Tuesday, June 12, 2018

၂၁ ရာစု ပင်လုံညီလာခံသည် နိုင်ငံရေးအရ ယှဉ်ပြိုင်ပွဲအဖြစ် အသုံးပြုရမည့်နေရာမဟုတ်ဟု ကေအင်န်ယူဥက္ကဋ္ဌပြော


ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ရာစုပင်လုံသည် နိုင်ငံရေးအရ ယှဉ်ပြိုင်ပွဲအဖြစ် အသုံးပြုရမည့်နေရာ မဟုတ်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST)အစည်း အဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်၌ ဇွန်လ ၁၁ ရက်က ကျင်းပရာ အစည်းအဝေးအဖွင့်တွင် PPST အဖွဲ့ခေါင်းဆောင် ကေအင်န်ယူ ဥက္ကဋ္ဌက ထိုသို့ပြောကြားသည်။

‘‘အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲပြုလုပ်ဖို့ အခက် အခဲရှိတဲ့ အဖွဲ့အစည်းများအနေ နဲ့လည်း အမှန်တကယ် ညီလာခံ ကျင်းပရေးဟာ ယုံကြည်မှုတည် ဆောက်ရေးအတွက် ဘယ် လောက်အထိ အထောက်အကူ ပြုမယ်ဆိုတာနဲ့ ချိန်ထိုးပြီး အကောင်းဆုံး ဘယ်လိုကျော် လွှားမယ်ဆိုတာကို ဝိုင်းဝန်း အဖြေရှာဖို့လိုပါတယ်။ ဒါကြောင့် ၂၁ ရာစုပင်လုံညီလာခံ အစည်း အဝေးက Stakeholders တွေ ကြားမှာ နိုင်ငံရေးအရ ယှဉ်ပြိုင်တဲ့ ပွဲအဖြစ် အသုံးပြုရမယ့်နေရာ မဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ချမှတ်အပ် တဲ့ မှတ်ကျောက်ဖြစ်ဖို့လိုပါတယ်’’ ဟု KNU ဥက္ကဋ္ဌက ပြောသည်။

NCA လက်မှတ်ထိုးထား သည့် ရှမ်းပြည်ပြန်လည်ထူ  ထောင်ရေး ကောင်စီ (RCSS) က ဦးဆောင် ကျင်းပမည့် ရှမ်းလူ မျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထု တွေ့ဆုံပွဲများကို တပ်မတော်က တားဆီးခဲ့မှုကြောင့် လင်းခေးမြို့ တွင် ကျင်းပရန် သတ်မှတ်ထား သည့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့် အစီအစဉ်ကို RCSS က ဆိုင်း ငံ့ထားသည်။ ထို့ကြောင့် ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး သတ်မှတ်ချိန်အတိုင်း ကျင်းပရေး ကို နှောင့်နှေးစေခဲ့သည်။

တစ်နှစ်ကျော် မပြုလုပ်နိုင် သေးသည့် ၂၁ ရာစုပင်လုံ ညီ လာခံကို ယခု ဇွန်လကုန်တွင် ကျင်းပရန် အစိုးရက အဆိုပြု ထားပြီး အပစ်ရပ်အဖွဲ့များက ဇူလိုင် ဒုတိယပတ်အတွင်း ကျင်း ပရန် အဆိုပြုထားရာ ယခု PPST အစည်းအဝေးတွင် ဆုံးဖြတ်မည် ဖြစ်သည်။

‘‘အောင်မြင်တဲ့ ငြိမ်းချမ်းရေး ညီလာခံဆိုတာ ခမ်းနားထည်ဝါ စွာ အပေါ်ယံပြုလုပ်တဲ့ အသွင် ထက် အနှစ်သာရရှိတဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အ ခြေခံရလဒ်တွေ ရနိုင်ရဲ့လားဆို တာနဲ့ တိုင်းတာရမှာဖြစ်ပါတယ်’’ ဟု KNU ဥက္ကဋ္ဌကဆိုသည်။

အခြားတစ်ဖက်တွင် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် တိုးတက် နိုင်ရေး ကြိုးစားမှုများ ဆက်လက် ဆောင်ရွက်ရမည်ဟု ၎င်းကဆို သည်။ တည်ငြိမ်အေးချမ်းပြီးမျှော်လင့်ချက်ပေးနိုင်သော အနာဂတ် ဖန်တီးနိုင်ရန် အားလုံးတွင် တာ ဝန်ရှိပြီး NCA အရ ဖြစ်ပေါ်လာ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင်လည်း အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်း၊ ညှိနှိုင်းခြင်း နည်းလမ်းကို အသုံးပြုရန် KNU ဥက္ကဋ္ဌကတိုက်တွန်းသည်။

NCA အကောင်အထည် ဖော်ရာတွင် အထင်ရှားဆုံးဖြစ် သည့် ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေး၌ ရလဒ်ကောင်းများ ရရှိရမည်ဟူ သည့် မျှော်မှန်းချက်ထားရန် လို အပ်ကြောင်း ၎င်းကပြောသည်။

NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင် ၁၀ ဖွဲ့မှ ခေါင်းဆောင် ကိုယ် စားလှယ်များ တက်ရောက်သည့် ယခု PPST အစည်းအဝေးတွင် အစိုးရနှင့် အပစ်ရပ်အဖွဲ့များအ ကြား အလွတ်သဘောဆွေးနွေးခဲ့ သည့် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင် ရာ သဘောထားစုစည်းချက်များ အပေါ် ပြန်လည်သုံးသပ်မည်ဖြစ် သည်။

ယခု အစည်းအဝေးဆုံးဖြတ် မှုအပေါ်မူတည်ပြီး ၂၁ ရာစုပင် လုံ တတိယအစည်းအဝေးကို ဇွန်လကုန် (သို့မဟုတ်) ဇူလိုင်လ အတွင်း ကျင်းပနိုင်မည်ဖြစ်သည်။

7Day

0 comments:

Post a Comment