Tuesday, June 12, 2018

ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက တယ်လီဖုန်းခေါ်ဆိုပြောကြား


ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအရေး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က လတ်တလော အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်စ်ဂျွန်ဆင်က ဇွန်လ ၁၁ ရက်နေ့က  ဆက်သွယ်ပြောဆိုခဲ့တယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ထားပါတယ်။


ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို အလေးအနက် ဆက်လက်စိတ်ပူနေတယ်လို့ ထပ်လောင်းပြောဆိုပြီး၊ ရခိုင်ပြည်နယ်က လူ့အသိုက်အ၀န်းတွေနဲ့အတူ လိုအပ်နေတဲ့ ခေါင်းဆောင်မှုကို ပြပါလို့ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေပြန်လာဖို့ လုပ်ငန်းစဉ်ကို ကုလသမဂ္ဂရဲ့ ပါဝင်ကြီးကြပ် ဆောင်ရွက်မှုကို ခွင့်ပြုပေးတဲ့ နားလည်မှုစာချွန်လွှာမှာ မြန်မာအစိုးရရဲ့ သဘောတူလက်မှတ် ရေးထိုးမှုကို ကြိုဆိုပါကြောင်းနဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းဖို့ မြန်မာအစိုးရရဲ့ ကြေညာချက်ကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- Getty Images
DVB

0 comments:

Post a Comment