာ တတိယနှစ်မှ ထူးချွန်သူများအား ဂျပန်လေ့လာရေးခရီးစဉ် လိုက်ပါ ခွင့်ပြုမည် ဖြစ်သည်။

‘‘မြန်မာ-ဂျပန်ချစ်ကြည်မှု ကို ကျောင်းသားလူငယ်ချင်း ချစ် ခင်ရင်းနှီးမှုကနေ တိုးမြှင့်ပေးနိုင် ဖို့၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးရေးကို အထောက်အကူပြုနိုင် ဖို့နဲ့ ပညာရေးကဏ္ဍမှာ ဘက်စုံ ထူးချွန်တဲ့ လူငယ်တွေကို ရွေးပြီး ဂုဏ်ပြုလိုတာကြောင့် ဒီအစီအ စဉ်ကို လုပ်ပေးတာပါ’’ဟု မြန်မာ -ဂျပန်အသင်းရုံးအဖွဲ့မှူး ဦးနေ ၀င်းထက်က ပြောသည်။

ရွေးချယ်ရန် ပဏာမစာရင်း တွင် ပါဝင်သည့်ကျောင်းသားများ သည် ရန်ကုန်မြို့ရှိ မြန်မာ-ဂျပန် အသင်း(MJA) ရုံးခန်း၊ Shwe Zabu River View Complex 23.G-1, No.3B, Tower A&C, ပထမထပ်၊ ကမ်းနားလမ်း၊ အလုံ မြို့နယ်တွင် အဆိုပြုလွှာပုံစံများ  အခမဲ့ထုတ်ယူပြီး ဇူလိုင် ၁၀ ရက်အရောက် ပေးပို့ရမည် ဖြစ်သည်။

‘‘ပြီးခဲ့တဲ့နှစ်က ကျောင်း သား၊ ကျောင်းသူ ၁၆ ဦးကို လေ့ လာရေးခရီးပို့ပေးခဲ့တယ်။ ဒီနှစ် မှာတော့ တက္ကသိုလ်ဝင်တန်း အောင် ထူးချွန်ကျောင်းသားတွေ ပိုပြီးပါစေချင်တာကြောင့် ၁၈ ဦး ရွေးချယ်စေလွှတ်ဖို့ စီစဉ်ထားပါ တယ်’’ ဟု ဦးနေ၀င်းထက်က ဆို သည်။

 မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု ဂျပန်နိုင်ငံ လေ့လာရေးအစီအစဉ်ကို ၂၀၁၄ က စတင်ခဲ့ပြီး တက္ကသိုလ်ဝင်စာ မေးပွဲ ထူးချွန်စွာအောင်မြင်သူ များအား နှစ်စဉ် ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး  စေလွှတ်နေ သည်။

7Day

0 comments:

Post a Comment